အခုလပိုင်းအတွင်း သက်ကြီရွယ်အို စွန့်ပစ်ခံရမှုတွေ မွန်ပြည်နယ်မှာ ဖြစ်ပွားနေပြီး အစိုးရအနေနဲ့ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
စွန့်ပစ်ခံရတဲ့ သက်ကြီးရွယ်အိုတွေကို မွန်ပြည်နယ်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ခေါ်ယူခဲ့ကြပေမယ့် စောင့်ရှောက်ဖို့နေရာအခက်အခဲရှိနေတာကြောင့် ပြည်နယ်အစိုးရအနေနဲ့ စွန်ပစ်ခံဘိုးဘွားတွေအတွက် နေရာတစ်ခုဖန်တီးပေးဖို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။