ထိုင်းစစ်တပ်အနေနဲ့ လာမည့်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလာဒ်ကို လေးစားမှာဖြစ်ပြီး၊ နောက်ထပ် အာဏာသိမ်းမှုပြုလုပ် မှာမဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermchai Sitthisat က မီဒီယာနဲ့တွေ့ဆုံရာမှပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ အတိတ်က သင်ခန်းစာတွေကို သင်ယူခဲ့ရပြီးပါပြီ၊ အာဏာသိမ်းမှုတွေဖြစ်လာမှာ မဟုတ် ဖူးဆိုတာကို ကျနော်အတည်ပြုနိုင်ပါတယ်၊ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ လူတိုင်းဟာ ဥပဒေကို လေးစားလိုက်နာရမှာဖြစ်သလို၊ စစ်တပ်အနေနဲ့လည်း ရလာဒ်ကို ပယ်ဖျက်မှာမဟုတ်ပါဘူး” လို့ ဗိုလ်ချုပ်ကြီး Chalermchai Sitthisat က ပြောလိုက် ခြင်းဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မေလ ၂၂ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ပရာယွဒ်ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းစစ်တပ်ဟာ ရွေးကောက်ခံဝန်ကြီးချုပ် ယင့်လတ်ရှင်နာဝပ်ထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် ၂၀၁၆ခုနှစ်သြဂုတ်လ အတွင်မှာ ဖွဲ့စည်းပုံအခြေခံမူကြမ်းကို လူထုဆန္ဒခံယူပြီး အတည်ပြုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၂၀၁၇ခုနှစ်နှောင်းပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောဆိုမှုတွေရှိနေပေ မယ့်၊ ထိုင်းအစိုးရအဖွဲ့ဝင်တချို့ကတော့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေတချို့ ပြဌာန်းဖို့ လိုအပ်နေတဲ့အတွက် ရွေးကောက်ပွဲကို ၂၀၁၈ခုနှစ်မှ ကျင်းပနိုင်လိမ့်မယ်လို့ ဆိုနေပါတယ်။