IT

Windows 10 ရဲ့ Fresh Start ကို အသုံးပြုပြီး လွယ်ကူစွာ Windows အသစ် ပြန်တင်ကြမယ်

Want create site? Find Free WordPress Themes and plugins.

သုံးနေတဲ့ကွန်ပျူတာက ဘာအကြောင်းကြောင့် သေချာမသိဘဲ နှေးကွေးလေးလံလာတဲ့အခါ ဒါမှမဟုတ် တခုခု စိတ်တိုင်း မကျတော့တဲ့အခါ Windows အသုံးပြုသူတော်တော်များများ လုပ်လေ့ရှိတဲ့အရာတခုက Windows OS ကြီးကို အစအဆုံး ပြန်တင်ကြတာပါ။

ဒီလို Windows ပြန်တင်ကြရာမှာ အများစုက ရှိပြီးသား Windows 10 CD တွေဘာတွေနဲ့ ပြန်တင်ကြပါတယ်။ ဒီအခါ ကိုယ်အသစ်ပြန်တင်လိုက်တဲ့ Windows Version ကလည်း Update မဖြစ်သလို၊ ကိုယ်ပြောင်းထားတဲ့ Windows Settings တွေလည်း အစအဆုံး ပြန်လုပ်နေရပါလိမ့်မယ်။

ဒီတော့ Windows 10 နောက်ဆုံး Update ကိုလည်း တင်ချင်တယ်၊ အထဲကဖိုင်တွေအကုန်လုံးကိုလည်း နေရာတချက်မှ မရွှေ့ချင်ဘူး၊ Wi-Fi Passwords တွေကအစ ပြန်ကိုမရိုက်ချင်ဘူးဆိုတဲ့လူတွေအတွက် Windows 10 ရဲ့ ‘Fresh Start’ ဆိုတဲ့ Feature တခုနဲ့ မိတ်ဆက်ပေးပါရစေ။

Windows 10 Creators Update မှာ စတင်ပါဝင်လာတဲ့ ‘Fresh Start’ ဟာ Windows OS တခုလုံးကို Clean Install ပြန်လုပ်ပေးမှာဖြစ်ပြီး၊ နောက်ဆုံး Windows 10 Latest Version ကိုလည်း အလိုလိုတင်ပေးသွားမှာဖြစ်ပါတယ်။ ဒီ Feature ကို Windows 10 Settings ထဲက ‘Device Performance & Health’ ကနေ အသုံးပြုနိုင်ပါတယ်။

သတိထားသင့်တာက ‘Fresh Start’ ဟာ Micrososft က ထုတ်ထားတဲ့ Office Apps တွေအပါအဝင် သင့်Laptop စဝယ်ကတည်းက ကုမ္ပဏီကသွင်းပေးလိုက်တဲ့ App အကုန်လုံးနီးပါးကို Uninstall လုပ်သွားမှာဖြစ်ပါတယ်။

ဒီဂျစ်တယ်နည်းအရ Register လုပ်ထားတဲ့ App တွေလည်း ပျောက်သွားပါလိမ့်မယ်။ ဒီအချက်ကို ကြိုတင်တွက်ပြီးမှ အသုံးပြုသင့်၊မသင့် စဉ်းစားသင့်ပါတယ်။ ကိုယ့်စိတ်ထဲမှာ Programs တခုခုက စက်ကို ဒုက္ခပေးနေတယ်လို့ထင်နေပြီး၊ ဘာလုပ်ရမှန်းမသိရင်တော့ ဒီ ‘Fresh Start’ ကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

Boot တက်တဲ့အချိန်ကိုယူထားတဲ့ Apps တွေကိုပါ Uninstall လုပ်ပေးသွားမှာဖြစ်တာကြောင့် ‘Fresh Start’ လုပ်ပြီးပြီးချင်းမှာ သင့်ကွန်ပျူတာက အသစ်အတိုင်း ပြန်လည်ပေါ့ပါးသွက်လက်နေမှာပါ။ Uninstall လုပ်လိုက်တဲ့ App စာရင်းကိုလည်း Windows က ပြန်လည်ဖော်ပြပေးထားမှာဖြစ်တာကြောင့် စိတ်ပူစရာမလိုဘဲ အကုန်ပြန်သွင်းနိုင်ပါတယ်။

Windows 10 ရဲ့ ‘Fresh Start’ အသုံးပြုနည်း

• ပထမဦးဆုံး Windows Settings ထဲက ‘Device Performance & Heath’ ကို သွားလိုက်ပါ။

 

 

• “Health Report” အောက်နားမှာ ‘Fresh Start’ ဆိုတာကို Additional Info နှိပ်လိုက်ပါ။

• ‘Get Started’ ကို ထပ်နှိပ်ပါ။

 

 

• User Account Control ပေါ်လာရင် Yes နှိပ်လိုက်ပါ။

 

 

• ယခုအခါ ‘Fresh Start’ screen ပေါ်လာပါလိမ့်မယ်။ ဒီမှာ ယခု Feature က ဘာတွေလုပ်ပေးမလဲဆိုတာ ဖော်ပြထားပါတယ်။ အချိန်ဘယ်လောက်ကြာနိုင်လဲဆိုတာကိုပါ ဖော်ပြထားပါလိမ့်မယ်။

 

 

• Next နှိပ်လိုက်ရင် ‘Fresh Start’ က သင့်ကွန်ပျူတာထဲက ဘယ် Apps တွေကိုတော့ Remove လုပ်သွားမယ်ဆိုတာကို စာရင်းနဲ့တကွ ဖော်ပြပေးပါလိမ့်မယ်။ စာရွက်နဲ့ ချမှတ်ထားစရာမလိုပါဘူး။ ပြီးရင် File နဲ့ ဖော်ပြပေးထားဦးမှာပါ။

 

 

• Next ထပ်နှိပ်လိုက်ရင် Start လုပ်တော့မလားဆိုတာ သေချာအောင် ထပ်မေးပါလိမ့်မယ်။ သေချာရင် Start နှိပ်လိုက်ပါ။

 

 

• ယခုအချိန်ကစပြီး Fresh Start စလုပ်ပါပြီ။ ပုံမှန် Windows Install လုပ်သလိုပဲ Percentange နဲ့ ဖော်ပြပါလိမ့်မယ်။

 

 

• ဒီအဆင့်အတွင်းမှာ ကွန်ပျူတာက ခဏခဏ Restart ဖြစ်သွားပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့ ။ ပြန်တက်လာရင် သူရောက်နေတဲ့နေရာကနေ အလိုလိုပြန်လုပ်သွားမှာပါ။

 

 

• နောက်ဆုံးတကြိမ် Restart ကျပြီးတဲ့အခါမှာတော့ Log in screen ပေါ်လာပါလိမ့်မယ်။ ဒီအဆင့်မှာတော့ Installation Procedure ကို အပြီးသတ်လုပ်ပေးမှာပါ။

 

 

• အားလုံးပြီးဆုံးသွားရင်တော့ သင့် PC ကို စတင်အသုံးပြုနိုင်ပါပြီ။ Fresh Start မလုပ်ခင်က တင်ထားတဲ့ Wallpaper က အစမပြောင်းလဲဘဲ၊ ဖိုင်တွေအကုန်လုံးနဲ့ သူ့နေရာနဲ့သူ ပြန်ရှာနိုင်ပါတယ်။

• Desktop မှာတော့ Fresh Start အဆင့်အတွင်းမှာ ဘယ် Apps တွေကို Remove လုပ်လိုက်လဲဆိုတာ Microsoft Edge icon လေးနဲ့ ဖော်ပြထားပါလိမ့်မယ်။ နှိပ်လိုက်ရင် ကိုယ့် PC မှာ မရှိတော့တဲ့ Apps တွေအကုန်လုံးကို ဖော်ပြပေးထားတာ တွေ့ရပါလိမ့်မယ်။

 

 

တကယ်လို့ ဒီ File ကို မှားပြီးဖျက်လိုက်မိလည်း ကိစ္စမရှိပါဘူး။ Windows Defender Security Center ထဲက Fresh Start page မှာ backup file ရှိပါတယ်။

Fresh Start feature ဟာ Internet လိုင်းမလိုဘဲလည်း Offline အသုံးပြုနိုင်ပေမယ့်၊ Latest Windows Update ကိုပါ လိုချင်တယ်ဆိုရင်တော့ အင်တာနက်လိုင်းချိတ်ထားပေးဖို့ လိုပါတယ်။

Ref: Tech Republic

Did you find apk for android? You can find new Free Android Games and apps.
Loading