• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုင်းဥပဒေချုပ်ဟောင်း အမှု ပထမ သတင်းပေး တိုင်ချက်ကို သက်သေခံအဖြစ် လက်ခံ

by ဇူးဇူး
26 October 2018
in သတင်း
A A
ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၅ ဦးကို အောက်တိုဘာ ၅ ရက်က ရုံးထုတ်စဉ် / မျိုးမင်းစိုး / ဧရာဝတီ

ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၅ ဦးကို အောက်တိုဘာ ၅ ရက်က ရုံးထုတ်စဉ် / မျိုးမင်းစိုး / ဧရာဝတီ

16.6k
VIEWS
Share on FacebookShare on Twitter

အောင်ရဲထွေး အမှုနှင့် ပတ်သက်၍ တိုင်းဥပဒေချုပ်ဟောင်းအား အဂတိ လိုက်စားသည်ဟု စွဲဆိုထားသည့် အမှုတွင် ပထမ သတင်းပေး တိုင်ချက်ကို သက်သေခံ အဖြစ် လက်ခံကြောင်း အမိန့်ချမှတ် လိုက်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၆ ဦးကို အောက်တိုဘာ ၂၆ ရက် တိုင်း တရား လွှတ်တော်တွင် ရုံးထုတ် စစ်ဆေးရာ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်၊ တရားခွင်(၄) အမှုစစ် တရား သူကြီး ဒေါ်စိုးစိုးအောင်က ယင်းကဲ့သို့ အမိန့်ချခြင်း ဖြစ်သည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
81
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
120
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
111

ပထမဆုံး ရုံးချိန်း၌ တရားလို ဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးမိုးနိုင်က သက်သေခံ အဖြစ် တင်သွင်းခဲ့သည့် ပထမ သတင်းပေး တိုင်ချက်နှင့် ပတ်သက်၍ စွပ်စွဲခံရသူများ၏ အကျိုးဆောင် ရှေ့နေများက ကန့် ကွက်ခဲ့ကြကာ အောက်တိုဘာ ၁၂ ရက် ရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲချက်များ ပေးပြီးနောက် ယနေ့ တရားရုံးက အမိန့် ချမှတ် လိုက်ခြင်းလည်း ဖြစ်သည်။

စွပ်စွဲခံရသူ ရဲအုပ် ချစ်ကိုကို၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးသန်းအောင်က“ကျနော်တို့က ကန့်ကွက် လျှောက် လဲချက်တွေ လုပ်တယ်။ သို့သော်လည်း ဒီတိုင်စာကို သက်သေခံ အဖြစ် လက်ခံကြောင်း ဒီနေ့ အမိန့်ချပါတယ်” ဟု တရားခွင် အပြီး မီဒီယာများကို ပြောသည်။

ဆက်လက်၍ ၎င်းက တရားသူကြီး အနေဖြင့် မည်သို့သော ဥပဒေ အချက်အလက်၊ သုံးသပ်ချက်များဖြင့် အမိန့် ချမှတ် သည်ကိုမူ သုံးသပ် တင်ပြသွားသည့် အချက်အလက် အလွန်များသဖြင့် သေချာဖတ်ပြီးမှသာ အသေးစိတ် ပြောဆိုနိုင် မည်ဟု ဆိုသည်။

ရှေ့နေ ဦးသန်းအောင်က “တိုင်စာသည် အမှုအတွက်တော့ အရေးကြီးပါတယ်။ သို့သော်လည်း တိုင်စာရဲ့ အနေအထားနဲ့ အမှုသည် အပေါ်မှာ အပြစ်ပေးလို့ မရသေးပါဘူး။ စစ်ဆေးတဲ့ အပေါ်မှာ သုံးသပ် ဆုံးဖြတ်ပြီးမှ အပြစ်ပေးရမှာပါ”ဟု ပြော သည်။

ယခု အမှုသည် စုံစမ်း စစ်ဆေးရေး ကော်မတီက စစ်ဆေးပြီးမှ အမှုကို ရေးဖွင့်သည့် တိုင်ချက် ဖြစ်ရာ သက်သေခံ ဥပဒေ ပုဒ်မ ၂၅၊ ၂၆ အရလည်းကောင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၆၂ အရလည်းကောင်း၊ ပထမ သတင်းပေးချက် ရာဇဝတ် ကျင့်ထုံး ပုဒ်မ ၁၅၄ အရ လည်းကောင်း ကန့်ကွက်ရခြင်း ဖြစ်ကြောင်း စွပ်စွဲခံရသူ ရှေ့နေများက လျှောက်လဲ ချက် ပေးခဲ့ကြသည်။

ယင်းကဲ့သို့ စွပ်စွဲခံရသူများ၏ လျှောက်လဲချက် အပေါ် တရားလို၏ အကျိုးဆောင် ဥပဒေ အရာရှိကလည်း ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသည် အထူး ဥပဒေ ဖြစ်သည့် အတွက် လက်ခံသင့်ကြောင်း ကိုးကား လျှောက် လဲ သွားခဲ့သည်။

ယနေ့ တရားသူကြီးက အမိန့်ချမှတ်ရာတွင်လည်း အထက်ပါ အချက် တချက်ချင်းစီတိုင်းကို ဥပဒေ အကိုးအကားများဖြင့် သုံးသပ် တင်ပြသွားသကဲ့သို့ သက်သေခံ တင်သွင်းသည့် ပထမ သတင်းပေး တိုင်ချက်သည် စွပ်စွဲခံရသူများ အပေါ် ပြစ်မှု ထင်ရှား စီရင်နိုင်သည့် သက်သေခံ မဖြစ်ဟူသည့် အချက်ကိုလည်း ထည့်သွင်း ဖတ်ကြားသွားသည်။

ဦးသန်းအောင်က“သက်သေခံ လက်ခံတဲ့ အတွက် အမှုက ဆက်လက် စစ်ဆေးသွားမယ်။ တရားလို ဆက်စစ်မယ်။ တရားလိုဘက်က တင်သွင်းစရာ ရှိတဲ့ စာရွက်စာတမ်းတွေ တင်သွင်းမယ်။ ကျနော်တို့ဘက်က တရားလိုရဲ့ ထွက်ဆိုချက် တွေပြီးမှ ပြန်လှန် မေးခွန်းတွေ မေးရမှာ”ဟု ရှင်းပြသည်။

အောင်ရဲထွေး သေဆုံးမှုတွင် တရားရေး အရ ပြည့်စုံစွာ သုံးသပ် စိစစ်ခြင်း မရှိဘဲ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူကာ အမှုကို ရုပ်သိမ်းခွင့်ပြုပြီး သံသယ တရားခံများအား လွှတ်ပေးသည် ဟု ဆိုကာ တိုင်းဥပဒေချုပ်ဟောင်း အပါအဝင် ၆ ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အောက်တိုဘာ ၉ ရက်က သုဝဏ္ဏ နယ်မြေ ရဲစခန်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုခံရသူများမှာ တိုင်းဥပဒေချုပ်(ဟောင်း) ဦးဟန်ထူး၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်း ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒု-ခရိုင် ဥပဒေ အရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု-ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရွှေပေါက္ကံနယ် မြေစခန်း မှူး (ယခင် သုဝဏ္ဏ နယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို တို့ ဖြစ်သည်။

ရန်ကုန်တိုင်း တရားလွှတ်တော်၏ ရာဇဝတ်ကြီး အမှုအမှတ် ၆/၂၀၁၈ (ဒေါ်သစ်သစ်ခင်ပါ ၅ ဦး) အမှုကို လာမည့် နိုဝင်ဘာ ၂ ရက်တွင် လည်းကောင်း၊ ၅/၂၀၁၈ (စွပ်စွဲခံရသူ ဦးချစ်ကိုကို)အမှုကို နိုဝင်ဘာ ၆ ရက်တွင် လည်းကောင်း ရုံးချိန်း ပြန် လည် ချိန်းဆိုထားပြီး ယင်းနေ့ ရုံးချိန်းတွင် တရားလိုကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရာဇဝတ်ကြီး အမှု အမှတ် ၅/၂၀၁၈ တွင် တရားလိုပြ သက်သေ ၁၈ ဦး၊ ၆/၂၀၁၈ တွင် တရားလိုပြ သက်သေ ၃၉ ဦး တင်ထားကြောင်းလည်း သိရသည်။

Your Thoughts …
Tags: တိုင်းဥပဒေချုပ်ဟောင်း အမှု
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၅ ဦးကို အောက်တိုဘာ ၅ ရက်က ရုံးထုတ်စဉ်  / မျိုးမင်းစိုး / ဧရာဝတီ

တရားလိုထွက်ချက်အား ဥပဒေနှင့်မညီဟု ကန့်ကွက်မှု၊ တရားရုံး လက်မခံ

by ဇူးဇူး
16 November 2018
22.6k

နိုဝင်ဘာ ၂ ရက် ရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မ ရှင် စစ်ဆေးရေးမှူး ဦးမိုးနိုင်၏ ထွက်ဆိုချက်အပေါ် စွပ်စွဲခံရသူ၏ အကျိုးဆောင်ရှေ့နေများက ကန့် ကွက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၉ ရက် ရုံးချိန်းတွင်...

Next Post
ဒေါ်အောင်ဆန်းစုကြည်၏ ကန်ပက်လက် ခရီးစဉ်တွင် ဒေသခံများနှင့် အတူ တွေ့ရစဉ် / Than Win Naing / FB

ဒေါ်အောင်ဆန်းစုကြည် ကန်ပက်လက် ခရီးစဉ်၌ တင်ပြချက်များကို ဆောင်ရွက်ပေးမည် ဟုဆို

ဂူအောင်းရာမှ ထွက်လာသည့် မိုင်းဖုန်းဆရာတော်  / ကျော်ခ / ဧရာဝတီ

မိုင်းဖုန်းဆရာတော် ဂူထွက်တဲ့နေ့

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate