ကိုရိုနာဗိုင်းရပ်ကြောင့် အီရန်မှာ လူ ၈ ဦး သေ
အီရန်တွင် ကိုရိုနာဗိုင်းရပ်သစ်ကူးစက်မှု
“ဒီဗိုင်းရပ်က တရုတ်ကနေ ကုမ်ကို ကူးစက်လာတာ။ ဒီရောဂါကြောင့်သေဆုံးတဲ့ ကုမ်က ကုန်သည်တဦးက တရုတ်ပြည်ကို အမြဲသွားနေတာ။ ၂ နိုင်ငံအကြား လေကြောင်းခရီးတွေ ပိတ်ပင်ထားပေမယ့် သူက တဆင့်ခံ လေကြောင်းလိုင်းတွေကို သုံးနေတာ” ဟု ကျန်းမာရေးဝန်ကြီး ဆေအက် နာမာကီက ပြောသည်။
တီဟီရန်မြို့တော်တောင်ဖက် ၇၅ မိုင်အကွာရှိ ရှီအိုက် ဘုရားဖူးများ၏ သာသာရေးမြို့ကုမ်သို့ ခရီးမသွားရန် ပြည်သူများကို သူက တိုက်တွန်းသည်။
“အတိအလင်းပြောရရင် ကုမ် ဒါမှမဟုတ် အီရန်က တခြား ရှီအိုက် ဘာသာရေးနေရာတွေကို ခရီးသွားတာကို ကျနော်တို့ မလိုလားဘူး” ဟု နိုင်ငံပိုင်ရုပ်သံတွင် သူက ပြောသည်။
“တနင်္ဂနွေနေ့က ရောဂါကူးစက်မှုအသစ် ၁၅ ခုတွေ့ပြီး အခုအချိန်အထိ ကူးစက်မှု ၄၃ မှုရှိပြီ။ သေဆုံးမှု ၈ ခုရှိတယ်” ဟု ကျန်းမာရေး ဝန်ကြီးဌာနပြောခွင့်ရသူ ကီရာနက်ရှ် ဂျဟန်ပါက ပြောသည်။
ကူးစက်မှုအသစ်များအနက် ၈ ခုသည် ကုမ်တွင်ဖြစ်ပွားသည်။ ကုမ်တွင် ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ တရားပွဲများ ပိတ်ပင်ထားသည်။ တီဟီရန်နှင့် အခြားမြို့များတွင်လည်း ကျောင်းများကို အင်္ဂါနေ့အထိ ပိတ်ထားသည်။ဗိုင်းရပ်စ်ပိုးကူး
ကိုးကား။ ။Reuters
You may also like these stories:
ကိုရိုနာဗိုင်းရပ်ကြောင့် အီတလီမြောက်ပိုင်းမြို့ ၁၀ မြို့ကို ပိတ်ဆို့ထား
ကိုရိုနာဗိုင်းရပ် လေထဲက ကူးနိုင်
တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ် တပ်လှန့်နိုးဆော်မှု အနီရောင်အဆင့်သတ်မှတ်