• English
Monday, December 11, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရခိုင်၌ အင်တာနက်လိုင်းများ စတင် ပြတ်တောက်လာ

    ရခိုင်၌ အင်တာနက်လိုင်းများ စတင် ပြတ်တောက်လာ

    တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

    တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

    မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

    မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ဧရာဝတီတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အရှုပ်တော်ပုံ ဘယ်လို အဆုံးသတ်မှာလဲ

          by ဆလိုင်းသန့်စင်
          31 May 2017
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်တဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက် ရေး ဖောင်ဒေးရှင်း ဖွင့်ပွဲ အခမ်းအနား ၂၀၁၆ ခုနှစ် ဇွန်လ အတွင်းက ပြုလုပ်ခဲ့ပါတယ်။ / ဆလိုင်းသန့်စင် / ဧရာဝတီ

          6.5k
          VIEWS
          Share on FacebookShare on Twitter

          ဧရာဝတီတိုင်းမှာလည်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့ ဟောင်းက အစိုးရသစ်ကို ရန်ပုံငွေ ကျပ် ၅ ဘီလီယံကျော် လွှဲပြောင်းမပေးမှု ဖြစ်ပွားနေပါတယ်။

          တိုင်းအစိုးရ အဖွဲ့ဟောင်းအနေနဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅ ဘီလီယံ ကျော် (ကျပ်သိန်း ၅ သောင်းကျော်) ကို လက်ရှိ အစိုးရသစ်ကို လွဲှပြောင်းပေးခဲ့ခြင်း မရှိဘူးဆိုပြီး လက်ရှိ ဧရာဝတီတိုင်း အစိုးရအဖွဲ့သစ် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက မေလအတွင်းမှာ ထုတ်ဖော် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

          RelatedPosts

          တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

          တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

          11 December 2023
          1.3k
          ကွန်လုံ ဟူသည်မှာ…

          ကွန်လုံ ဟူသည်မှာ…

          10 December 2023
          2k
          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          910

          ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ကျပ်သိန်း ၅ သောင်းကျော် ပမာဏရှိတဲ့ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပုသိမ်မြို့ အခြေစိုက် ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ တယ်လို့ ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင်ဟောင်း ဦးဝင်းကိုကိုက ဝန်ခံပြောဆိုပါတယ်။

          ကျပ်သိန်း ၅ သောင်းကျော် ကို လှူဒါန်းခဲ့တယ်ဆိုတဲ့ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဆိုတာ က ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တဲ့ ဖောင်ဒေးရှင်းဖြစ်ပြီး တိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းတွေ အများအပြား ပါဝင်ခဲ့တာပါ။

          ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က မဲအပြတ်အသတ် ရှုံးနိမ့်ပြီးတဲ့ နောက်ပိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်တဲ့ တိုင်းအစိုးရ အဖွဲ့ ရာထူးကနေ ဆင်းပေးခါနီးအချိန်မှာ သူတို့အစိုးရ တာဝန်ယူစဉ်က လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ ဧရာဝတီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဖျက်သိမ်းခဲ့ပါတယ်။

          အဲဒီနောက်ပိုင်း၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ရဲ့ ဧရာဝတီတိုင်း အစိုးရ အဖွဲ့ မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်းနဲ့ ဝန်ကြီးချုပ်ရဲ့လက်ရင်းလူယုံ တဦးအဖြစ် နာမည်ကြီးတဲ့ ဧရာဝတီတိုင်း ပညာရေးမှူးဟောင်း ဦးကြည်အောင်တို့ ဦးဆောင်ပြီး ဧရာဝတီတိုင်း ဒေသကြီး ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း အဖြစ် အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

          ဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟာ ဖောင်ဒေးရှင်းအဟောင်းဆီက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သိန်း ၅ သောင်းကျော် (၅ ဘီလီယံကျော်) ကို အဆိုပါ ဖောင်ဒေးရှင်း အသစ်ထံ အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လက်မှတ်ထိုး လွဲှပြောင်းလှူဒါန်း ပေးခဲ့ပြီး ဦးသိန်းအောင် အပါအဝင် ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဝင် ဟောင်းတွေက အဆိုပါ ဖောင်ဒေးရှင်း နာယကများ အဖြစ် ပါဝင်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရပါတယ်။

          ဖောင်ဒေးရှင်းကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်း လှူဒါန်းခဲ့တဲ့ ငွေပမာဏဟာ ကျပ် ၅ ဒသမ ၂ ဘီလီယံ (ကျပ်သိန်း ၅ သောင်း ၂ ထောင်ကျော်) ဖြစ်တယ်လို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ လက်ခံရယူခဲ့တဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ပုသိမ်မြို့မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
          လှူဒါန်းငွေကျပ် သိန်း ၅ သောင်း ၂ ထောင်ကျော်အနက် သိန်း ၄၂၂၀ ကျော်ကို ဧရာဝတီတိုင်းထဲမှာရှိတဲ့ မြို့နယ် ၂၀ က ကျေးလက်မီးလင်းရေး လုပ်ငန်းတွေ အတွက် ချေးငှားထားခဲ့ပြီး ကျပ်သိန်း ၈၀၀၀ ကျော်ကို ယုံကြည် စိတ်ချရတဲ့ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ စီးပွားရေး လုပ်ကိုင်ထားကြောင်း၊ ကျန်ငွေ ကျပ် သိန်း ၄ သောင်း ကျော်ကို ပုသိမ်မြို့မှာ ရှိတဲ့ ဘဏ် ၄ ခုမှာ ခွဲပြီးအပ်နှံထားတယ်လို့ ပညာ၊ ကျန်းမာ ဖောင်ဒေးရှင်းက ဆိုပါတယ်။

          “ငွေတွေကို မဆုံးရှုံးအောင် စာချုပ်စာတမ်းနဲ့ လုပ်ကိုင်ထားပြီး အကျိုးအမြတ်ကိုလည်း ဘဏ်တိုးထက် ပိုရအောင် လုပ် ထားပါတယ်”လို့ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်းက ရှင်းပြပါတယ်။

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အာဏာရယူ အုပ်ချုပ်ခဲ့တဲ့ ၁ နှစ်ကျော် ကာလအတွင်းမှာ ပထမဆုံး အနေနဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ ပေါ်ပေါက်ခဲ့ပါတယ်။

          မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက မကွေးတိုင်းထဲက တနိုင်တပိုင် ရေနံ လက်ယက်တွင်း တူးသူတွေဆီက ကောက်ခံထားတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၂ သောင်း ၈ ထောင် ကျော် ကို အစိုးရဟောင်းက လွဲှပေးခြင်း ရှိ မရှိ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

          အဲဒီမေးမြန်းမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအမိန့်နဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ဦးဆောင်တဲ့ တိုင်း အစိုးရ အဖွဲ့ဟောင်းကို စစ်ဆေးခဲ့ရာမှာ လွဲှမပေးခဲ့တဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဟာ ကျပ်သိန်း ၇ ဒသမ ၄၅၉ ဘီလီယံ ကျပ် ဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

          အထူးစုံစမ်း စစ်ဆေးရေးဌာနရဲ့ စစ်ဆေးချက်အရ မကွေးတိုင်း အစိုးရဟောင်းအနေနဲ့ အဆိုပါ ၇ ဘီလီယံကျော် အနက် ရွှေသုခ အသေးစား ငွေချေးလုပ်ငန်းကို ၁ ဒသမ ၅၇ ဘီလီယံ၊ ကြံ့ခိုင်ရေး ပါတီအတွက် ၁ ဒသမ ၇ ဘီလီယံ သုံးစွဲထားပြီး ကျပ် ၄ ဒသမ ၁၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေး အတွက် သုံးစွဲထားကြောင်း သိရှိရပါတယ်။

          ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခလုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းတို့ အနေနဲ့ အဆိုပါငွေကြေးများကို ပြန်ပေး ဖို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားခဲ့ပြီး အဲဒီ ညွန်ကြားချက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

          ငွေတွေ ပြန်မပေးရင် ဥပဒေအရ အရေးယူမယ်လို့ ဒေါက်တာ အောင်မိုးညိုက ပြောဆိုခဲ့တဲ့နောက် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ကျပ်သိန်း ၁ သောင်း ၇ ထောင် (၁ ဒသမ ၇ ဘီလီယံ) ပြန်ပေးမယ်လို့ ပြောဆိုခဲ့ပြီး ရွှေသုခ လုပ်ငန်း ဥက္ကဋ္ဌ ဦးကြည်ထွန်းကလည်း သူတို့ရယူထားတဲ့ ငွေတွေ ပြန်ပေးမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို ဆက်သွယ်ပြောဆိုခဲ့ပါတယ်။

          မကွေးတိုင်း အစိုးရဟောင်းရဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စ ပေါ်ပေါက်ပြီးတဲ့နောက် ဧရာဝတီတိုင်း အစိုးရဟောင်းရဲ့ ရန်ပုံငွေတွေ လွဲှမပေးတာ ပေါ်ပေါက်ခဲ့ပြီး တဆက်တည်းဆိုသလို စစ်ကိုင်းတိုင်း အစိုးရဟောင်းကလည်း ကျပ်သိန်း ၉ ထောင်ကျော် လွှဲမပေးခဲ့တဲ့ အဖြစ်အပျက်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။

          NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကတော့ တိုင်းဒေသကြီး အစိုးရဟောင်းတွေ အနေနဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ လွဲှမပေးတဲ့ကိစ္စကို အစောကြီးကတည်းက သူတို့ သိထားခဲ့ကြောင်း ပုသိမ်မြို့ကို မေလ ဒုတိယပတ် အတွင်းက လာရောက်စဉ် မီဒီယာတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

          “အဲဒီရန်ပုံငွေတွေက အရင်တိုင်းအစိုးရတွေက သူတို့နည်းသူတို့ဟန်နဲ့ ရထားတဲ့ရန်ပုံငွေတွေ။ နယ်မြေဒေသ ဖွံ့ဖြိုးရေး ရည်ရွယ်ချက်နဲ့ ကောက်ခဲ့တဲ့ရန်ပုံငွေတွေ။ အဲဒါက သူတို့အစိုးရ တာဝန်မရှိဘူးဆိုရင် နောက်အစိုးရကို လွဲှရမယ်။ မလွဲှ ဘူး။ မလွဲှတဲ့ကိစ္စ ကိုယ်တို့သိတယ်။ ဘာမှမပြောဘူး။ အခုသူတို့ထဲက မကျေနပ်တဲ့ကောင်က တိုင်လို့ ပေါ်လာတာ”လို့ ဦးဝင်းထိန်က မီဒီယာတွေကို ပြောပါတယ်။

          မကွေးတိုင်း အစိုးရဟောင်းရဲ့ ရန်ပုံငွေကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိရှိသွားတဲ့ နောက်ပိုင်းမှာ ငွေစာရင်းဇယားတွေကို ရှေ့နေချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်ရုံးတွေကို ပေးပို့စစ်ဆေးစေခဲ့ပြီး ဥပဒေအတိုင်း လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ဦးဝင်းထိန်က ဆိုပါတယ်။

          “ဒီကိစ္စက တရားစွဲလို့ရတယ်။ တရားမစွဲဘဲနဲ့ ဒေါက်တာ အောင်မိုးညိုက ပြန်တောင်းတော့ ဘုန်းမော်ရွှေက ပြန်ပေး တယ်။ ပြန်ပေးတော့ ပိုက်ဆံပြန်ရတော့ မကွေးတိုင်း ဖွံ့ဖြိုးရေးတွေ လုပ်လို့ရတာပေါ့” လို့ ဦးဝင်းထိန်က ပြောပါတယ်။

          ဒေသရန်ပုံငွေ ကျပ်သိန်း ၇ သောင်းကျော်ကိစ္စမှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို အနေနဲ့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး မီဒီယာကတဆင့် အများသိအောင် ဖော်ထုတ်လုပ်ကိုင်ခဲ့မှုအပြီးမှာ ဒေသခံ ပြည်သူတွေနဲ့ သက်ဆိုင် တဲ့ ကျပ်သိန်း သောင်းနဲ့ချီတဲ့ ရန်ပုံငွေတွေ ပြန်လည်ရရှိဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။

          ဧရာဝတီတိုင်း ဒေသကြီးမှာတော့ ဒေသရန်ပုံငွေ ကျပ်သိန်း ၅ သောင်း ၂ ထောင်ကျော်ကိစ္စမှာ ဝန်ကြီးချုပ် မန်းဂျော်နီ အနေနဲ့ မီဒီယာကို လုံး၀ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
          ဧရာဝတီ သတင်းဌာနအနေနဲ့ ဝန်ကြီးချုပ် မန်းဂျော်နီရဲ့ ကိုယ်ရေး အရာရှိကတဆင့် ဆက်သွယ်ခဲ့ပေမယ့် ဝန်ကြီးချုပ် က ဖြေမှာ မဟုတ်ဘူးလို့သာ ပြန်လည် ပြောပါတယ်။
          “ဒီကိစ္စက ဆောင်ရွက်နေဆဲဆိုတော့ ဝန်ကြီးချုပ်က ဖြေမှာမဟုတ်ဘူး။ နေပြည်တော်မှာလည်း သတင်းထောက်တွေ ဝိုင်းမေးတုန်းကလည်း သူမဖြေခဲ့ဘူး။ ကိစ္စတွေအားလုံး ပြီးတဲ့အချိန်ကျတော့ ဝန်ကြီးချုပ်အနေနဲ့ ရှင်းလင်းပေးမှာပါ” လို့ သူက ပြောပါတယ်။

          ရန်ပုံငွေ ကျပ်သိန်း ၅ သောင်းကျော်ကိစ္စမှာ ဝန်ကြီးချုပ်က ဖြေကြားခြင်း မရှိတဲ့အတွက် ဝန်ကြီးချုပ်ကိုယ်စား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကပဲ မီဒီယာတွေကို တာဝန်ယူဖြေကြားနေခဲ့ပါတယ်။ တိုင်းအစိုးရ ကိုယ်စား ဖြေကြား တဲ့ ဝန်ကြီးဦးဝင်းဌေးရဲ့ ဖြေကြားချက်မှာလည်း ရန်ပုံငွေကိစ္စကို စစ်ဆေးနေတယ် ဆိုတာလောက်ပဲ ပါဝင်ပြီး စစ်ဆေးမှုအခြေအနေက ဘယ်အဆင့်ရောက်နေလဲ၊ ဘယ်သူ့ကို တာဝန်ပေး စစ်ဆေးနေလဲ စတဲ့ လုပ်ဆောင်မှုတွေ ကို ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။

          ဧရာဝတီတိုင်း အစိုးရအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်နေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စမှာ အေးတိအေးစက် ဖြစ်နေတဲ့ အပေါ် ဧရာဝတီတိုင်း အတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက အားမရဘူးလို့ ပြောဆိုကြပါတယ်။

          “ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စမှာ မီဒီယာတွေ ဖော်ထုတ်ချက်အရ ၅ ဒသမ ၂ ဘီလီယံဆိုတဲ့ ငွေပမာဏ တခု ပေါ်လာခဲ့ ပြီ။ ဒီအပေါ်မှာ တိုင်း အစိုးရအနေနဲ့ စီမံချက်ရေးဆွဲပြီး ဖိဖိစီးစီး လိုက်လုပ်သင့်တယ်။ အခုက အေးတိအေးစက် နဲ့ ဆိုတော့ နှောင့်နှေးမှုတွေ ဖြစ်နေတယ်။ ဧရာဝတီတိုင်း အစိုးရကို လုံးဝအားမရတာ အမှန်ပဲ” လို့ ပုသိမ်မြို့ အခြေစိုက် မြစ်ဝကျွန်းပေါ် ကာကွယ်မြှင့်တင်သူများ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။

          ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းအနေနဲ့ ကျပ်သိန်းပေါင်း ၅ သောင်း ၂ ထောင်ကျော် ပမာဏရှိတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို အနုပညာ ဖျော်ဖြေပွဲတွေ၊ ဒေသခံ လုပ်ငန်းရှင်တွေကို ငွေကြေး ထည့်ဝင်စေတာ၊ လုပ်ငန်း လေလံ တွေ၊ တင်ဒါ ခေါ်ယူမှုတွေကနေတဆင့် စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

          အဲဒီ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်း လွှတ်တော်မှာ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက စတင်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

          “ကျနော်တို့ဒေသက တံတားတွေ လမ်းတွေ တင်ဒါခေါ်တဲ့နေရာ၊ လေလံဆွဲတဲ့နေရာမှာ ငွေပမာဏ ဘယ်လောက်ကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေထဲကို ထည့်ဝင်ရမယ်လို့ လေလံ စည်းကမ်းထဲမှာကို ထည့်ဆွဲထားတာ။ အဲဒီတော့ ဒါကအလှူငွေမဟုတ်ဘူး။ တရားဝင် ကောက်ခံထားတဲ့ငွေတွေ” လို့ ဦးဇေယျာမင်းသိန်း က ပြောပါတယ်။

          ဖွံ့ဖြိုးရေးရန်ပုံငွေတွေ လက်ခံရယူထားတဲ့ နယ်လုံဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်း ဦးဆောင်တဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအနေနဲ့ ရန်ပုံငွေ ကျပ်သိန်း ၅ သောင်း ၂ ထောင်ကျော်ကို ပြန်လွဲှပေးဖို့၊ မပေးဖို့ သဘောထား ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

          အဲဒီအပြင် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း စုံစမ်းစစ်ဆေးလို့ ပေါ်ပေါက်ခဲ့ရင် အဆိုပါငွေကြေးတွေ ပြန်တောင်းမလား၊ မတောင်းဘူးလား ဆိုတာကိုလည်း ပြောဆိုခြင်း မရှိပါဘူး။

          “လွှတ်တော်မှာ မေးမြန်းလာချက်အရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ် နေပါ တယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းကိုတော့ နောက်တဆင့် ထပ်ပြီး စဉ်းစားမှာပါ။ နောက် တဆင့် ဘာဆက်လုပ်မလဲဆိုတာတော့ မပြောနိုင်သေးပါဘူး”လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ရဲ့ လမ်းပန်း ဆက်သွယ် ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

          ဖျာပုံ လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်း ကတော့ ဒီရန်ပုံငွေတွေဟာ ပြည်သူ့ငွေတွေ ဖြစ်တဲ့အတွက် ပြည်သူ လူထုထံ မဖြစ်မနေ ပြန်ပေးဖို့လိုအပ်တယ်လို့ သူ့သဘောထားကို ထုတ်ဖော် ပြောဆိုပါတယ်။

          “ဒီငွေတွေဟာ ပြည်သူ့ငွေတွေမို့ သူတို့ပြန်ပေးရမှာပဲလေ။ စစ်ဆေး ဆောင်ရွက်ရမှာကတော့ သက်ဆိုင်ရာ တိုင်း ဒေသ ကြီး အစိုးရနဲ့ ပြည်ထောင်စု အစိုးရ တာဝန်ပဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဆို နှစ်စဉ်လိုလို သဘာဝဘေး အန္တရာယ် ရင်ဆိုင်နေရတာ။ အစိုးရမှာရှိတာ ၁ ကျပ်၊ အောက်မှာ လိုအပ်နေတာက ၁၀၀ ဆိုတော့ ဒီငွေလေးသာရှိရင် ကျနော်တို့ တိုင်းက ပြည်သူလူထုအတွက် အထောက်အပံ့တခုခု ဖြစ်လာမှာပါ”လို့ ဦးဇေယျာမင်းသိန်းက ပြောပါတယ်။

          မကွေးတိုင်း အစိုးရဟောင်းထံက ကျပ်သိန်းပေါင်း သောင်းနဲ့ချီတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို ပြည်သူတွေ အတွက် ရအောင် ပြန်တောင်းပေးနိုင်ခဲ့လို့ NLD ပါတီရဲ့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို အပေါ် မကွေးတိုင်း က ပြည်သူတွေရော ဒီမိုကရေစီအရေး ထောက်ခံတဲ့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကရော ချီးကျူး ဂုဏ်ပြုခဲ့ကြပါ တယ်။

          ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီအနေနဲ့ရော ကျပ်သိန်းပေါင်း ၅ သောင်း ၂ ထောင် ပမာဏရှိတဲ့ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စနဲ့ပတ်သက်ပြီး ဘာတွေများ စွမ်းဆောင်ပြနိုင်မလဲဆိုတာတော့ ဆက်လက် စောင့်ကြည့် သွားရမှာ ဖြစ်ပါ တယ်။ ။

          Your Thoughts …
          Tags: ဧရာဝတီတိုင်း ဖွံ့ဖြိုးရေး ရန်ပုံငွေ
          ဆလိုင်းသန့်စင်

          ဆလိုင်းသန့်စင်

          ဧရာဝတီ

          Similar Picks:

          No Content Available
          Next Post
          Miss Universe Myanmar 2017 အလှမယ် ဇွန်သံစဉ် / Zun Than Sin Facebook

          မယ်စကြာဝဠာပြိုင်ပွဲတွင် စောင်းတူရိယာဖြင့် တင်ဆက်သွားမယ့် အလှမယ် ဇွန်သံစဉ်

          / Ramsar.org

          မုတ္တမ ရေဝပ် ဒေသကို မြန်မာ၏ စတုတ္ထမြောက် အပြည်ပြည် ဆိုင်ရာ ရေဝပ်ဒေသ အဖြစ် သတ်မှတ်

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          3 days ago
          18.3k
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          2 days ago
          13.2k

          Most Read

          • မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

            မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved