သင်ဘယ်လောက်ပဲ သိပါတယ် ပြောပြော ကမ္ဘာပေါ်မှာ လေ့လာစရာတွေက ကုန်သွားတယ်ရယ်လို့ မရှိပါဘူး။ ဒါကြောင့် ဒီတခါမှာ သင်မသိလောက်ဘဲ နားကြားများ မှားသလားလို့ ပြန်မေးရလောက်မယ့် အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ပိုးဟပ်တွေဟာ ခေါင်းမပါလည်း တပတ် အသက်ရှင်နိုင်ပါတယ်
ပိုးဟပ်တွေဟာ မတော်တဆ ခေါင်းပြတ်သွားခဲ့ရင်တောင် ဆက်ပြီး အသက်ရှင်နိုင်ပါတယ်။ သူတို့ဟာ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေက အပေါက်လေးတွေနဲ့ အသက်ရှုနိုင်လို့ မသေတာဖြစ်ပြီး ခေါင်းပြတ်ပြီးတဲ့နောက်မှာ အစာငတ် ရေငတ်ပြီး သေကြရတာ ဖြစ်ပါတယ်။
(၂) သာမန်အမျိုးသမီးတွေရဲ့ စုစုပေါင်း ဝိတ်ချချိန်
စစ်တမ်းတွေအရ သာမန်အမျိုးသမီးမှာ ဝိတ်ချတဲ့အချိန် စုစုပေါင်း ၁၇ နှစ် ကြာပါတယ်။ အင်္ဂလန်နိုင်ငံကပြုလုပ်တဲ့ သုတေသနတွေအရ အမျိုးသမီးတွေဟာ တနှစ်ကို ၂ ကြိမ် ပြင်းပြင်းထန်ထန် ဝိတ်ချဖို့ ကြိုးပမ်းလေ့ရှိပါတယ်။ ဒီလို အချိန်တွေအားလုံးကို စုစည်းလိုက်ရင် ဘဝသက်တမ်းမှာ ၁၇ နှစ်စာလောက် ကြာပါတယ်။
လူတယောက်ရဲ့ အိမ်သာ တက်ချိန် စုစုပေါင်းကတော့ ဘဝသက်တမ်း တလျှောက်မှာ ၁ နှစ်ခွဲကျော် ရှိတယ်လို့ သိရပါတယ်။
(၃) လေယာဉ်စီးစဉ် အစားစားခြင်း
တကယ်တော့ လေယာဉ်ပေါ်မှ ကျွေးတဲ့ စားစရာတွေဟာ အရသာသိပ် မရှိပါဘူး။ ဘာလို့လဲဆိုတော့ လူတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အနံ့နဲ့ အရသာ ခံနိုင်စွမ်းတွေဟာ ပျံသန်းနေတဲ့ လေယာဉ်ပေါ်ကို ရောက်တာနဲ့ လေဖိအား သက်ရောက်မှုအလိုက် လျော့နည်းတာတွေ ဖြစ်တတ်လို့ ဖြစ်ပါတယ်။
(၄) ကမ္ဘာပေါ်က ပုရွတ်ဆိတ်များ
ကမ္ဘာပေါ်မှာရှိတဲ့ ပုရွတ်ဆိတ်အားလုံးရဲ့ အလေးချိန် စုစုပေါင်းဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသား အားလုံးရဲ့ အလေးချိန်နဲ့ ညီမျှမှုရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေဟာ ၇ ဘီလီယံကျော် ရှိပြီး အားလုံးကို အသက် ၁၅ နှစ်အရွယ်အဖြစ် သတ်မှတ်ပြီး အလေးချိန်တွက်ရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ် အရေအတွက်အားလုံးရဲ့ အလေးချိန်နဲ့ ညီမျှပါတယ်။
(၅) လူတွေရဲ့ စိတ်နေသဘောထား
လူတော်တော်များများဟာ မသိစိတ်ကနေဖြစ်စေ၊ သိသိကြီးနဲ့ ဖြစ်စေ အောင်မြင်ချင်တဲ့ စိတ်ပါတယ်။ သုသေသနတွေအရ လူတွေဟာ ထီဆုကြီးကို ပေါက်ဖို့ထက် သမ္မတပိုပြီး ဖြစ်ချင်ကြတယ်လို့ ဆိုပါတယ်။
(၆) Facebook ပေါ်က Like Buttom
Facebook ကို စတင်အသုံးပြုဖို့ ကြိုးစားကြတဲ့ အခါမှာ Facebook ရဲ့ အင်ဂျင်နီယာတွေက Like ဆိုတဲ့ ခလုတ်ကို “Awesome”လို့ နာမည်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။
အခြား ထူးဆန်းတဲ့ အရာတွေကတော့ ၄ နှစ်အရွယ်ကလေးတယောက်ဟာ တနေ့ကို မေးခွန်း ၄၀၀ ခန့် မေးတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတွေရဲ့ ခန္တာကိုယ်က Atom တွေထဲက လစ်လပ်နေတဲ့ နေရာလွတ်တွေကို ဖယ်လိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိသမျှလူအားလုံးကို ပန်းသီးတလုံးထဲ ထည့်ပြီး သယ်လို့တောင် ရပါတယ်။
Ref; Brightside.com