Automobile

အားသာချက်တွေနဲ့ Fait ရဲ့ 124 Spider Abarth မော်ဒယ်သစ်

Want create site? Find Free WordPress Themes and plugins.

တကယ်ဆိုရင် Fiat က အီတလီ အခြေစိုက် ကားကုမ္ပဏီ၊ အမေရိကန် အခြေစိုက် Chrysler နဲ့ မိတ်ဆက် ကုမ္ပဏီတွေ ဖြစ်ပြီး နည်းပညာပိုင်းရော မော်ဒယ် ထုတ်လုပ်မှု အပိုင်းမှာပါ ပူးပေါင်း လုပ်ဆောင်နေမှုတွေ ရှိပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်း Fiat က ဂျပန် အခြေစိုက် Mazda နဲ့လည်း နည်းပညာ ပူးပေါင်းမှုတွေ ရှိလာပြီး အခု ပြောမယ့် 124 Spider က Mazda ရဲ့ ရောင်းအား အကောင်းဆုံး နှစ်ယောက်စီး Coupe မော်ဒယ် MX5 ကနေ ဖန်တီးမှု အခြေခံ ရယူ ထုတ်လုပ်ပြီး ဥရောပနဲ့ အမေရိကန် ဈေးကွက်မှာ အောင်မြင်မှု ရအောင် ရောင်းချလာတဲ့ မော်ဒယ်ပါ။ ဒါဆိုရင် 124 Spider ကရော MX5 နဲ့ ဘာတွေ ကွာခြားပါသလဲ။

မော်ဒယ်က လက်ကိုင်ပိုင်း အထူးပဲ ကောင်းမွန်လှပါတယ်။ မြန်နှုန်းမြင့် မောင်းနှင်ချိန်ရော ကွေ့လမ်းကြောင်း မောင်းနှင်မှုမှာပါ အကောင်းဆုံး ထိန်းချုပ်မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ ပြီးတော့ လက်ကိုင်ဘီးကို ထိန်းချုပ် မောင်းနှင်ရမှုက စိတ်ကျေနပ်မှု အပြည့်ပေးသလို ဘရိတ်ကလည်း စိတ်ထဲမှာ ရာနှုန်းပြည့် ကျေနပ်မှု ဖြစ်စေပါတယ်။ အမြန်နှုန်းမြှင့် မောင်းနှင်နိုင်မှုလည်း ကောင်းတယ်၊ အမိုးဖွင့် မော်ဒယ် အနေနဲ့ပါ ရနိုင်ပြီး အမိုး အတင်၊ အချ မြန်မြန် ဆန်ဆန် လုပ်ဆောင်နိုင်တာလည်း တွေ့ရပါတယ်။ Abarth မော်ဒယ်ခွဲဆိုရင် ကိုယ်ထည်လည်း ပေါ့ပါးပြီး တန်းတူ မော်ဒယ် တွေထဲမှာ ကိုယ်ထည်အလေးချိန်၊ စွမ်းဆောင်ရည် ဟန်ချက် အညီဆုံး မော်ဒယ်ဖြစ်လာပါတယ်။

Auto စနစ်နဲ့ ကားတွေ ဆီစားလည်း ချိုလာတယ်၊ လူကြိုက်လည်း များလာတယ်၊ ဒါပေမယ့် 124 Spider ရဲ့ Auto စနစ်က ဆီစား ချိုပေမယ့် အသုံးပြု မောင်းနှင်ရမှု စိတ်ကြိုက် မဖြစ်စေပါဘူး။ ဂီယာချက် ပြောင်းလဲ မောင်းနှင်မှု အတွက် အနည်းငယ် လေးသလို ဖြစ်နေပါတယ်။ အတွင်းခန်း အပြင်အဆင် အားနည်းပါတယ်၊ နောက်ဘက် ဝန်တင်ခန်းလည်း ကျဉ်း ပါတယ်။ အင်ဂျင်ရော တာယာနဲ့ လမ်းသား တိုက်မိလို့ ထွက်လာတဲ့ ဆူညံသံ ရှိနေပါတယ်။ ပြီးတော့ ထိုင်ခုံတွေကို အနိမ့်၊ အမြင့် ပြင်ဆင် အသုံးပြုရမှု စိတ်ကြိုက် မဖြစ်ဘဲ အသုံးပြုရ မလွယ်စေသလို ဖြစ်နေပါတယ်။

မော်ဒယ်မှာ အင်ဂျင်စနစ် အနေနဲ့ကတော့ တမျိုးတည်း လာပါတယ်။ Turbocharged စနစ်ပါရှိတဲ့ ၁ ဒသမ ၄ လီတာသုံး အသေးစား လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်က ရုန်းအား ၁၈၄ ပေါင်/ပေမှာ မြင်းကောင်ရေ ၁၆၄ ကောင်အား ထွက်ရှိပါတယ်။ နောက်ဘီးယက်စနစ် တမျိုးတည်းပဲ ရနိုင်ပါတယ်။ ဂီယာပိုင်းမှာတော့ ၆ ချက်သုံး Manual နဲ့ရော Auto နဲ့ပါ ရနိုင်ပေမယ့် အထက်မှာ ပြောခဲ့သလို Auto က စိတ်ကြိုက်မဖြစ်ဘဲ Manual နဲ့ကတော့ အကောင်းဆုံး မော်ဒယ်လို့တောင် ဆိုနိုင်ပါတယ်။

မော်ဒယ်က ၁၇ လက်မ ဘီးတွေနဲ့လာပါတယ်၊ လေအေးပေးစနစ်ပါမယ်၊ ယာဉ်မောင်းထိုင်ခုံက အနိမ့်၊ အမြင့် ချိန်နိုင်မယ်။ Cruise Control ပါမယ်။ လက်ကိုင်ဘီးကိုလည်း အနိမ့်၊ အမြင့် ချိန်နိုင်အောင် ဖန်တီးထားပါတယ်။ Suspension စနစ်က ပြိုင်ကားတွေမှာ တွေ့ရတဲ့ Peformance စနစ်နဲ့ ဖြစ်ပါတယ်။ Drive Mode ရွေးချယ် မောင်းနှင်နိုင်ပြီး Sport နဲ့ Eco တွေ အပါအဝင် Mode တွေ မျိုးစုံ ထည့်သွင်းထားတာ တွေ့ရပါတယ်။

အတွင်းခန်း အပြင်အဆင်ရော ထိုင်ခုံပါ သားရေနဲ့ ဖြစ်ပါတယ်။ ၇ လက်မ အရွယ် မျက်နှာပြင်စနစ် ပါရှိပြီး နောက်ဘက် ရိုက်ကူး ကင်မရာနဲ့ ချိတ်ဆက်ထားပါတယ်။ ဂြိုဟ်တု ရေဒီယိုလည်း ဖမ်းနိုင်ပါတယ်။ GPS စနစ် ပါရှိပါတယ်။ USB ပေါက် ၂ ပေါက်ပါတယ်၊ အသံပိုင်းမှာတော့ လက်ထဲ ရောက်မှ ပြန်ထည့်ရဖို့ ရှိပြီး စပီကာ ၃ လုံးပဲ ပါပါတယ်။ LED မီးကြီးတွေနဲ့ ဖြစ်ပြီး Comfort နဲ့ Convience လို နောက်ထပ် နည်းပညာစနစ်တွေ အဆင့်မြှင့် ထည့်သွင်းနိုင်မှု လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

မော်ဒယ်က အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၇ စက္ကန့် ဝန်းကျင်နဲ့ ရောက်မှာ ဖြစ်ပြီး တန်းတူ မော်ဒယ်တွေနဲ့ စာရင်တော့ ပိုပြီး မြန်နေပါတယ်။ ဒါပေမယ့် အကောင်းဆုံး စွမ်းဆောင်ရည်တော့ မဟုတ်ပါဘူး။ ဘရိတ်ပိုင်းကတော့ အဆိုပါ တနာရီမိုင် ၆၀ အမြန်နှုန်းကနေ ရပ်တန့်ဖို့ အကွာအဝေး ၁၁၁ ပေပဲ ယူပြီးဈေးကွက်ဝင် မော်ဒယ်တွေထဲမှာ ဘရိတ်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံးပါ။

ဆီတစ်ဂါလံကိုတော့ မိုင် ၃၀ လောက် စီးနင်းနိုင်မှာ ဖြစ်ပြီး သင့်ရုံပဲ ရှိပါတယ်။ အခုထက် ဆီစား ပိုချိုရင်တော့ လူကြိုက် ပိုလာနိုင်ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကို ဒေါ်လာ ၂၈၀၀၀ နဲ့ ရောင်းချနေပြီး မော်ဒယ်ခွဲ အပေါ် မူတည်လို့ ဈေးနှုန်း ထောင်ဂဏန်းလောက် ကွာခြားချက်နဲ့ပဲ ရောင်းချနေတာ တွေ့ရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading