အခု ပြောပြမယ့် မော်ဒယ်ကတော့ နိုင်ငံတကာ အဆင့်မြင့် ဇိမ်ခံပြိုင်ကားဈေးကွက်မှာရော နာမည်ကြီး ကားပြိုင်ပွဲတွေမှာပါ အောင်မြင်မှုရနေတဲ့ မော်ဒယ် McLaren 570S အကြောင်းပဲ ဖြစ်ပါတယ်။
ပြည်တွင်းမှာတော့ McLaren အစီးရေ အနည်းငယ်လောက်ပဲ ရှိမှာ ဖြစ်ပြီး အိမ်စီးမော်ဒယ်လည်း မဟုတ်၊ လက်ရှိ ပြည် တွင်းမှာလည်း ဈေးကွက်ဝင်နေတဲ့ မော်ဒယ် မဟုတ်လို့ စိတ်တော့မခုကြပါနဲ့။
ကျနော်က အခု မော်ဒယ်အကြောင်းကို ပြောရင်း နာမည်ကြီးပြိုင်ကားတွေအကြောင်း သိထားရအောင် ဗဟုသုတပေးဖို့ ရေးပေးလိုက်တာပါ။
တံခါးနှစ်ပေါက်စနစ်နဲ့ မော်ဒယ်၊ Supercar တန်းဝင်အဖြစ် သတ်မှတ်နိုင်တယ်၊ ဒီနေ့ ဈေးကွက်ဝင် ပြိုင်ကားတွေထဲမှာ က မ္ဘာ့အမြန်ဆုံး စာရင်းဝင် မော်ဒယ်တခု၊ ကိုယ်ထည်သေးငယ် ကျစ်လစ်တယ်၊ တပ်ဆင်ထားတဲ့ Twin-Turbo စနစ်နဲ့ V8 အင်ဂျင်က စွမ်းအင်ထုတ်လုပ်ပေးနိုင်မှုထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်တယ်။
Dual-Clutch စနစ်နဲ့ ဖန်တီးထားပြီး ဂီယာချက် ၇ ချက်ထိအောင် သုံးနိုင်မယ်၊ တချို့က ဇိမ်ခံမော်ဒယ်ဆိုရင် Auto မှ သ ဘောကျတယ်၊ အကြောင်းက မောင်းနှင်ရလွယ်ပြီး clutch စနစ် သုံးစရာ မလိုအပ်လို့၊ တချို့က ကားမောင်းတဲ့ အရသာ စစ်စစ် လိုချင်လို့ Manual စနစ်နဲ့ မော်ဒယ်ကိုမှ သဘောကျတယ်။
အခု Dual-clutch စနစ်ကတော့ အလယ်အလတ်ကျကျ နှစ်မျိုးသုံးစနစ် ဖြစ်လို့ အကောင်းဆုံးပါပဲ။ လက်ကိုင်ပိုင်း အထူး ပေါ့ပါးတယ်။ တည်ငြိမ်မှု အပြည့်ရှိတယ်၊ ပြီးတော့ မောင်းနှင်ရမှု အပိုင်းမှာ အများစုသော Supercar တွေက ချက်ချင်း အသားကျဖို့ ခက်ကြတယ်။
အကြောင်းကတော့ နည်းပညာ ထည့်သွင်းပါရှိမှု၊ မော်ဒယ်ရဲ့စွမ်းဆောင်ရည်နဲ့ မောင်းနှင်သူနဲ့ အသားကျမှုတွေကြောင့်ပါ။ အခုတော့ မော်ဒယ်က မောင်းနှင်ရလွယ်၊ နည်းပညာတွေ သုံးရလွယ်ပြီး ချက်ချင်း အသားကျ မောင်းနှင်လို့ ကောင်းစေ မယ့်မော်ဒယ်ပါ။
Touch စနစ်နဲ့ သွားတဲ့ ထိန်းချုပ်မျက်နှာပြင်စနစ်က နည်းနည်း သေးချင်နေပါတယ်။ ကံကောင်းတာ တခုက အဆိုပါစနစ် ကို လဲလှယ်နိုင်ပါတယ်။ Dashboard ပိုင်း ပြန်ထွင်ထည့်ရမှာ ဖြစ်လို့ နဂိုစနစ်လောက် ကြည့်မကောင်းပေမယ့် သင့်စိတ် ကြိုက်ပြင်လို့ရမယ့် အနေအထားပါ။
မော်ဒယ်မှာ သဘောမကျချင်တာ တခုတော့ ရှိပါတယ်။ ဆူညံသံပေးခြင်းပါပဲ၊ လမ်းကြောင့်ရော တာယာက တုန်ခါမှု ကြောင့်ရော ထွက်လာတဲ့ ဆူညံသံပေးမှုက ပြိုင်ဘက် မော်ဒယ်တွေထက် ပိုချင်နေပါတယ်။ အခုနှစ် မော်ဒယ်က ၂၀၁၆ မော်ဒယ်အတိုင်းနီးပါး ထုတ်လုပ်လာတာ ဖြစ်ပြီး ကြီးမားတဲ့ ပြင်ဆင်ဖန်တီးလာမှု မတွေ့ရပါဘူး။
အင်ဂျင်စနစ်က ၃.၈ လီတာသုံး Twin-Turbo စနစ်နဲ့ V8 အင်ဂျင် ဖြစ်ပြီးတော့ သူက ရုန်းအား ၄၄၃ပေါင်-ပေမှာ မြင်း ကောင်ရေ ၅၆၂ ကောင်အားထိအောင် ထွက်ရှိမှာပါ။
ရှေ့ဘီးတွေက ၁၉လက်မ၊ နောက်ဘီးတွေက ၂၀ လက်မရှိမယ်၊ အပေါ့စား ကာဗွန်ဖိုက်ဘာ ဦးစားပေး ကိုယ်ထည် ဖန်တီး မှုမျိုးနဲ့ လာတယ်၊ McLaren Brake Steer စနစ်ထည့်ထားပြီး ဒီစနစ်က လက်ကိုင်နဲ့ ဘရိတ်ကို တွဲဖက်ထားပြီး လားရာ ပြောင်းလဲမှု အရ ဘရိတ်က လိုအပ်သလို အလိုအလျောက် ဝင်ထိန်းပေးမှာ ဖြစ်ပါတယ်။
Stop-Start စနစ်ပါမယ်၊ ဂြိုလ်တု အခြေပြု မြေပုံစနစ်ရမယ်၊ Keyless စနစ် သုံးနိုင်မယ်၊ Bluetooth နဲ့ ချိတ်နိုင်မယ်၊ USB ပေါက်ထည့်ထားတယ်၊ HD Radio စနစ် သုံးနိုင်မယ်၊ Wi-Fi လည်း လွှင့်နိုင်သေးတယ်၊ Speaker ၁၂လုံး ထည့်ထားတယ်၊ နောက်ဘက် ရိုက်ကူးကင်မရာ ပါရှိတယ်။
အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက တနာရီ မိုင် ၆၀နှုန်းကို အချိန် ၂.၉ စက္ကန့်တည်းနဲ့ ရောက်နိုင်ပြီး အမြန်ဆုံးနှုန်းတခု ပါပဲ။
ဘရိတ်ပိုင်းကလည်း အဆိုပါ အမြန်နှုန်းကနေ ရပ်တန့်မယ်ဆိုရင် ၉၅ပဲ ယူမှာ ဖြစ်ပြီး လက်ရှိဈေးကွက်ဝင်မော်ဒယ်တွေထဲ မှာ အကောင်းဆုံး ဘရိတ်စွမ်းဆောင်ရည်စနစ်ပါ။ တနာရီ အမြန်ဆုံးနှုန်းအနေနဲ့ ၂၀၂ မိုင်ထိအောင် မောင်းနိုင်ပါတယ်။
တန်ဖိုးအနေနဲ့ ဒေါ်လာ ၄၃၀၀၀၀ ရှိပြီး McLaren ကနေ ထုတ်လုပ်ခဲ့သမျှ မော်ဒယ်တွေထဲမှာ ၃၁ စီးမြောက် ဈေးအကြီး ဆုံးမော်ဒယ်အဖြစ် ရပ်တည်နေတာပါ။
Ref: www.edmunds.com