တိုးတက်လာတဲ့ ဆေးပညာကုထုံးတွေမှာ အခုနောက်ပိုင်း လေ့လာတွေ့ရှိခဲ့တဲ့ ကုထုံးတခုကတော့ “Urine Therapy” လို့ခေါ်တဲ့ လူသားတွေရဲ့ ကျင်ငယ်ရေကို အသုံးပြုပြီး ရောဂါကို ကုစားတဲ့ ကုထုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
ရောဂါကုသရာမှာ အသုံးပြုတဲ့ Radiotherapy နဲ့ Chemotherapy တို့လိုပဲ အကျိုးသက်ရောက်မှု ရှိတဲ့အပြင် ကျင်ငယ်ရေဟာ ရောဂါပိုးတွေကို သေစေနိုင်တဲ့ အစွမ်းရှိတယ်လို့လည်း ဆေးပညာလေ့လာချက်တွေက ဆိုပါတယ်။ လူ့ကျင်ငယ်ရေရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေဓာတ်ဖြစ်ပြီး ၂ ဒဿမ ၅ ရာခိုင်နှုန်းက Urea ဓာတ်နဲ့ နောက်ထပ် ၂ ဒဿမ ၅ ရာခိုင်နှုန်းကတော့ သတ္တုဓာတ်၊ ဆားဓာတ်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတို့ပဲ ဖြစ်ပါတယ်။
ဆေးပညာရှင်တွေ အသုံးပြုကြတဲ့ Urine Therapy ကုထုံးမှာတော့ မူလကျင်ငယ်ရေကို ပြန်လည် သန့်စင်ထားတဲ့ ကျင်ငယ်ရေကို သောက်သုံးခြင်းနဲ့ ခန္ဓာကိုယ်ကို လိမ်းကျံခြင်းဆိုပြီး ၂ ပိုင်း ပါဝင်ပါတယ်။ အခုဖော်ပြမှာကတော့ Urine Therapy ကုထုံးရဲ့ ကျန်းမာရေးကို အကျိုးပြုနိုင်ပုံတွေပဲ ဖြစ်ပါတယ်။
(၁) ဓာတ်မတည့်ဖြစ်ခြင်းတို့ကို သက်သာစေတယ်
ကျင်ငယ်ရေမှာ ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် အစားအသောက်ကြောင့်ဖြစ်စေ၊ ပန်းဝတ်မှုံတွေနဲ့ ဓာတ်မတည့်ခြင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို အခုနောက်ပိုင်းမှာတော့ ကျင်ငယ်ရေ ကုထုံးကို အသုံးပြုပြီး ကုသနေကြပြီပဲ ဖြစ်ပါတယ်။
(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
ကျင်ငယ်ရေမှာပါဝင်တဲ့ Urokinase ဆိုတဲ့ အင်ဇိုင်းတမျိုးဟာ နှလုံးသွေးကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး နှလုံးသွေးကြောပိတ်ခြင်းနဲ့ နှလုံးအဆီဖုံးခြင်း စတဲ့ နှလုံးကျန်းမာရေးပြဿနာတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ဆေးပညာလေ့လာမှုတွေအရ သိရပါတယ်။
(၃) အရေပြား ကျန်းမာရေးပြဿနာ အများစုကို သက်သာစေတယ်
ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေနဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကျင်ငယ်ရေကုထုံးက ပျောက်ကင်းသက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
(၄) ကင်ဆာရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်
ဆေးပညာဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ၁၉၇၀ နဲ့ ၁၉၈၀ ကာလတွေမှာတည်းက ကျင်ငယ်ရေကုထုံးကို ကင်ဆာရောဂါ ကုသတဲ့ ကုထုံးတွေမှာ ပါဝင်ထည့်သွင်းကုသခဲ့တာဖြစ်ပြီး ကျင်ငယ်ရေမှာ ပါဝင်တဲ့ Uric acid ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
Ref. www.pulse.ng