ကိုယ်အလေးချိန် လျှော့ချနေသူတွေ အတွက်တော့ အသီးအနှံတွေဟာ စားသုံးဖို့ အသင့်တော်ဆုံး သရေစာ အမျိုးအစားပဲ ဖြစ်ပါတယ်။ အသီးအနှံတွေမှာ ပါဝင်တဲ့ သကြားဓာတ် ပါဝင်မှုနှုန်းဟာ အသီးအမျိုးအစားပေါ် လိုက်ပြီး အနည်းနဲ့အများ ကွာခြားမှု ရှိတာကြောင့် အာဟာရ ပညာရှင်တွေရဲ့ သုတေသန လေ့လာချက်တွေအပေါ် မူတည်ပြီး ဝိတ်ချနေသူတွေ အတွက် အသင့်တော်ဆုံး အသီးအနှံတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဖရဲသီး ၁၀၀ ဂရမ်မှာ သကြား ၆ ဂရမ်သာ ပါဝင်တာကြောင့် ဝိတ်ချနေသူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ရေဓာတ်များစွာ ပါဝင်တာကြောင့် အသားအရေကိုလည်း စိုပြေစေပါတယ်။
(၂) ထောပတ်သီးမှာ သကြားဓာတ်ပါဝင်မှု မရှိတာကြောင့် ဝိတ်ချနေသူတွေ အပါအဝင် လက်ရှိခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းလိုသူတွေ အတွက်လည်း သင့်တော်တယ် ဆိုတဲ့အကြောင်း သုတေသန စမ်းသပ်ချက်တွေမှာ ဖော်ပြထားပါတယ်။
(၃) စပျစ်သီး ၁၀၀ ဂရမ်မှာ သကြားဓာတ် ၁၈ ဂရမ် ပါဝင်ပါတယ်။ ဒိန်ချဉ်နဲ့လည်း တွဲဖက်စားသုံးနိုင်တာကြောင့် ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ အသီးတမျိုး ဖြစ်ပါတယ်။
(၄) စတော်ဘယ်ရီသီး ၁၀၀ ဂရမ်မှာ သကြားဓာတ် ၅ ဂရမ်သာ ပါဝင်တာကြောင့် ဝိတ်ချနေသူတွေအနေနဲ့ မနက်စာအဖြစ် စားသုံးပေးသင့်သလို အသီးအရွက် သုပ်တွေထဲမှာလည်း ထည့်ပြီး စားသုံးပေးနိုင်ပါတယ်။
(၅) ဘလူးဘယ်ရီသီး ၁၀၀ ဂရမ်မှာ သကြား ၁၀ ဂရမ်သာ ပါဝင်တာကြောင့် သွေးထဲမှာ အလွယ်တကူ ပျော်ဝင်နိုင်တဲ့ သစ်သီး တမျိုးလည်း ဖြစ်ပါတယ်။ အဆီပိုတွေကို လျှော့ချပေးရာမှာ အထောက်အကူဖြစ်စေတဲ့အပြင် ဆဲလ် ပျက်စီးမှု တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၆) ဘလက်ဘယ်ရီသီး ၁၀၀ ဂရမ်မှာ သကြားဓာတ် ၅ ဂရမ်သာ ပါဝင်တာကြောင့် အင်ဆူလင် တုံ့ပြန်မှုကို တိုးတက် ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်တွင်းဖြစ်စဉ်ကို ထောက်ပံ့ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပြီး ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပေးနိုင်စွမ်းလည်း ရှိပါတယ်။
Ref; www.dietvsdisease.org