အိမ်က မီးဖိုချောင်ထဲမှာ ရှိတဲ့ မန်ကျည်းသီးကို ဒီအတိုင်းမထားပဲနဲ့ အသားအရေအတွက် လှပအောင် အသားအရေ ဖြူဝင်းစေမယ့် မန်ကျည်းသီး Scrub ကို အိမ်မှာ အလွယ်တကူပဲ စမ်းကြည့်ကြရအောင်။
မန်ကျည်းသီးက အင်တီအောက်ဆီးဒင့်ဓာတ်နဲ့ ဗီတာမင် C, A တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မန်ကျည်းသီးကို အရေပြားမှာ လိမ်းကြည့်ရင် အသားအရေ ဝင်းလက်စေပြီး အမဲစက်တေ ွပျောက်ကင်းစေပါတယ်။ ဒါ့အပြင် အညစ်အကြေးနဲ့ ဆဲလ်အသေတွေကိုလည်း ပျောက်ကင်းစေပါတယ်။
နနွင်းနဲ့ မန်ကျည်းသီးရောပြီး လုပ်ထားတဲ့ Scrub က အဆီပြန်ပြီး ဝက်ခြံများတဲ့ အရေပြားအတွက် သင့်လျော်ပါတယ်။ ဒါပေမယ့် Shaving (အမွေးရိတ်ခြင်း) သို့မဟုတ် Waxing (ဖယောင်းဖြင့် အမွေးချွတ်ခြင်း) တို့ ပြုလုပ်ပြီးတဲ့ အရေပြားပေါ် လိမ်းတဲ့ရင် ဓာတ်မတည့်တာနဲ့ ယားယံတာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် ချက်ချင်း မလိမ်းမိဖို့ သတိပြုပါ။
မန်ကျည်းသီး Scrub လုပ်လို့ရတဲ့ နည်းလမ်းတွေ ရေးသား ဖော်ပြသွားပါမယ်။
ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံ အဆင့်ဆင့်
– မန်ကျည်းသီး
– နနွင်းနဲ့ သကြား
မန်ကျည်းသီးကို ဒီအတိုင်းမျက်နှာမှာ လိမ်းတဲ့အခါ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်တဲ့အတွက် အရင်ဆုံးရေနွေးနဲ့ ပြုတ်ပါ။ ပြီးမှ အနှစ်ကို နနွင်းနဲ့ရောပါ။
သကြား (သို့မဟုတ်) Scrub Salt နဲ့ ရောနှောပြီး ရလာတဲ့ အနှစ်ကို မျက်နှာနဲ့ ခန္ဓာကိုယ်မှာ လိမ်းကြည့်ပါ။ နာရီဝက်ခန့် ထားပြီး ရေဆေးချတဲ့အခါ သိသိသာသာ ဝင်းလက်လာတဲ့ အရေပြားကို တွေ့ရမှာပါ။ ဒီလို Scrub လုပ်တာကို တပတ် တကြိမ်လောက် လုပ်ပါ။ ကြာတဲ့အခါ သူများနဲ့မတူ လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပြီမှာပါ။
Ref : babitajaishankar.com