နိုင်ငံအတွင်း အများအပြားလာရောက်နေသည့် တရုတ်ခရီးသွားများကို ရည်ရွယ်၍ ထိုင်းနိုင်ငံက ပြည်တွင်းဖြစ် တရုတ်စီးကရက်တမျိုးကို လာမည့်အောက်တိုဘာလတွင် စတင်မိတ်ဆက်ရန် ရှိ ကြောင်း Bangkok Post သတင်းကဆိုသည်။
ထိုင်းဆေးရွက်ကြီး ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ အကြီးအကဲ ဒေါင်နွိုင် ဆူသီနီပါပန်း၏ အဆိုအရ တရုတ် ယူနန် ဆေး ရွက်ကြီး နည်းပညာကုမ္ပဏီအပါအဝင် Shaanxi Jinye သိပ္ပံပညာရေးအဖွဲ့တို့ နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံကို လာရောက်သည့် တရုတ်ခရီးသွားများ ကြိုက်နှစ်သက်စေရန် အဆိုပါ တရုတ်ကုမ္ပဏီ များက ကုန်ကြမ်း၊ အနံ အရသာနှင့် ထုတ်ပိုးမှု အပိုင်းကို တာဝန်ယူ သုတေသနပြုပေးထားပြီး၊ ယင်း တရုတ်ခရီးသွား များ အတွက် ရည်ရွယ် ထုတ်လုပ်သည့် စီးကရက်ကို လာမည့် အောက်တိုဘာ ၁ရက် နေ့ တွင် ကျရောက်သည့် တရုတ်အမျိုး သား နေ့တွင် စတင်ဖြန့်ဖြူးမည်ဖြစ်ကြောင်း ထိုင်းဆေး ရွက်ကြီး ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ အကြီးအကဲ ဒေါင်နွိုင် ဆူသီနီပါပန်းက ဆိုသည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် ဒေသခံ ဆေးရွက်ကြီး ထုတ်လုပ်သူများနှင့် အစိုးရအနေနှင့်ပါ အကျိုးအမြတ် ခံစားစေမည်ဖြစ် ကြောင်း၊ ယင်း တရုတ်များ အကြိုက်တွေ့စေမည့် စီးကရက်ကို ထိုင်းနိုင်ငံတဝှမ်းရှိ Duty Free ဆိုင်များတွင် ရရှိမည်ဖြစ် ပြီး၊ အရှေ့တောင်အာရှနိုင်ငံများသို့လည်း တင်ပို့မည်ဟု သိရသည်။
ထိုင်းနိုင်ငံသို့ ၂၀၁၇ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား ၃၅သန်းကျော် လာရောက်ခဲ့ရာ တရုတ်ခရီးသွား များက အများဆုံး ဖြစ်ကြောင်း Thaiwebsites.com ကဆိုသည်။