• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နတ်မတောင်ပေါ် ညအိပ်ခွင့် ပိတ်ထား

by သဇင်လှိုင်
20 February 2018
in သတင်း
A A
နတ်မ တောင်ပေါ်တွင် စွန့်ပစ်ထားသော အမှိုက်များ  / မသန္တာကြည်

နတ်မ တောင်ပေါ်တွင် စွန့်ပစ်ထားသော အမှိုက်များ / မသန္တာကြည်

3.1k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ  ခေါနူးစုမ်တောင် (ဝိတိုရိယတောင်) ခေါ် နတ်မတောင် အမျိုးသား ဥယျာဉ်သို့ လာရောက် လည်ပတ်သူများ အနေဖြင့် တောင်ထိပ်တွင် ညအိပ်ခြင်းကို ယခု ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ပိတ် လိုက်ပြီ ဖြစ်ကြောင်း နတ်မတောင် အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်က ဧရာဝတီသို့ ပြောသည်။

“ဒုသမ္မတ လာတုန်းက တောင်ထိပ်မှာ ညအိပ်ခွင့်လုံးဝ မပေးပါနဲ့တော့ ဆိုပြီးတော့ လမ်းညွှန်သွားပါတယ်။ အဲဒီလမ်းညွှန် ချက်အရ အခုပိတ်ထားလိုက်ပြီ။ ဘာလို့လဲဆိုတော့ ညအိပ်ပြီဆိုမှတော့ မီးမွှေးကြတယ် မီးလှုံကြတယ် စားကြတယ် ချက်ကြပြုတ်ကြတယ် တောင်ထိပ် ညစ်ပတ်တာပေါ့။ အဲဒါကြောင့်မို့ ပိတ်ခိုင်းလိုက်တာပါ” ဟု ၎င်းက ပြောပြသည်။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
133
တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
97
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
799

ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ချင်းပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်ရွယ်ကာ ဖေဖော်ဝါရီလ ၃ ရက်မှ ၅ ရက် အထိ ချင်းပြည်နယ်သို့ သွားရောက် ညွှန်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

နတ်မ တောင်ထိပ်တွင် ခရီးသွားဧည့်သည်များမှာ ညအိပ်စခန်းချပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ထင်းခွေ၊ မီးလှုံခြင်း များ ပြုလုပ်ခဲ့ခြင်းကြောင့် ရေရှည်တွင် သဘာဝအလှများ ပျက်စီးမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုလျက် ရှိ သည်။

၂၀၁၆ ခုနှစ်မှစ၍ ချင်းပြည်နယ်သို့ သွားရောက် လည်ပတ်သည့် ပြည်တွင်း ခရီးသွားဦးရေ များပြားလာပြီး လတ်တလော၌ လည်း ချင်းပြည်နယ်မှာ သွားရောက် လည်ပတ်မှုများသော ခရီးစဉ်တခုဖြစ်နေကြောင်း ပြည်တွင်း ခရီးသွားလုပ်ငန်းတချို့မှ သိရ သည်။

တောင်ပေါ်တွင် ညအိပ်ခွင့် ပိတ်ပင်ခြင်းမှာ သဘာဝ ပတ်ဝန်းကျင်အတွက် ကောင်းမွန်သော်လည်း ယင်းသို့ ကန့်သတ်ခြင်း ဖြင့် ခရီးသွားများအတွက် များစွာနစ်နာကြောင်း ဓာတ်ပုံဝါသနာရှင် ၁ ဦးဖြစ်သူ မမိုးဝါက ဧရာဝတီသို့ ပြောသည်။

နတ်မ တောင်ပေါ်တွင် စွန့်ပစ်ထားသော အမှိုက်များ (ဓာတ်ပုံ/မသန္တာကြည်)

“မှတ်တမ်းတင်သူတွေ ဓာတ်ပုံရိုုက်ကူးသူတွေက အချိန်အခါကို စောင့်ဆိုင်းပြီး ရိုက်ကူးရတာ ဖြစ်တဲ့ အတွက်ကြောင့် ည အိပ်ပြီး မိုးလင်းတဲ့မြင်ကွင်း နေထွက်တဲ့ မြင်ကွင်းကို စောင့်ချင် စောင့်မယ်လေ။ အခုလိုမျိုး ကန့်သတ်လိုက်တော့ သူတို့ တွေရဲ့ အခွင့်အရေး ဆုံးရှုံးပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ညအိပ် ကန့်သတ်လိုက်ရုံမျှဖြင့် အမှိုက်ပစ်မှု လျော့ကျသွားမည် မဟုတ်ဘဲ အမှိုက်ပစ်ခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်သည့် စည်းကမ်းများ ထုတ်ထားခြင်း သတိပေး ဆိုင်းဘုတ်များ စိုက်ထူထားခြင်း တို့ကို ပြုလုပ်သင့် ကြောင်းလည်း မမိုးဝါက ပြောသည်။

“စည်းကမ်းမဲ့သူတွေကတော့ အမှိုက်သရိုက်တွေကို နေ့ခင်းဆိုလည်း ပစ်မှာပဲ၊ ညလည်း ပစ်မှာပဲ။ ဒါ့ကြောင့် စောင့်ကြည့် သူတွေ ထားတာတို့ အမှိုက်ပုံးတွေ ထားတာတို့ အရေးယူတာတို့ အဲဒီနည်းလမ်းတွေကို စဉ်းစားသင့်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

နတ်မ တောင်ထိပ်တွင် ညအိပ်ခွင့် ပိတ်ပင်ခြင်းသည် ယာယီသာ ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းနှင့် အခြေခံ လိုအပ်ချက်များ ပြင်ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ်မည့် အခြေအနေ ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကို က ဧရာဝတီသို့ ပြောသည်။

၎င်းက “လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေပေါ့။ အများကြီးတော့ မဟုတ်ပါဘူး စည်းကမ်း သတ်မှတ်ချက်လေးတွေ အမှိုက် ကောက်တာလေးတွေကအစ အညစ်အကြေး စွန့်တာတွေက အစပေါ့။ အဲဒါတွေ မရှိဘဲနဲ့တော့ ဒုသမ္မတကြီး ပြောသွားတာ မှန်ပါတယ်။ အန်ကယ်တို့ဘက်က အမြန်ဆုံး သက်ဆိုင်ရာ တိုင်းဒေသကြီး အသီးသီးကို တိုက်တွန်း သွား မယ်။ လက်ရှိမှာ မပြည့်စုံလို့ ပိတ်ရခြင်း ဖြစ်ပါတယ်။ ပြီးပြည့်စုံတာနဲ့ ချက်ချင်း ဖွင့်ပေးမှာပါ” ဟုလည်း ပြောဆိုသည်။

နတ်မတောင်သည် အမြင့်ပေ ၁၀၅၀၀ ပေရှိပြီး ကချင်ပြည်နယ် ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီ တို့ပြီးပါက မြန်မာနိုင်ငံ၏ တတိယ မြောက် အမြင့်ဆုံးတောင် ဖြစ်သည်။

ဒေသခံများက ခေါနူးစုမ်ဟု ခေါ်သည့် နတ်မတောင်သည် လူသိများပြီး သတ်မှတ်ထားသည့် အမျိုးသား ဥယျာဉ် အကျယ် အဝန်းမှာ ၁၇၆,၃၀၀ ဧက ရှိ၍ နို့တိုက်သတ္တဝါ ၃၄ မျိုး၊ ငှက်မျိုးစိတ် ၃၀၀ ကျော်၊ အပင်မျိုးစိတ်ပေါင်း ၂၀၀၀ ကျော်၊ သစ်ခွ မျိုးစိတ် ၂၀၀ ကျော်ရှိကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာန (ချင်းပြည်နယ်)မှ သိရ သည်။

Your Thoughts …
Tags: နတ်မတောင် ညအိပ်ခွင့်ပိတ်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသော ဒေါ်နီလာသိန်း / ဧရာဝတီ

အဓမ္မပြုကျင့်မှုတွေ များလာတာဟာ လူ့ကျင့်ဝတ်ဆိုင်ရာ အသိ ဆင်းရဲနေလို့

ဂျူဒို နည်းပြ ချမ်း ခေါ် ဒေါ်ချမ်းမြေ့သူ / ချမ်းစွန်း / ဧရာဝတီ

တိုက်ခိုက်ရေးမှာ စွမ်းတဲ့ ချမ်း

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate