ကမ္ဘာ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကုမ္ပဏီတခုဖြစ်တဲ့ “Huawei” မှ Huawei P9 စတင် မိတ်ဆက်ခဲ့တဲ့နေ့မှာ P9 မှ ဖုန်းကင်မရာကို အသုံးပြုပြီး အနုပညာရှင်များနဲ့ ဓာတ်ပုံပညာရှင်များမှ ဓာတ်ပုံများ ရိုက်ကူးမယ့် “Worldfie Game Campaign” ကိုပါ တွဲဖက်ပြီး ကြေညာခဲ့ပါတယ်။
“Worldfie Game Campaign” ဟာ Huawei P9 ရဲ့ တီဗီကြော်ငြာကို အခြေခံပြီး ပြုလုပ်ခဲ့တဲ့ Campaign တခုလို့ သိရပါတယ်။ Huawei P9 ရဲ့ တီဗီကြော်ငြာမှာ ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်တဲ့ Scarlet Johansson နဲ့ Henry Cavil တို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဖြူအမည်းနဲ့ ကာလာဓာတ်ပုံတွေကို အပြိုင်အဆိုင် ရိုက်ကူးခဲ့ကြတာကို တွေ့ရပါတယ်။
“Worldfie Game Campaign” မှာ အနုပညာရှင်များ၊ ဓါတ်ပုံပညာရှင်များက (Black & White) အဖြူအမည်းဓာတ်ပုံများ ရိုက်ကူးမယ့်အဖွဲ့နဲ့ ကာလာဓာတ်ပုံများ ရိုက်ကူးမယ့်အဖွဲ့ဆိုပြီး အဖွဲ့ ၂ ဖွဲ့ခွဲပြီး ပါဝင်ခဲ့ပါတယ်။ Black & White အဖွဲ့မှာ မော်ဒယ်လ် Mဆိုင်းလူ၊ Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာ၊ ဓာတ်ပုံပညာရှင် အောင်ပြည်စိုး၊ ဓာတ်ပုံပညာရှင် ထက်အောင်ကျော်တို့ပါဝင်ပြီး ကာလာဓာတ်ပုံအဖွဲ့မှာ မော်ဒယ်လ်သရုပ်ဆောင် အေရိယယ်သုတ၊ အဆိုတော် ရဲလေး၊ ဓါတ်ပုံပညာရှင် Jason၊ ဓါတ်ပုံပညာရှင် မိုးပိုင်စိုးတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲမှာ ပရိသတ်က ဘယ်အဖွဲ့ ရှုံးနိမ့်တယ်ဆိုတာကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ သို့ပေမယ့် Huawei P9 ဖုန်းနဲ့ ကမ္ဘာကျော် ကင်မရာ အမှတ်တံဆိပ် Lecia တို့ရဲ့ ပူးပေါင်းဖန်တီးထားတဲ့ မှန်ဘီလူးနှစ်ခုပါဝင်သော P9 ကင်မရာဖြင့် ရိုက်ကူးထားသည့် ပြောင်မြောက်တဲ့ ဓာတ်ပုံရိုက်ချက်တွေကိုတော့ တွေ့မြင်ခံစားခဲ့ကြရပါတယ်။
Campaign ကနေရရှိတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို Huawei ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာဖြစ်တဲ့ Huawei Mobile Myanmar မှာ တင်ခဲ့သလို https://mm.huaweip9gallery.com မှာလဲ လွှင့်တင်ခဲ့တယ်လို့ သိရပါတယ်။
အဖွဲ့ ၂ ဖွဲ့ရဲ့ ဓာတ်ပုံတွေကို Black & White album နဲ့ Color album ဆိုပြီး Huawei Mobile Myanmar Facebook စာမျက်နှာမှာတင်ပြီး Huawei Fan တွေအတွက် “Like & Share” အစီအစဉ်ကိုလဲ ပြုလုပ်ခဲ့ပါတယ်။ Huawei ပရိသတ် အယောက် ၁၅၀၀ ကျော်က Like၊ Share၊ Comment လုပ်ခဲ့ကြပြီး Huawei P9၊ Huawei P9lite၊ Power Bank စတဲ့ ဆုလက်ဆောင်တွေ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
“ဒီလို တခါမှ မလုပ်ဖူးသေးတဲ့ Worldfie Game Campaign က Huawei သုံးစွဲသူတွေအတွက်သာမကဘဲ Huawei Mobile Myanmar Facebook ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိစေခဲ့ပါတယ်” လို့ Huawei Device Myanmar ရဲ့ Marketing Manager Jeff Yang က ဆိုပါတယ်။