သတင်း

အာဆီယံဒေသတွင်း လျှပ်စစ်မီးရရှိမှု မြန်မာအနည်းဆုံးဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ဘဏ်၏ ကွင်းဆင်းလေ့လာမှုများ အရ မြန်မာနိုင်ငံအတွင်း ၇၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက်လျှင် အနည်းဆုံး လျှပ်စစ်မီး ၂ နာရီခန့်သာ အသုံးပြုခွင့်ရနေပြီး အာဆီယံဒေသတွင် လ ျှပ်စစ်မီးအနည်းဆုံးရရှိသည့် နိုင်ငံဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့်ကပြောသည်။

စွမ်းအင် ပညာရှင် ဦးမျိုးမြင့်က “မြန်မာနိုင်ငံမှ ရှိတဲ့ ၇၀ ရာခိုင်နှုန်းသော အိမ်ထောင်စုတွေဟာ အနည်းဆုံး Tier-1 လို့ခေါ်သည့် အနည်းဆုံး ၂ နာရီ လောက် မဟာဓာတ်အားလိုင်း ပြင်ပကရော၊ မဟာဓာတ်အားလိုင်းကပါ ရရှိနေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်နှင့် စွမ်းအင်ရရှိသုံးစွဲနေမှုအခြေအနေကို ကမ္ဘာ့ဘဏ်မှ Tier Zero မှTier 5 အထိ အလွှာ ၅ လွှာဖြင့် ကွင်းဆင်လေ့လာချက်များအရ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ သင်္ဂဟဟို တယ်၌ လျှပ်စစ်နှင့် စွမ်းအင်ရရှိသုံးစွဲနေသည့် အခြေအနေကို ထုတ်ပြန်အသိပေးခြင်း အခမ်းအနားအပြီး မီဒီယာမျာအား အထက်ပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လေ့လာ စမ်းစစ်ချက်များကို မြန်မာနိုင်ငံတွင်သာမကပဲ ကမ္ဘာ့နိုင်ငံ အနှံ့တွင်လည်း ပြုလုပ်လျှက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံ အနှံ့ အပြား၌ လျှပ်စစ်မီး သုံးစွဲနိုင်မှု ပမာဏများအခြေအနေနှင့် အချက် အလက်များကို ဖော်ပြနိုင်ရန် အတွက် ယင်းကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်မီးရရှိသည့် အနေအထားမှာ အာဆီယံ နိုင်ငံမှာများ၌ အနည်းဆုံး အခြေအနေတွင် ရှိနေရကြောင်း ဦးမျိုးမြင့်က ပြောသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်ဝင်း က “ ကျေးရွာတရွာမှာဆိုရင် ၁၀၀ ရာခိုင်နှုန်း မီးလင်းတာ ရှိသလို၊ ၇၀ ရာခိုင်နှုန်းပဲ မီးလင်းတာလည်း ရှိတယ်။ တအိမ်ချင်းပေးတဲ့ ဆိုလာစနစ်နဲ့ပေးတာရှိသလို၊ နေရာတခုမှ ဂရစ်တခုထားပြီး ကြိုးဆွဲပြီးပေးတာမျိုးလည်း ရှိပါတယ်။ ရွာတရွာမှာ ၁၀၀ ရာခိုင်နှုန်း မီးလင်းတာတော့ ရှားပါတယ်။ ၇၀ ရာခိုင်နှုန်းလောက်ပဲ မီးလင်းပါတယ်” ဟု ပြောသည်။

ကျေးလက်များတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး အသုံးပြုသူသည် ၁၀ ရာခိုင်နှုန်းထည့်ဝင်ရခြင်းကြောင့် ထည့်ဝင်ခြင်းမပြုနိုင်သည့် ပြည်သူများလည်း ကျန်ရှိနေကြောင်း၊ တနှစ်လ ျှင် ကျေးရွာ ၁၆၀၀ ခန့် မီးရရှှိရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမောင်ဝင်းကပြောသည်။

“ပထမ အဆင့်ဖြစ်တဲ့ TR-Zero လို့ခေါ်သည့် အဆင့်သုညကတော့ ရေနံဆီမီးခွက်လေးတွေ၊ ဒါမှမဟုတ် ဖ ယောင်းတိုင်လေးတွေသုံးပြီးတော့ လျှပ်စစ်မီး သိပ်မရတဲ့အိမ်ထောင်စုတွေဖြစ်ကြပါတယ်။ ဒီလိုပဲအဆင့်ဆင့် သွားတဲ့အခါ နောက်ဆုံး TR-5 ဆိုရင် လျှပ်စစ်မီးကို ၂၄ နာရီအပြည့်အဝရရှိတာဖြစ်ပါတယ်” ဟု ဦးမျိုးမြင့်ကဆိုသည်။

ကမ္ဘာ့ဘဏ်၏ တိုင်းတာချက်များအရ မြန်မာနိုင်ငံရှိ ၇၀ ရာခိုင်နှုန်းသောအိမ်ထောင်စုများမှ ၃၀ ရာခိုင်နှုန်းသည် မဟာဓာတ်အားလိုင်းပြင်ပမှ လျှပ်စစ်မီးရရှိနေကြခြင်းဖြစ်ကြောင်း ၊ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းအနက် ၃ ဒသမ ၂ သန်းသော အိမ်ထောင်စုများသည် လ ျှပ်စစ်မီးရရှိမှု အနိမ့်ဆုံးအဆင့်၌သာရှိနေသည်ဟု သိရသည်။

ကမ္ဘာ့ဘဏ်မှ ယင်းကဲ့သို့ စစ်တမ်းများ ကောက်ယူရခြင်း အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်ရှိသည့် ပြည်သူများအားလုံး TR-5 ရရှိရန် အတွက် ဦးတည်ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်မီးကို ရရှိတာထက်စာ လျှင် လျှပ်စစ်မီးရ ရှိပြီး အသေးစားနှင့် အကြီးစားစက်မှုလုပ်ငန်းများ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည်ကို တိုင်းတာရခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်ကဆိုသည်။

မြို့ပြဒေသ အိမ်ထောင်စုများ၏ ၈၅ ရာခိုင်နှုန်းသည် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကိုရရှိနေပြီး၊ ကျေးလက်ဒေသ အိမ်ထောင်စုများ၏ ၆၀ ရာခိုင်နှုန်းတို့မှာ မဟာ ဓာတ်အားလိုင်း ပြင်ပ နည်းလမ်းများမှရရှိသော လျှပ်စစ်ဓာတ်အားကို သုံးစွဲနေကြောင်း၊ မဟာဓာတ် အားလိုင်း ရောက်ရှိပြီးဒေသတွင်း တည်ရှိသည့် အိမ်ထောင်စုများထံသို့ လျှပ်စစ်ဓာတ်အား တိုးချဲ့ ရောက်ရှိနိုင်သည့် အလားအလာကောင်းများရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုထားသည့် သက္ကရာဇ် ၂၀၃၀ တွင် လူတိုင်း လက်လှမ်းမီပြီး ယုံကြည် စိတ်ချ ရေရှည်တည်တံ့မည့် ခေတ်မီ စွမ်းအင် ရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုးတက် အောင်မြင်မှုများကို အကဲဖြတ် မှတ်တမ်းတင်နိုင်ရန် ၂၀၁၇ ခုနှစ်၌ မြန်မာနိုင်ငံအပါအဝင် ၁၅ နိုင်ငံတို့တွင် ကမ္ဘာ့ဘဏ်က ကွင်းဆင်း သုတေသနပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိမှုကို အထောက်အကူ ပြုစေရန် ရည်ရွယ် ကျင်းပသော ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘာ့ဘဏ်၏ ကွင်းဆင်း သုတေသန ပြုချက်များအား ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မိတ်ဖက် အဖွဲ့အစည်းများ တို့မှ တာဝန်ရှိသူများက ရှေ့လုပ်ငန်းစဉ်များ၌ ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများကို ဆွေးနွေးအကြံပြုဆွေးနွေးသွားမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading