Trend

ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်များအတွက် အသားအရေ ထိန်းသိမ်းနည်းများ

Want create site? Find Free WordPress Themes and plugins.

မျက်နှာအသားအရေ ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ မိမိအသားအရေဟာ ဘယ်အသားအရေ အမျိုးအစားထဲမှာ ပါဝင်လဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

မျက်နှာရဲ့ T zone နေရာတဝိုက်မှာ အများအားဖြင့် ခြောက်သွေ့ပြီး အဖြူဖတ်များ မကြာခဏ ကွာကျတတ်တဲ့ အသားအရေ ဆိုရင် ဒါဟာ ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားဖြစ်ပြီး ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေ ပြုလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို ရေးသား ဖော်ပြလိုက်ပါတယ်။

(၁) သံလွင်ဆီဟာ Antioxidant ကြွယ်ဝတာကြောင့် ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်တွေနဲ့ အထူးပဲ သင့်တော် လှပါတယ်။ ရေမချိုးခင် သံလွင်ဆီကို ခန္ဓာကိုယ် အသားအရေအနှံ့ လိမ်းကျံပေးခြင်းက ခြောက်သွေ့နေတဲ့ အသားအရေ တွေကို ချောမွေ့ကြည်လင်စေမှာ ဖြစ်ပါတယ်။ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၊ သကြား လက်ဖက်ရည်ဇွန်း ၄ ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောစပ်ပြီး Scrub လုပ်ပေးခြင်းကလည်း ခြောက်သွေ့တဲ့ အသားအရေကို စိုပြည်စေမှာ ဖြစ်ပါတယ်။

(၂) နွားနို့ကို အသားအရေ ထိန်းသိမ်းတဲ့ နေရာမှာ အသုံးပြုခဲ့ကြတာဟာ ရှေးခေတ်ကတည်းက ဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့ ကြမ်းတမ်းနေသူတွေအနေနဲ့ နွားနို့နဲ့ မျက်နှာသစ်ခြင်းကို ပုံမှန်ပြုလုပ်ပေးခြင်း အားဖြင့် ထူးခြားတဲ့ ရလဒ် ကောင်းတွေ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၃) ပျားရည်ဟာ အသားအရေကို အစိုဓာတ် ဖြည့်တင်းပေးနိုင်တဲ့ သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ ပျားရည်ဟာ ခြောက်သွေ့ပျက်စီးနေတဲ့ အသားအရေတွေကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိရှိတာကြောင့် မျက်နှာအသားအရေပေါ်မှာ ပျားရည် သုတ်လိမ်းပေးပြီး နှိပ်နယ်ပေးခြင်းအားဖြင့် ကျန်းမာစိုပြည်တဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။

(၄) ဒိန်ချဉ်ဟာ အသားအရေ ခြောက်သွေ့ပြီး ယားယံခြင်းကို ပျောက်ကင်းစေနိုင်တာကြောင့် ဒိန်ချဉ်နဲ့ ပျားရည် အနည်းငယ်ကို ရောစပ်ပြီး ခြောက်သွေ့ ကြမ်းတမ်းနေတဲ့ အသားအရေပေါ်မှာ လိမ်းပေးနိုင်ပါတယ်။

(၅) ထောပတ်သီးမှာ ဗီတာမင်အေနဲ့ Fatty အက်ဆစ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို အစိုဓာတ် အပြည့်အဝ ဖြည့်တင်းပေးနိုင်ပါတယ်။ ထောပတ်သီးကို ကြိတ်ချေပြီး ပျားရည် အနည်းငယ်နဲ့ ရောစပ်ကာ လိမ်းကျံပေးခြင်းအားဖြင့် အချိန် အတော်ကြာတဲ့အထိ အသားအရေကို စိုပြည်စေမှာ ဖြစ်ပါတယ်။

Ref ; www.ba-bamail.com

Did you find apk for android? You can find new Free Android Games and apps.
Loading