အမျိုးသားလိင်အင်္ဂါနဲ့ ဆင်တူတဲ့ ပင်လယ်သန်ကောင် ထောင်ပေါင်းများစွာဟာ ကယ်လီဖိုးနီးယားကမ်းခြေမှာ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
“Penis Fish” လို့ ခေါ်တဲ့ အဲဒီသန်ကောင်တွေဟာ ပင်လယ်သဲသောင်အောက်မှာ လှိုဏ်ပုံစံတူးပြီး နေတတ်ကြပေမယ့် မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းကြောင့် သဲသောင်တွေ တိုက်စားခံရပြီး အခုလို ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။
မကြာသေးခင်က ကယ်လီဖိုးနီးယား ကမ်းခြေမှာ မြောက်ပိုင်းဆောင်းမုန်တိုင်း ဝင်ရောက်ပြီးနောက် အမျိုးသားလိင်အင်္ဂါနဲ့ ဆင်တူပြီး ပန်းရောင်ရှိတဲ့ Penis Fish ထောင်ပေါင်းများစွာဟာ ဆန်ဖရန်စစ္စကိုရဲ့ မြောက်ဘက်မိုင် ၅၀ အကွာက ကမ်းခြေတခုလုံးမှာ ပေါ်ထွက်လာတာဖြစ်တယ်လို့ Bay Nature မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ ပင်လယ်သန်ကောင် မျိုးစိတ်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ကမ္ဘာပေါ်မှာ တည်ရှိပြီး ဖြစ်ပေမယ့် တွေ့ရှိတာတော့ သိပ်မကြာသေးပါဘူး။ အာရှနိုင်ငံ အချို့မှာ Penis Fish လို့ ခေါ်တဲ့ ၁၀ လက်မအရွယ် ထုလုံးရှည်သဏ္ဍာန် ပင်လယ်သန်ကောင်တွေကို စားသုံးမှုတွေ ရှိပါတယ်။
Ref. CNN