ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းနေပါက မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုအတွက် “အရေးပါသော အလားအလာရှိသည့် လုပ်ဖော်ကိုင်ဘက်”ဖြစ်လာမည်ဟု အမေရိကန် သမ္မတ အိမ်ဖြူတော်ရှိ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး မစ္စတာ ဘန်ရုဒ်က သတင်းထောက်များကို ပြောဆိုသည်။ ပထဝီအနေအထားအရ အရေးပါခြင်း၊ သဘာဝ သယံဇာတများ ပေါကြွယ်ဝခြင်း၊ ထူးချွန်ထက်မြက်သော ပြည်သူလူထုများရှိခြင်းတို့ကို အမေရိကန်က အလေးထားကြောင်းနှင့် ဒီမိုကရေစီတည်ဆောက်ရေးခရီးအစတွင် အမေရိကန်တို့အနေဖြင့် အားပေးကူညီရန် အသင့်ဖြစ်နေကြောင်းလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။