Entertainment

မော်ဒယ် Hailey Baldwin ကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ အဆိုတော် Justin Bieber

Want create site? Find Free WordPress Themes and plugins.

အဆိုတော် Justin Bieber နဲ့ မော်ဒယ် Hailey Baldwin တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်ညပိုင်းမှာပဲ စေ့စပ်လိုက်ကြ ပြီဖြစ်တဲ့အကြောင်း၊ အဆိုတော် Bieber က ချစ်သူမိန်းကလေး Hailey ကို လက်ထပ်ခွင့် တောင်းလိုက်တာဖြစ်တဲ့ အကြောင်း မျက်မြင်သက်သေတွေရဲ့ အဆိုအရ သိရပါတယ်။

TMZ မီဒီယာမှာတော့ အသက် ၂၄ နှစ်အရွယ် အဆိုတော် Bieber က အသက် ၂၁ နှစ်အရွယ် မော်ဒယ် Hailey ကို ဘဟားမားကျွန်းစုမှာရှိတဲ့ အပန်းဖြေစခန်းမှာ လက်ထပ်ခွင့်တောင်းခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အကြောင်း အမျိုးသမီးနှစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဲဒီအမျိုးသမီးနှစ်ဦးဟာ အဲဒီအပန်းဖြေစခန်းမှာရှိတဲ့ စားသောက်ဆိုင်တခုမှာ ရှိနေခဲ့စဉ်မှာ အဆိုတော် Bieber ရဲ့ လုံခြုံရေးတွေက အပန်းဖြေစခန်း ရောက်ရှိနေကြသူတွေရဲ့ ဖုန်းတွေအားလုံးကို သိမ်းခိုင်းလိုက်ပြီး ထူးခြားတာတခုခု ဖြစ်တော့မယ် အကြောင်း ပြောဆိုခဲ့တယ်လို့ TMZ မီဒီယာကို ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အဆိုတော် Bieber က မော်ဒယ် Hailey ကိုလက်ထပ်ခွင့်တောင်းခဲ့ပြီး စားသောက်ဆိုင်မှာရှိတဲ့ လူအားလုံး ရဲ့ အရှေ့မှာပဲ “Yes” ဆိုတဲ့ အဖြေကို ပြန်ရခဲ့တယ်လို့ အသီးသီးသော သတင်းရင်းမြစ်တွေက TMZ မီဒီယာကို အတည်ပြု ထားပါတယ်။ သူတို့စုံတွဲနှစ်ဦးဟာ စေ့စပ်လိုက်တဲ့အခြေအနေမှာရှိပြီး သတင်းရင်းမြစ် တခုကလည်း သူတို့နှစ်ဦးရဲ့ စေ့စပ် သတင်းကို CNN သတင်းဌာနထံ အတည်ပြုထားပါတယ်။

သူတို့နှစ်ဦးက ၂၀၁၅ ခုနှစ်တုန်းက ခဏတွဲခဲ့ကြပေမယ့် လမ်းခွဲခဲ့ကြတာဖြစ်ပြီး အခုလိုပြန်တွဲတာလည်း တလလောက်ပဲ ရှိသေးပေမယ့် အခုတော့ သူတို့နှစ်ဦးကို ဘယ်အရာကမှ ခွဲလို့မရတော့ဘူးလို့ ဆိုပါတယ်။ သူတို့နှစ်ဦးလုံးရဲ့ ကိုယ်စားလှယ် တွေဘက်ကနေ ဘာအတည်ပြုချက်မှ မထုတ်ပြန်သေးပေမယ့် အဆိုတော် Bieber ရဲ့ဖခင် Jeremy Bieber ကတော့ ဇူလိုင်လ ၈ ရက်နေ့မနက်ပိုင်းမှာ သူရဲ့ Instagram အကောင့်မှာတော့ စေ့စပ်လိုက်တဲ့အပေါ် ဆုမွန်ကောင်းတောင်း ပေးခဲ့ပါတယ်။

Bieber ရဲ့ မိခင် Pattie Mallette ကလည်း စေ့စပ်လိုက်တာကို အတည်ပြုတဲ့ပုံရတဲ့ ပို့စ်တခုကို လူမှုကွန်ရက်မီဒီယာမှာ ဝေမျှခဲ့ပါတယ်။မော်ဒယ် Hailey ရဲ့ ဖခင် “BioDome” မင်းသား Stephen Baldwin ကလည်း Twitter မှာ စေ့စပ်လိုက်တဲ့ သတင်းကို တုံ့ပြန်ပြောကြားခဲ့ပုံရပါတယ်။

ဆက်စပ် သတင်းလင့်ခ်သူငယ်ချင်းတွေ မဟုတ်ကြောင်း အတည်ပြုလိုက်တဲ့ Justin Bieber နဲ့ Hailey Baldwin

Ref: etcanada

Did you find apk for android? You can find new Free Android Games and apps.
Loading