သတင်းတို

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကွယ်လွန်

အမေရိကန် အထက်လွှတ်တော်အမတ်( လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီ ဥက္ကဌ) ဂျွန်မက်ကိန်း (၈၁နှစ်)ဟာ သြဂုတ်လ ၂၅ရက်နေ့က ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွား ကြောင်း သိရပါတယ်။

မိသားစုရဲ့ ကြေညာချက်မှာတော့ ဆီနိတ်လွှတ်တော်အမတ် ဂျွန် ဆစ်ဒနီ မက်ကိန်း ဟာ သြဂုတ်လ ၂၅ရက် ၄နာရီ ၂၈ မိနစ်မှာ ကွယ်လွန်သွားတယ်လို့ ဆိုပါတယ်။

သူဟာ အမေရိကန်တို့ရဲ့ ဗီယက်နမ် စစ်မှာ ပါဝင်တိုက်ခိုက်သူတဦးဖြစ်ပြီး၊ သုံ့ပန်းအဖြစ် ၅နှစ်ကျော်ခန့် အဖမ်းခံ ခဲ့ရပါတယ်။သူဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားကို ထောက်ခံ အားပေးသူတဦးဖြစ်ပြီး စစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ  ချမှတ်ဖို့  ဦးဆောင်ခဲ့သလို၊ ပြီးခဲ့တဲ့ နှစ်က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး စစ်တပ်အပေါ် ဒဏ်ခတ်ရေး ဥပဒေကို အထက်လွှတ်တော်က နေ အတည်ပြုနိုင်ဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။

Loading