ယမန်နေ့က ဆူးလေးမှာ တပ်မတော်ထောက်ခံကြောင်း ဆန္ဒပြကြသူတွေထဲက အချို့ဟာ လမ်းဘေးမှာ ဈေး ရောင်းနေသူတွေရဲ့ ရေနဲ့အအေးဗူးတွေကို တားဆီးတဲ့ကြားကပဲ လုယက်ယူဆောင်ခဲ့ကြပြီး ပစ္စည်းတွေ ထည့် ထားတဲ့ပုံးတွေကိုလည်း ကန်ကျောက်ခဲ့ကြပါတယ်။
ဒီလိုလုယက်ယူဆောင်မှုကြောင့် ကျပ် ၅ သောင်း ဝန်းကျင်ဆုံးရှုံးခဲ့ကြပြီး လုယက်ချိန်မှာလည်း ပြည်သူတဦးကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သူတို့ရဲ့ မျက်မြင်တွေ့ရှိချက်တွေကို ပြောပြခဲ့ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဧရာဝတီ