ဗယ်လင်တိုင်းနေ့ရောက်ဖို့ တပတ်သာလိုတော့တာဆိုတော့ သင်မြတ်နိုးတဲ့သူအတွက် တိကျသေချာ တဲ့ လက်ဆောင် ရှာဖွေရင်း အချိန်ကုန်နေပြီပေါ့။ ငြီးငွေ့စရာဖြစ်သလို အပ်ကြောင်း ထပ်နေပြီဖြစ်တဲ့ ချောကလက်တွေ၊ နှင်းဆီပန်းတွေနဲ့ စိတ်ကူးပုံဖော် (ဖန်စီကျကျ) ညစာတွေလား။ မမျှော်လင့်ထားတဲ့၊ စုစည်း ကျစ်လစ်တဲ့၊ ဖန်တီးမှုရှိတဲ့၊ သင်ကိုယ်တိုင်ပြုလုပ်ထားတဲ့၊ ပြည်တွင်းဖြစ် လက်ဆောင်တွေနဲ့ အတူ အရင်နှစ်တွေနဲ့ မတူဘဲ သင်မြတ်နိုးရတဲ့သူကို ကြက်သီးမွေးညှင်းထပြီး တအံ့တသြဖြစ် သွားအောင် ပေးလို့ရပါပြီ။
သင်မြတ်နိုးမိသူ ထူးထူးခြားခြား ခံစားရစေပြီးတော့ ဒီနှစ်ဗယ်လင်တိုင်းနေ့မှာ သူ့အတွက် ကိုယ်ဘယ်လောက်ဂရုစိုက်ကြောင်း သိစေဖို့ စိတ်ကူး စိတ်သန်းလေးတချို့ ဒီနေရာမှာ ဖော်ပြလိုက်ပါတယ်။
စိတ်တိုင်းကျပန်းစည်း
ပန်းစည်းလို့ပြောတာနဲ့ လူအတော်များများက ပန်းပွင့်တွေနဲ့ပေါ့လို့ တွေးတတ်ကြပါတယ်။ ဒါပေမယ့် အစားအစာ၊ အဖျော်ယမကာ၊ အလှကုန်နဲ့ အရုပ်တွေကို ပန်းစည်းနဲ့အတူ ကျစ်လစ်လှပစွာ ဖန်တီးပြီး အဲဒါလေးတွေကိုပါ ကိုယ်ပိုင်အနေနဲ့ တွဲထားလို့ရပါတယ်။ သင်မြတ်နိုးသူစိတ်ကြိုက်ဖြစ်တာလေးတွေ နည်းနည်းပဲ သိဖို့လိုပါတယ်။
တကယ်လို့ သင်အထူးသီးသန့်ထားတဲ့သူတယောက်က အစားမက်သူတယောက်ဆိုရင် ချောကလက် (သို့မဟုတ်) ကြက်ကြော်တွေနဲ့ အစားအသောက်ပန်းစည်းလေး လုပ်ပေးလို့ရပါတယ်။ ဒီလိုစိတ်ကြိုက်လုပ်ထားတဲ့ အစားအစာပန်းစည်းလေးဟာ ပျော်စရာကောင်း၊ ဖန်တီးမှုလည်းဖြစ်ပြီး မမေ့နိုင်စရာ အမှတ်တရတွေ ထားခဲ့မှာ မလွဲပါဘူး။
အွန်လိုင်းဈေးရောင်းစာမျက်နှာပေါင်းမြောက်မြားစွာတို့က ဝန်ဆောင်မှုပေးနေကြမှာဖြစ်ပြီး သင့်အနေနဲ့လည်း အွန်လိုင်းကနေပဲ မှာယူနိုင်ပါတယ်။ ဒီနေရာမှာ ရွေးချယ်စရာလေးတွေကတော့ –
https://www.facebook.com/Handmadeparadise91/
https://www.facebook.com/FleursDeLysByUs/
စတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ညွှန်းပါရစေ။
စာတိုပေစလေးတွေနဲ့ဓာတ်ပုံပါတဲ့ လက်လုပ်လက်ဆောင်
စာတိုပေစလေးတွေနဲ့ဓာတ်ပုံပါတဲ့ လက်လုပ်(handmade) လက်ဆောင်ဟာ သင်တို့နှစ်ဦးစလုံး အတွက် ပြီးပြည့်စုံစေနိုင်ပါတယ်။ အဲဒီလက်ဆောင်လေး ဖန်တီးနေတုန်း သင်တို့အတူ လုပ်ခဲ့ကြတဲ့ အမှတ်တရလေးတေ ွအားလုံးကို ကျိန်းသေပေါက် ပြန်တွေးနေမိမှာ ဖြစ်ပြီးတော့ အဲဒီလက်ဆောင်စာ မျက်နှာလေးတွေကို လှန်ကြည့်ရင်း သင့်ရဲ့အထူးသီးသန့် သူကလည်း သင့်အပေါ် အကြင်နာတွေ တိုးလာစေပါတယ်။
ပထမဆုံးအနေနဲ့ သင်တို့နှစ်ယောက်ရဲ့ ဓာတ်ပုံတချို့ရွေးဖို့လိုပြီးတော့ အဲဒီပုံလေးတွေကို ဓာတ်ပုံဆိုင် မှာ သွားထုတ်လိုက်ပါ။ အဲဒီနောက် အရောင်တောက်တဲ့စာအုပ် (သို့မဟုတ်) ရိုးရှင်းပြီး သိပ်လှတဲ့ စာအုပ်တအုပ်ကို ရှာပြီး အသည်းနှလုံးပုံ၊ ကြယ်ပွင့်ပုံ၊ ပန်းပွင့်ပုံတွေလို အလှဆင်ပစ္စည်းတွေနဲ့ အပိုသီးသန့်ထိတွေ့မှုတခုအတွက် စာအုပ်ပတ်လည်မှာ စီခြယ်လိုက်ပါ။
အဲဒီတွေအကုန်လုံးကတော့ သင့်ဖန်တီးနိုင်စွမ်း ကျွမ်းကျင်မှုအပေါ် မူတည်နေပါတယ်။ အဲဒီနောက် မှတ်စုစာအုပ်ထဲက စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံတွေကပ်ပြီး အမှတ်တရစာသားလေးတွေ နည်းနည်း ပါးပါး ချရေးပါ။ အဲဒီစာအုပ်ကို စစချင်းကိုင်ကြည့်လိုက်တာနဲ့ သူ (သို့မဟုတ်) သူမအနေနဲ့ လက်ရေးစာအုပ် (သို့မဟုတ်) မှတ်စုစာအုပ်လို့ ထင်သွားပေမယ့် စာအုပ်ထဲမှာ မေတ္တာဇာတ်လမ်းတွေ အသေးစိတ်သရုပ်ဖော်ချက်တွေ့ပြီး တအံ့တအား ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ အထူးသီးသန့်ထားသူ တယောက် ကောင်းချီးသြဘာပေးမှာ မလွဲပါဘူး။
လက်ပတ်နာရီ
ဗယ်လင်တိုင်းနေ့လက်ဆောင်တွေအကြောင်း ကျနော်တို့ပြောကြတဲ့အခါမှာ လက်ပတ်နာရီလည်း ပါပါတယ်။ သင်တန်ဖိုးထားတဲ့ သင်တို့နှစ်ဦးဆက်နွယ်မှုဟာ တန်ဖိုးထားတာ တခုခုပေးတဲ့အနေနဲ့ သင်မြတ်နိုးသူကို ချပြနိုင်ပါတယ်။ လူတွေက လက်ပတ်နာရီဆိုတာ ဖြတ်သန်းမှုသင်္ကေတရယ်လို့ ပြောကြပြီးတော့ နေ့စဉ်စက္ကန့်တိုင်းမှာ အချစ်ငှက်လေးတွေက အတူတကွပျံသန်းနေတာမျိုး ညွှန်းတဲ့သဘောပါ။
နာရီစက်သံဟာ ရင်ခုန်စရာပါ။ ဒါပေမယ့် မေ့ရမယ့်ကိစ္စကတော့ စွမ်းဆောင်ရည်မြင့် အမှတ်တံဆိပ်ဖြစ်ဖို့နဲ့ လက်လုပ်(handmade)နာရီလား (ဒါမှမဟုတ်) ပြည်တွင်းဖြစ်နာရီလား စဉ်းစားဖို့ပါပဲ။ အဲဒါတွေကို ရန်ဂွတ်စ်(Yangoods Shop) (သို့မဟုတ်) Mandalay Watch Company ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ သင့်အနေနဲ့ မွှေနှောက်ရှာဖွေနိုင်ပါတယ်။
စီဒီထည့်တဲ့အိတ်
သင်မြတ်နိုးသူဟာ ဂီတဝါသနာအိုး ဖြစ်တယ်ဆိုရင် သင်ကိုယ်တိုင်ပြုလုပ်ထားတဲ့ စီဒီထည့်တဲ့ အိတ်ကလေးဟာ ဒီနှစ်ဗယ်လင်တိုင်းနေ့ အတွက် သင့်မေတ္တာတွေကို ထုတ်ဖော်ပြသဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းပါပဲ။ စီဒီချပ်တချို့မှာ သင့်အကြိုက်ဆုံး သီချင်းတွေသွင်းလိုက်ပြီးတော့ စီဒီချပ်တွေ တချပ်စီတိုင်းမှာ သင့်ရဲ့အထူးလှုပ်ရှားမှု ဓာတ်ပုံတချို့ကို ထည့်လိုက်ပါ။ အသည်းပုံစက္ကူလေးတွေ၊ ပန်းပွင့်လေးတွေ၊ ကြယ်ပွင့်လေးတွေနဲ့ တဖျတ်ဖျတ် လင်းလက်နေတာတွေလို အလှဆင် အစိတ်အပိုင်း ငယ်အချို့ကိုလည်း ထည့်လို့ရပါတယ်။ သင်ကြိုက်သလောက် ထည့်လို့ရပေမယ့် သိပ်အများကြီးတော့ မဖြစ်စေနဲ့ပေါ့။
အံ့အားသင့်သွားစေမယ့်လက်ဆောင်သေတ္တာ
လက်ဆောင်သေတ္တာလှလှလေး တလုံးကို ဝယ်ပြီးတော့ လက်ဆောင်အသေးလေးတွေကို ထည့်ပြီးပေးတာဟာ သင့်မြတ်နိုးရသူအတွက် အံ့အားသင့်သွားစေမှာပါ။ အသားအရေ ထိန်းသိမ်းတဲ့အလှကုန်ပစ္စည်းလေးတွေ နမူနာအားဖြင့် သကြားလုံးတချို့ထည့်ပါ။
တချို့သေးငယ်တဲ့အရာတွေကို တွေးကြည့်ရင် အဲဒါလေးတွေက သင့်မြတ်နိုးသူကို ပျော်ရွှင်စေမှာ ဖြစ်ပြီးတော့ အဲဒါလေးတွေ တွဲစပ်ထည့်ထားလိုက်တာဟာ ဆွဲဆောင်မှု ကောင်းတဲ့နည်းလမ်းတခုပါ။ တကိုယ်ရေသုံးတာမျိုး ထည့်ဖို့ သေချာပါစေ။ အဲဒီလက်ဆောင်တခုဟာ သင့်မြတ်နိုးသူနဲ့ပတ်သက်လို့ သင်ဘယ်လောက် ဂရုစိုက်သလဲ ဆိုတာလည်း ပြသနိုင်ပါတယ်။
လက်ဆောင်ဆိုင်နဲ့ ဈေးဆိုင်အတော်များများမှာ ဖန်ဘူးအလွတ်အသေးလေးတွေ ရောင်းကြပါတယ်။ အဲဒါတလုံးယူလိုက်ပြီးတော့ ဖဲကြိုးလေးတွေ၊ ခံစားချက်အသည်းပုံလေးတွေနဲ့ အလှဆင်လိုက်ပါ။ ရောင်စုံစက္ကူ အလွတ်တချို့ကို ယူပြီး သင့်မြတ်နိုးသူအပေါ် မေတ္တာရှိနေတဲ့အကြောင်းရင်းတွေ (ဒါမှမဟုတ်) သင့်မြတ်နိုးသူနဲ့ပတ်သက်၍ သင် ဘာကိုချစ်မိသွားတယ်ဆိုတာတွေ ရေးချပါ။ အဲဒီနောက် ရေးပြီးသားစက္ကူလေးတွေကို ခေါက်ပြီး ဖန်ဘူးထဲကို ပြည့်တဲ့အထိ ထည့်ပါ။ ဒီလိုစုစည်းပြီး စိတ်တိုင်းကျလက်ဆောင်မျိုးဟာ သင့်အထူးသီးသန့်သူတယောက်ရဲ့မျက်မှာ အပြုံးပန်းတွေ ဝေဆာစေမှာ သေချာပါတယ်။
ဒီလက်ဆောင်စိတ်ကူး ၆ မျိုးဟာ အမျိုးသားရော အမျိုးသမီးအတွက်ပါ ဖြစ်တဲ့အတွက် သင်နှစ်ခြိုက် မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ ဒါပေမယ့် မမေ့ရမယ့်ကိစ္စက ဗယ်လင်တိုင်းနေ့ဟာ ချစ်သူတွေအတွက် သာမကဘဲ သင့်ဖေဖေ (ဒါမှမဟုတ်) သင့်မေမေကိုလည်း ဒီစိတ်ကူးစာရင်း ထဲကနေ သင်ကိုယ်တိုင်ဖန်တီးထားတာလေးတွေ ပေးလို့တယ်ဆိုတာပါပဲ။ သင့်အတွက်အပျော်ဆုံးဗယ်လင်တိုင်းနေ့ဖြစ်ပါစေလို့ ဧရာဝတီသတင်းဌာနက ဆုတောင်ပေး လိုက်ပါတယ်နော်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းသတင်းဌာန တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ဖော်ပြခဲ့သည့် Unique Valentine’s Day Gift Ideas ကို ဆီလျော်အောင် ဘာသာပြန်သည်။