Time မဂ္ဂဇင်းကနေ ရွေးချယ်တဲ့အင်တာနက်ပေါ်မှ လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၂၅ ဦးထဲကို ထုတ်ပြန်တဲ့အခါ နာမည် ကျော်ကြားသူ တဦးဖြစ်တဲ့ Kylie Jenner က Instagram နဲ့ Twitter အကောင့်တွေမှာ သူ့ရဲ့ ပရိသတ်အင်အား ရရှိထားမှုအပေါ် မူတည်ပြီး နံပါတ် ၁ နေရာမှာ ရပ်တည်နေတယ်လို့သိရပါတယ်။
Kylie ဟာ သမီးလေး Stormi Webster ကို မွေးဖွားခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့အချိန်မှာ တင်ခဲ့တဲ့ ဓာတ်ပုံဟာ လူကြိုက်အများဆုံးဖြစ်ခဲ့ပြီး အဆိုတော် ဘီယွန်းစေးရဲ့ စံချိန်ကို ကျော်တက်ပြီး ထိပ်ဆုံးနေရာကို တက်လာခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး လွှမ်းမိုးမှုအရှိဆုံးလူပုဂ္ဂိုလ်စာရင်းမှာ ပါဝင်လာသူက အလှဘုရင်မတဦးဖြစ်တဲ့ အဆိုတော် Rihanna ဖြစ်ပါတယ်။ သူဟာ ပရိသတ်တော်တော်များများ Follow ထားတဲ့ Instagram အကောင့်ကို ပိုင်ဆိုင်ထားတဲ့ အပြင် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း Snapchat ကို ကြော်ငြာကိစ္စနဲ့ပတ်သက်လို့ ဒေါ်လာ သန်း ၈၀၀ ဆုံးရှုံးအောင် လုပ်ခဲ့တာမျိုးတွေမှာလည်း လွှမ်းမိုးမှုတွေရှိခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ဓာတ်ပုံကို အိမ်တွင်း အကြမ်းဖက်မှုမှာ အသက်ရှင်ကျန်ရစ်သူ ဖြစ်တဲ့အကြောင်း တရားမဝင် ဖော်ပြထားတဲ့ ကြော်ငြာမှာ အသုံးပြုခဲ့တဲ့အတွက် Snapchat ကိုရှုတ်ချခဲ့ပါတယ်။
Twitter အကောင့်မှာ Follower ဦးရေ ၅၃ သန်းပိုင်ဆိုင်ထားတဲ့ အမေရိကန်သမ္မတ Donald Trump ကတော့ စာရင်းထဲမှာ Busy Philipps, အဆိုတော် Kanye West, ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS နဲ့ Matt Drudge တို့နဲ့အတူပါဝင်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ လက်နက်ကိုင်ဆောင်မှုဥပဒေကို ပြုပြင်ပြောင်းလဲ ပေးဖို့ တောင်းဆိုနေကြတဲ့ ဖလော်ရီဒါပြည်နယ်၊ Parkland မြို့က ကျောင်းသူကျောင်းသားတွေဟာလည်း Time မဂ္ဂဇင်းရဲ့ အဲဒီစာရင်းမှာ ပါဝင်လာပါတယ်။
Ref: etcanada