သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် နှစ်ကုန်၌ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု ကတိပြုထားသော်လည်း အကျဉ်း ထောင်များတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေဆဲ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ တဖွဲ့ဖြစ်သည့် FIDH (International Federation for Human Rights)က ဝေဖန်လိုက်သည်။ သမ္မတ သက်တမ်း ၃ နှစ်နီးပါး ကြာသည့်တိုင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ နိုင်ငံရေး ပုဒ်မများကို လွတ်ငြိမ်းခွင့် ပြုပေးခဲ့သော်လည်း မြေယာ သိမ်းဆည်းမှုများကို ကန့်ကွက်ဆန္ဒပြသူများအား ပုဒ်မအမျိုးမျိုးဖြင့် စွဲချက်တင်မှုများ ရှိနေသေးကြောင်း၊ ဖိနှိပ်သည့် ဥပဒေ ပုဒ်များကို လွှတ်တော်က ဖျက်သိမ်းပေးခြင်း မပြုပါက သမ္မတ အနေဖြင့် အမိန့်ထုတ်ပြန် ဖျက်သိမ်းသင့်ကြောင်း FIDH ၏ တိုက်တွန်းချက်ကို ဗီအိုအေ သတင်းတရပ်တွင် ဖော်ပြထာားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။