၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှာ မ.ထ.သ ကို ဖျက်သိမ်းပြီး အများပိုင် YBS စနစ်ကို ပြောင်းလဲကျင့်သုံးလာခဲ့တာ အခုဆိုရင် ၃ နှစ်ကျော် ကာလကို ရောက်ရှိလာခဲ့ပါပြီ။
ဒါပေမဲ့ YBS စနစ်နဲ့ ပြေးဆွဲနေတဲ့ ကားစီးရေက ၃၀၀၀ ခန့်သာ ရှိနေချိန်မှာ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်း နှစ်ဦးသဘောတူ ပုတ်ပြတ် ကန်ထရိုက်စနစ်နဲ့ ပြေးဆွဲနေတဲ့ ကားစီးရေကလည်း ၃၀၀၀ ခန့်ရှိနေတာကြောင့် အရင် မ.ထ.သ စနစ်ဟောင်းရဲ့ အငွေ့အသက်တွေ ပြန်လည်လွှမ်းမိုးလာပြီး တဦးတည်း အုံနာပိုင်စနစ်က အများပိုင်စနစ်ကို ခြိမ်းခြောက်လာတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း
ဓာတ်ပုံ – Facebook