IT

ပထမဆုံး Android Go ဖုန်းဖြစ်တဲ့ ZenFone Live ကို ASUS မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

ASUS ရဲ့ ပထမဆုံး Android Go ဖုန်းဖြစ်တဲ့ ZenFone Live ကတော့ တရားဝင်ထွက်ရှိလာပါပြီ။ ASUS ဟာ အရင်ကလည်း ZenFone Live နာမည်နဲ့ ဖုန်းမော်ဒယ် ၂ မျိုးလောက် ထုတ်ခဲ့ဖူးပေမယ့်၊ အခုဖုန်းအသစ်ကို လည်း ZenFone Live L1 လို့ပဲ နာမည်ထပ်ပေးထားပါတယ်။

ZenFone Live L1 ဟာ Pure Android စနစ်ကို တန်ဖိုးနည်းဖုန်းတွေမှာ အဆင်ပြေပြေသုံးနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ Android Go စနစ်သုံး ဖုန်းတလုံးဖြစ်ပြီး၊ သာမန် Specifications အနိမ့်တွေကိုပဲ အသုံးပြု ထားပါတယ်။ ဈေးနှုန်းကလည်း ၁၀၉.၉၉ ဒေါ်လာပဲ ရှိမှာပါ။

ZenFone Live L1 မှာ ၅.၅ လက်မအရွယ် 18:9 720p Display ၊ Snapdragon 425 Chipset ၊ 1GB RAM နဲ့ 16GB Internal Storage တို့ ပါဝင်မှာဖြစ်ပြီး၊ သဘောကျစရာအချက်တခုက SIM ကတ်နှစ်ကတ်အပြင် microSD card တကတ်ပါ သက်သက်ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ PDAF စနစ်ပါဝင်တဲ့ 8MP ကျောကင်မရာတလုံးနဲ့ 5MP ရှေ့ကင်မရာတလုံးတို့ ပါရှိပြီး၊ ဘက်ထရီကတော့ 3,000mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ ASUS ဟာ ဒီဖုန်းမှာ Android 8.1 Oreo Go Edition ကို အသုံးပြုထားပေမယ့်လည်း၊ ZenUI ကိုလည်း ဆက်သုံးထားပါသေးတယ်။

ASUS ZenFone Live L1 ကို လောလောဆည်တော့ အမေရိကန်ပြည်ထောင်စုအတွင်းမှာပဲ ရောင်းချသွားမှာ ဖြစ်ပြီး၊ အွန်လိုင်းအရောင်းဝဘ်ဆိုဒ်တခုဖြစ်တဲ့ Best Buy ကနေပဲ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Ref: Slash Gear, Android Police

Did you find apk for android? You can find new Free Android Games and apps.
Loading