“Spider-Man: Into The Spider-Verse 2” Animation ရုပ်ရှင်ဇာတ်ကားဟာ မကြာသေးခင်ကမှ ထွက်ရှိလာမယ့် ရက်စွဲကို ကြေညာခဲ့တာဖြစ်ပြီး ပထမ ရုပ်ရှင်ဟာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ လာမယ့် နှစ်တွေရဲ့ အော်စကာဆုပေးပွဲမှာလည်း အကောင်းဆုံး Animation ရုပ်ရှင်ဆုကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အခုနောက်ဆက်တွဲ ရုပ်ရှင်ကို ပိုပြီး အားစိုက်ထုတ်ထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိဖို့ Sony အနေနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး Spider-Man နဲ့ အပေါင်းအပါတွေကို ပိုမိုချပြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ Spider-Verse နောက်ဆက်တွဲရုပ်ရှင်မှာ ဇာတ်ကောင်အသစ် Spider-Woman (Jessica Andrew) ပါဝင်လာဖို့ရှိကြောင်း လတ်တလောသတင်းတွေ ထွက်ပေါ်နေပါတယ်။
ရုပ်ပြစာအုပ်တွေထဲ လူသိများခဲ့တဲ့ Gwen Stacy (Spider-Gwen) ကို ပထမ Spider-Verse မှာ မိတ်ဆက်ပေးခဲ့ဖူးတာဖြစ်ပြီး Spider-Woman တွေ အများကြီးရှိတဲ့အထဲကမှ နောက်ဆက်တွဲရုပ်ရှင် ထုတ်လုပ်တဲ့အခါ Jessica Andrew ပါဝင်လာဖို့ အခုလို သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
၁၉၇၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ပြစာအုပ်တွေကတည်းက Jessica Andrew ဇာတ်ကောင် ပါဝင်ခဲ့တာဖြစ်ပြီး Animation ရုပ်ရှင်ထဲပါဝင်လာဖို့ ရှိနေတယ်ဆိုရင်တော့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ဝမ်းသာစရာပဲဖြစ်ပါတယ်။ Jessica Andrew ကို ဗီဒီယိုဂိမ်းတွေထဲမှာ တွေ့မြင်ခဲ့ရပြီး “Marvel: Ultimate Alliance” နဲ့ “Spider-Man: Web of Shadows” တွေအပြင် ၁၉၈၀ တီဗီစီးရီးတွေမှာလည်း ပါဝင်ခဲ့ဖူးတာပါ။
ဘာပဲဖြစ်ဖြစ် ထွက်ရှိလာဖို့ သေချာနေပြီဖြစ်တဲ့ “Spider-Man: Into The Spider-Verse 2” ရုပ်ရှင်ဟာ နောက်ထပ် ဘယ်လို ဇာတ်ကောင်တွေ ပါဝင်လာဦးမလဲ၊ ဘယ်လို ဇာတ်အိမ်တည်ဆောက်ပုံမျိုးနဲ့ ပရိသတ်တွေဆီ ရောက်ရှိလာဦးမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com