Fast & Furious ရုပ်ရှင်တွေဟာ ထွက်ရှိထားခဲ့သလောက်မှာ အောင်မြင်မှုတွေ တစထက်တစ မြင့်တက် လာတာနဲ့အတူ အရင်က သရုပ်ဆောင်တွေကိုလည်း နောက်ထပ် ထွက်ရှိမယ့်ရုပ်ရှင်တွေမှာ ပြန်လည်ထည့်သွင်းဖို့ စဉ်းစားလာပါတယ်။
၂၀၁၃ ခုနှစ်မှာ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးပါးခဲ့ရတဲ့ မင်းသား Paul Walker ကို Fast & Furious 7 မှာ ဧည့်သည်သရုပ်ဆောင်တဦးအဖြစ် တွေ့မြင်ခဲ့ကြပြီး Fast & Furious 9 မှာ ပိုမိုများပြားတဲ့ အခန်းကဏ္ဍတွေနဲ့ တွေ့မြင်ရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
Fast & Furious 7 ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ WETA နည်းပညာအကူအညီနဲ့ Paul Walker ရဲ့ ပုံပန်းသွင်ပြင်ကို ဖန်တီးခဲ့ဖူးပြီး သတိရလွမ်းဆွတ်ကြောင်း အမှတ်တရ အနေနဲ့ ရုပ်ရှင်မှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ Fast & Furious 9 မှာတော့ ဧည့်သည်သရုပ်ဆောင်ဆိုတဲ့ အခန်းကဏ္ဍ တခုထက် ပါဝင်လာဖို့ ရှိတယ်လို့ လွန်ခဲ့တဲ့ရက်တွေကတည်းက သတင်းတွေ ထွက်နေခဲ့တာပါ။
ဘယ်လိုဇာတ်အိမ် တည်ဆောက်မှုမျိုးမှာ မင်းသား Paul Walker ကို တွေ့မြင်ရမလဲဆိုတာနဲ့ အချိန်အပိုင်းအခြားတခုကိုတော့ အတိအကျ မသိရသေးပါဘူး။
ရုပ်ရှင်ထုတ်လုပ်မှုပိုင်းဟာ လုပ်ဆောင်နေဆဲဖြစ်ပြီး Fast & Furious 9 အတွက် ဇာတ်ညွှန်းရေးသားမှုပိုင်းဟာလည်း အကြမ်းသဘောပဲ ရှိသေးတာကြောင့် Paul Walker ပါဝင်မှုနဲ့ ပတ်သက်လို့ အတိအလင်း မကြေညာနိုင်သေးပါဘူး။
လတ်တလောမှာတော့ ၁၉၅၅ ခုနှစ်မှာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ နာမည်ကျော်မင်းသားကြီး James Dean ကိုလည်း နည်းပညာအကူအညီနဲ့ ရုပ်ရှင်ထဲ တွေ့မြင်ရဖို့ ရှိနေတဲ့ သတင်းတချို့ ထွက်ပေါ်နေတာဖြစ်ပြီး Paul Walker ကိုလည်း သိပ်မလိုတော့တဲ့ အချိန်ကာလတခုအတွင်း Fast & Furious 9 ရုပ်ရှင်မှာ တွေ့မြင်ရမှာဖြစ်တာကြောင့် သူ့ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာ သတင်းတခုပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
“Fast & Furious 9” ရုပ်ရှင်မှာ မင်းသား Keanu Reeves ပါဝင်လာဖွယ်ရှိ
“Fast & Furious” ရုပ်ရှင်မှာ Vin Diesel နဲ့အတူ ပါဝင်လာမယ့် အဆိုတော် Cardi B