အိမ်ထောင်သည်တွေပဲ ဖြစ်ဖြစ်၊ ချစ်သူရည်းစားတွေပဲ ဖြစ်ဖြစ် ချစ်သူသက်တမ်း ရှည်ကြာတဲ့တိုင်အောင် ရင်းရင်းနှီးနှီး ချစ် ခင်ကြဖို့အတွက် တဦးနဲ့တဦး ပြောဆို ဆက်ဆံရာမှာ အမြဲ ပြုမူသင့်တဲ့အချက်လေးတွေကို ပြောပြချင်ပါတယ်။
(၁) တီဗီအတူတူ ကြည့်ပါ
အိမ်မှာ တီဗီ အတူတူကြည့်တာပဲ ဖြစ်ဖြစ် ၊ ရုပ်ရှင်ရုံမှာ သွားကြည့်တာပဲ ဖြစ်ဖြစ် နှစ်ယောက်တည်း အတူတူ ရုပ်သံကြည့်မယ် ဆိုရင် ချစ်သူတွေကြားမှာ သံယောဇဉ်ကို ပိုစေလာတတ်ပါတယ်။
(၂) အပြန်အလှန် စကားကောင်းပြောပါ
အကြောင်းရင်း ကောင်းကောင်း မရှိတဲ့တိုင်အောင် ဒီနေ့ အရမ်းလှတယ်၊ အချိန်ပေးတဲ့အတွက် အရမ်းပျော်မိတယ်၊ မင်း ဆွတ်ထားတဲ့ ရေမွှေးလေးက အရမ်းမွှေးတယ် စသဖြင့် မြှောက့်ပင်တဲ့ စကားမျိုး ပြောပေးပါ။ သူဟာ သင့်အတွက် အမြဲတမ်း အလှဆုံး၊ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နေထိုင်ပါလိမ့်မယ်။
(၃) ချစ်တယ်လို့ ခဏခဏ ပြောပါ
ကိုယ့်ချစ်သူကို ချစ်တယ်ဆိုပြီး ဖုန်းဆက်တိုင်း၊ လူချင်းတွေ့တိုင်း၊ အမြဲတမ်း ပြောပေးပါ။ ကိုယ့်စိတ်ထဲမှာ သူ ရှိနေတယ်ဆို တာ သိသာစေပြီး သံယောဇဉ် ပိုလာစေပါတယ်။
(၄) ကျေးဇူးတင်ပါတယ်လို့ ပြောပါ
အကြောင်းတခုခုအတွက် သင့်ချစ်သူရဲ့ ပါဝင်မှုတိုင်းမှာ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါတယ်။ တချို့ကတော့ ချစ်သူချင်း စိမ်းစေတယ်လို့ ယူဆပြီး ကျေးဇူးတင်ပါတယ်လို့ မသုံးကြပေမယ့် အတူတူ ရှိနေပေးလို့ ကျေးဇူးပါ၊ အားပေးလို့ ကျေးဇူးပါ၊ အချိန်ပေးလို့ ကျေးဇူးပါ စသဖြင့် ကျေးဇူးတင်စကား ပြောပေးတာ ပိုကောင်းပါတယ်။
(၅) ပျော်ပွဲရွှင်ပွဲ အတူတူသွားပါ
အခြေအနေ၊ ကန့်သတ်ချက်တခုခုကြောင့် အတူတူ မသွားနိုင်တဲ့အနေအထားက လွဲရင် ပျော်ပွဲရွှင်ပွဲတွေ၊ အခမ်းအနားတွေကို အတူတူ သွားပါ၊ အတူတူ ပျော်ပါ၊ အတူတူ ခံစားမျှဝေပါ။
(၆) စာတိုအမြဲပို့ပါ
အခုခေတ် Facebook အသုံးများမှုနဲ့ အတူ Messenger ကနေပဲ ဖြစ်ဖြစ်၊ ပုံမှန် ဖုန်းစာတိုစနစ်ကနေပဲ ဖြစ်ဖြစ်၊ သတိရ ကြောင်း၊ လွမ်းကြောင်း၊ ချစ်ကြောင်းတွေကို သတိရတိုင်း အမြဲပေးပို့ပါ။ သင့်စိတ်ထဲမှာ သူ အမြဲ ရှိတယ်ဆိုတာ ပေါ်လွင်စေ ပြီး ပိုမို ခိုင်မာတဲ့သံယောဇဉ်ကို ဖြစ်လာစေပါလိမ့်မယ်။
(၇) အိပ်ရာ အတူတူဝင်ပါ
အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြား အကြောင်းအရာတခုခုကြောင့်ပဲ ဖြစ်ဖြစ်၊ အိမ်ရာဝင် နောက်ကျမယ်ဆိုရင် ခဏ စောင့်ဖို့ ပြောပြီး အတူတူ အိပ်ရာဝင်ပါ၊ အိပ်နှင့်ပါ၊ အိပ်နှင့်လေ ဆိုတာမျိုး မလုပ်ပါနဲ့။ အိပ်ရာ အတူတူဝင်ခြင်းကလည်း သံယောဇဉ် ပိုလာစေတတ်ပါတယ်။
(၈) ပျော်ရွှင်စရာ အချိန်တွေကို အတူတူ ဖြတ်သန်းပါ
နံပါတ် ၅ မှာ ပြောခဲ့တဲ့ ပွဲလမ်းသဘင်တွေ အတူတူ သွားခြင်း မဟုတ်ဘဲ ကားအတူတူ စီးနေရင်းကနေ နောက်ဆုံး နှစ် ယောက်တည်း ပျော်ပွဲစားထွက်တဲ့ ခရီးထိအောင် ပျော်ရွှင်စရာအကြောင်းတွေ ပြောပါ၊ အတူတူ ရယ်မောပါ၊ နှစ်ကိုယ်တည်း ကြားမှာ ကြည့်နူးစရာတွေ ဖြစ်တည်နေပါစေ။
(၉) သူ့ဝါသနာ ကိုယ့်ဝါသနာ ညှိနေပါ
သူက ရေကူး ဝါသနာပါရင် ရေကူးကန် လိုက်ပို့ဖို့ရော ကိုယ်တိုင် ဝါသနာ မပါသည့်တိုင်အောင် ရေလိုက်ကူးဖို့ ပြင်ဆင်ပါ၊ ကိုယ်တိုင်က စက်ဘီးစီး ဝါသနာပါမှုအတွက် သူ့ကိုပါ စက်ဘီးအတူတူ စီးဖို့ ဖိတ်ခေါ်ပါ၊ အမြဲပါပါစေ။ အချိန်တွေကို အတူတူ ဖြတ်သန်းတာ အကောင်းဆုံးပါ။
(၁၀) ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံပါ
မိမိအနေနဲ့ ငွေကြေးအကူအညီ လိုအပ်တယ် ဆိုရင်တောင်မှ ဘာလုပ်ချင်တယ်၊ ဘယ်လောက်လိုတယ် ဆိုတာ ဖွင့်ပြောဖို့ ဝန် မလေးပါနဲ့၊ ဒီလိုပဲ သူ့ရဲ့လိုအပ်ချက်ကို ဖွင့်ပြောလာချိန်မှာ ဖြစ်စေ၊ မိမိအနေနဲ့ တခြားကနေ သိထားတာပဲ ဖြစ်စေ ဖြည့်ဆည်း ဆောင်ရွက်ပေးပါ။
မှန်ကန်သော လိုအပ်ချက်တွေအတွက် အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆို ဖြည့်ဆည်းပေးတာ အကောင်းဆုံးပါ။
(၁၁) အတူတူ လုပ်ဆောင်ပါ
အိမ်မှာ ညစာချက်စားရင်လည်း အတူတူ ချက်ပါ၊ တတ်နိုင်တာ ဝင်ကူပါ၊ အိမ်ခြံဝန်း သန့်ရှင်းရေး လုပ်ရင်လည်း မိမိ တတ် နိုင်တဲ့ဘက်က ပါဝင်ပါ။ အကောင်း၊ အဆိုး၊ ပင်ပန်း၊ ချမ်းသာမှု မှန်သမျှ မျှေ၀ ခံစားဖို့ မမေ့ပါနဲ့။
www.rd.com