တရုတ်ခရီးစဉ်က ပြန်လာပြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန်ပို့စ် သတင်းစာကြီးနဲ့ တယ်လီ ဖုန်းကနေ ဆက်သွယ်ပြောဆိုလိုက်တဲ့ အင်တာဗျူးမှာတော့ သူမရဲ့ တရုတ်ပြည် ခရီးစဉ်မှာ ဆွေးနွေး တွေ့ဆုံပွဲတွေဟာ ကောင်းမွန်တဲ့အကြောင်း၊ တရုတ် နဲ့ မြန်မာဟာ အိမ်နီချင်းတွေ ဖြစ်တဲ့ အတွက် ငြိမ်းငြိမ်း ချမ်းချမ်း နဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ဖို့ လိုတယ်ဆိုတာကို နားလည်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် သူမနဲ့ တရုတ်ခေါင်းဆောင်တွေအကြား ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာကိုတော့ မပြော နိုင်ကြောင်း၊ ဒါတွေဟာ သီးသန့် ဆွေနွေးခဲ့တာတွေ ဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကြီးကို ပြောခဲ့ ပါတယ်။
မြန်မာပြည် အကြောင်းနဲ့ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲအကြောင်းကို မေးတဲ့အခါမှာတော့ မြန်မာ ပြည်ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ကာလကို ရောက်လာပြီ ဖြစ်တဲ့အကြောင်း၊ ဒီအခြေခံဥပ ဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်ပေါ်မှာတော့ သူမအနေနဲ့ တွက်ချက်စဉ်းစားထားတာတွေ လုပ်မနေ ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒီ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ထင်မြင်မိ ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကြီးကို ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရအပေါ်မှာ သူမရဲ့ အမြင်ကို ပြောခဲ့ရာမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမူတွေ ညှိနှိုင်း မူတွေ လုပ်မယ်လို့ မျှော်လင့်မိခဲ့ကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီ အသွင်ပြောင်းလဲရေးဟာ အစစ်အမှန် ဖြစ်တယ် ဆိုတာကို ပြသဖို့ လိုတဲ့အကြောင်း၊ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ထင်ရှားလာတာ ကတော့ အစိုးရ ဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာမူကို စိတ်မဝင်စားဘူးလို့ သူမ နားလည်လာတဲ့ အကြောင်း ပြောဆိုခဲ့ ပါတယ်။
ဒါ့အပြင် တိုင်းပြည်မှာ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး (reform) ဆိုတာဟာလည်း တံလျှပ်ကို ရေထင် သလိုမျိုး နောက်ဆုံးတော့ ဒါဟာ လုံးဝအတုအယောင်ပဲ ဆိုတာမျိုး ဖြစ်သွားမှာကို အရမ်း စိုးရိမ်ကြောင်း ဝါရှင်တန်ဒီစီ အခြေစိုက် သတင်းစာကြီးကို တယ်လီဖုန်းကတဆင့် ပြောဆိုခဲ့ပါတယ်။