Daejong ရုပ်ရှင်ဆုပေးပွဲမှာ ဆု ၅ ဆု ရခဲ့တဲ့ "Parasite"
အော်စကာဆုရ “Parasite” ရုပ်ရှင်ဟာ ဇွန်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အခုနှစ်အတွက် တောင်ကိုရီးယား ရုပ်ရှင်ဂုဏ်ပြုပွဲတပွဲ ဖြစ်တဲ့ Daejong ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၅ ဆု ရရှိခဲ့ပါတယ်။
ဆိုးလ်မြို့အရှေ့ပိုင်းမှာရှိတဲ့
ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ဒါရိုက်တာ Bong ကိုယ်စား “Parasite” ရုပ်ရှင် ထုတ်လုပ်သူ Kwak Sin-ae က “သမိုင်းကြောင်းရှည်လျားခဲ့ပြီ
“Parasite” ရုပ်ရှင်ဟာ ဆင်းရဲတဲ့ မိသားစုနဲ့ ချမ်းသာတဲ့ကြားက လူတန်းစားမညီမျှမှုအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆုပေါင်း ၁၁ ဆုအထိလျာထားခံခဲ့ရပြီးတဲ့နောက် အခုလို ဆု ၅ ဆုအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာလည်း အကောင်းဆုံး ဇာတ်ကားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် အော်စကာ ဆု ၄ ဆု ရရှိခဲ့ပါတယ်။
ကိန်းစ်ရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d’Or ဆုကနေ စတင်လို့ ပြီးခဲ့တဲ့ နှစ်အတွင်းနိုင်ငံတကာ ရုပ်ရှင်ဆုပေးပွဲတွေကနေ ဆုပေါင်း ၁၅၀ ကျော်အထိ ဆွတ်ခူးရရှိထားပြီး ဖြစ်ပါတယ်။ တောင်ကိုရီးယား တနိုင်ငံတည်းမှာတင် ကြည့်ရှုသူ ၁၀ သန်းကျော်ရှိခဲ့ပြီး ဝင်ငွေကတော့ ဒေါ်လာ ၂၅၇ သန်း ရှိခဲ့ပါတယ်။
ဆုပေးပွဲမှာတော့ မင်းသား လီဗြောင်းဟွန်းက “Ashfall” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသားဆု၊ “Kim Ji-young: Born 1982” ရုပ်ရှင်နဲ့ မင်းသမီး ဂျောင်ယူမီက အကောင်းဆုံး မင်းသမီးဆုတို့ကို ရရှိခဲ့ပါတယ်။ “Extreme Job” ရုပ်ရှင်ထဲက မင်းသား Jin Seon-kyu က အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။
အကောင်းဆုံး တက်သစ်စ ဒါရိုက်တာဆုကို “House of Hummingbird” ဒါရိုက်တာ Kim Bora က ရရှိခဲ့ပါတယ်။ “Tune in for Love” ထဲက မင်းသား ဂျောင်ဟယ်အင်းနဲ့ “After My Death” ထဲက မင်းသမီး ဂျောင်ယောဘင်တို့က အကောင်းဆုံးတက်သစ်စမင်းသားနဲ့ မင်းသမီးဆုတွေကို အသီးသီးရရှိခဲ့ပါတယ်။
Grand Bell Awards လို့လူသိများတဲ့ Daejong ရုပ်ရှင်ဆုပေးပွဲကို မူလက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် COVID -19 ကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
Ref: Yonhap
You may also like these stories:
ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရ “Parasite” ရုပ်ရှင် ကြိုတင်လက်မှတ် ရောင်းအားကောင်းနေ
“Parasite” ရုပ်ရှင်ကို HBO ရဲ့ Limited စီးရီးအဖြစ် ပြန်လည်ဖန်တီးဖို့ ရှိနေ
YouTube မှာ Gold Play Button ရသွားတဲ့ မင်းသား ပတ်စောဂျွန်း