အရည်အချင်းရှိပြီး အလုပ်အပေါ် စိတ်အား ထက်သန်စွာ လုပ်ကိုင်လိုသည့် ဝန်ထမ်းများကို ဧရာဝတီ မီဒီယာ အယ်ဒီတာ အဖွဲ့က ခေါ်ယူလိုပါသည်။ လျှောက်ထားသူများ အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို ရယူ တင်ပြပေးမည့် အစီအစဉ်တွင်လည်း ပါဝင် လုပ်ကိုင်ရမည် ဖြစ်သည်။ အချိန်ပြည့် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး စာချုပ်သက်တမ်း ကာလမှာ ၂၀၁၅ နှစ်ကုန်ပိုင်းအထိ ဖြစ်သည်။ လစ်လပ် နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
သုတေသန မှတ်တမ်းပြုစုသူ (Researchers) – (၂ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – သုတေသနကို နှံ့စပ်သေချာစွာ ပြုလုပ်နိုင်ပြီး ဧရာဝတီအတွက် လိုအပ်မည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော သတင်းအချက် အလက်များကို မှတ်တမ်းပြုလုပ်ပေးနိုင်သူ ဖြစ်ရမည်။ အကြီးတန်း သုတေသန ဝန်ထမ်းအဖြစ် လျှောက်ထားသူသည် သုတေသန လုပ်ငန်းရပ်များကို ကျွမ်းကျင်ပိုင်နိုင်၍ ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် နှံ့စပ်ကာ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဗဟုသုတများ၊ ဒီမိုကရက်တစ် သဘောတရားများ သိရှိနားလည်သူ ဖြစ်ရမည်၊ အဆိုပါ ဗဟုသုတနှင့် အချက်အလက်များကို မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာများဖြင့် လိုအပ်သလို အသုံးချနိုင်သူ ဖြစ်ရမည်။ သုတေသန စီမံကိန်း တခုလုံးအား ကိုင်တွယ်စီမံနိုင်မည့် အရည်အချင်းရှိသူကို ဦးစားပေး စဉ်းစားလက်ခံသွားမည်။
အငယ်တန်း သုတေသန ဝန်ထမ်းအဖြစ် လျှောက်ထားသူသည် အချက်အလက် စုဆောင်းခြင်းကို ကောင်းမွန်တိကျ စွာ လုပ်ဆောင်နိုင်ပြီး သုတေသန ပြုစုခြင်း၊ ပြန်လည်ရေးသားခြင်းနှင့် မြန်မာဘာသာကို ပိုင်နိုင်စွာ အသုံးချနိုင်သူ ဖြစ်ရမည်။
အင်္ဂလိပ်ဘာသာ ပိုင်းဆိုင်ရာ သတင်းထောက် (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – မီဒီယာ လုပ်ငန်းတွင် အနည်းဆုံး ၂ နှစ် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။ သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် သတ်မှတ်ထားသော အချိန်အပိုင်းအခြားအတွင်း ပြီးစီးအောင် ရေးသားနိုင်သူ ဖြစ်ရမည်။
မြန်မာဘာသာပိုင်း သတင်းထောက် (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – မီဒီယာ လုပ်ငန်းတွင် အနည်းဆုံး ၂ နှစ် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။ သတင်းများကို မြန်မာဘာသာ ဖြင့် သတ်မှတ်ထားသော အချိန်အပိုင်းအခြားအတွင်း ပြီးစီးအောင် ရေးသားနိုင်သူ ဖြစ်ရမည်။ ကွန်ပျူတာဖြင့် မြန်မာစာ ရိုက်တတ်ရမည်။
မြန်မာဘာသာ ပိုင်းဆိုင်ရာ အယ်ဒီတာ (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – မြန်မာဘာသာဖြင့် ရေးသားသော ဆောင်းပါးများ၊ သတင်းများ၊ ထုတ်ပြန် ဖော်ပြချက်များကို သင့်တင့်စွာ တည်းဖြတ်ပေးနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသော အချိန်အတွင်း ပြည့်မီအောင် ဆောင်ရွက်ပေးနိုင် ရမည် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ လူမှု-နိုင်ငံရေး အခြေအနေ တိုးတက် ပြောင်းလဲမှုများကို သိရှိ နားလည်သူ ဖြစ်ရမည်။
အင်္ဂလိပ် ဘာသာ ပိုင်းဆိုင်ရာ အယ်ဒီတာ (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ဆောင်းပါးများ၊ သတင်းများ ၊ ထုတ်ပြန် ဖော်ပြချက်များကို သင့်တင့်စွာ တည်းဖြတ်ပေးနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသော အချိန်အတွင်း ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ရ မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ လူမှု-နိုင်ငံရေး အခြေအနေ တိုးတက် ပြောင်းလဲများကို သိရှိ နားလည်သူ ဖြစ်ရမည်။
အလုပ်သင် (၂ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – မီဒီယာ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကဏ္ဍများအပေါ် အထူး စိတ်ပါဝင်စားသူ ဖြစ်ရမည်။ မီဒီယာလုပ်ငန်းနှင့် ဆက်စပ်သက်ဆိုင်သည့် ဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်း၊ သုတေသန လုပ်ငန်းရပ်များ၊ ကွန်ပျူတာ၊ အင်တာနက် စသည်တို့နှင့် အကျွမ်းတဝင် ရှိသူ ဖြစ်ရမည်၊ ကွန်ပျူတာဖြင့် မြန်မာစာ ရိုက်တတ်ရမည်။
စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက [email protected] ထံ e-mail ပေးပို့ စုံစမ်းနိုင်ပါသည်။