ကမ္ဘာကြီးဟာ သင်ထင်ထားတာထက် ထူးခြားဆန်းပြားနေတယ်ဆိုတာ အမှန်ပါပဲ။ အပြင်မှာ မမြင်ဖူးတာကြောင့် ဒီပုံတွေကို ပြုပြင်ထားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီအရာတွေဟာ တကယ်ပဲ ရှိနေပါတယ်။ ဒါဆိုရင် ထူးခြားတဲ့ပုံတွေကို ကြည့်ကြည့်ရအောင်။
(၁) မသိရင် မကောင်းဆိုးဝါးကြီးတကောင် နိုးထလာသလိုလိုနဲ့ ပုံစံပါ။ အမှန်တကယ်က ပင့်ကူမျှင်တွေ အကုန်ဖုံးအုပ်နေတဲ့ သစ်ပင်တပင်သာဖြစ်ပြီး အဝေးကကြည့်တဲ့အခါ ရှုခင်းတခုနဲ့ တောင်တူနေပါသေးတယ်။
(၂) အခုခေတ်မှာ လူအချင်းချင်းပဲ သစ္စာဖောက် နောက်ကျောကို ဓားနဲ့ထိုးပြီး ကိုယ်အဆင်ပြေဖို့နေထိုင်ကြတာ မဟုတ်ပါဘူး။ ပုံထဲမှာ ငါးမန်းတကောင်က အကောင်သေးတဲ့ ငါးမန်းမျိုးတူချင်း ပြန်စားနေတာပါ။
(၃) စာတိုက်ပုံးနှစ်ခုရဲ့ အရိပ်ဟာ မထင်မှတ်ဘဲ ကြည့်ကောင်းတဲ့ မြင်ကွင်းတခုကို ဖန်တီးပေးပါတယ်။ တခါတလေမှာ အရာရာတိုင်းဟာ အကြောင်းပြချက်တခုကြောင့် ဖြစ်လာတာချည်းပါပဲ။
(၄) ငယ်စဉ်က ရေသူမဖြစ်ချင်ပြီး သမုဒ္ဒရာကြီးကို လျှောက်ကြည့်ချင်ခဲ့ကြဖူးမှာပါ။ ပုံကတော့ ရေအောက်ထဲက လှိုင်းလုံးတခုဖြစ်ပြီး ဖိုတိုရှော့ မဟုတ်တာကြောင့် တကယ်ကြည့်လို့ကောင်းနေပါတယ်နော်။
(၅) ဒီအိမ်ကြီးကတော့ ရုရှားမှာရှိတဲ့ စွန့်ပစ်ခံအိမ်ကြီးပါ။ အိုဟောင်းပြီးသရဲခြောက်တဲ့ အိမ်ပုံစံမျိုးဖြစ်တာကြောင့် သူ့ကိုမြင်လိုက်တာနဲ့ အထီးကျန်သလို ခံစားရတယ်မလား။
(၆) ဒါကတော့ ချော်ရည်ပူတွေပဲ ဖြစ်ပါတယ်။ အနီးကပ်သွားကြည့်ဖို့တော့ စိတ်မကူးလိုက်ပါနဲ့နော်။ ချော်ရည်ပူတွေဟာ သဘာဝတရားကြီးကို ဖျက်ဆီးလိုက်တာကြောင့် ကြည့်ရင်းနဲ့တောင် နှမြောတသဖြစ်လာတယ်မလား။
(၇) မိုးချုန်းတာတွေဖြစ်ပြီးနောက်မှာ ကားပြတင်းမှန်ကနေ လှမ်းရိုက်ထားတဲ့ပုံပါ။ မသိရင်ပြုပြင်ထားတဲ့ ပုံလို့ထင်ရလောက်အောင် ထူးခြားနေတယ်မလား။
Ref ; viral.laughingcolours.com