ဟင်းခတ် အမွှေးအကြိုင် အနေနဲ့ရော အတို့အမြှုပ်အဖြစ်ပါ စားသုံးလေ့ရှိတဲ့ Mint လို့ ခေါ်တဲ့ ပူစီနံရွက်ဟာ စားစရာ အနေနဲ့ အသုံးဝင်သလို ကျန်းမာရေး ပြဿနာတွေ အတွက်လည်း ဆေးဝါးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဒါကြောင့်မို့လို့ ကျန်းမာရေးအတွက် ပူစီနံရွက်ရဲ့ အသုံးဝင်ပုံတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။
(၁) အစာမကြေတာနဲ့ လေထိုးလေအောင့် ဖြစ်တဲ့အခါမျိုးတွေမှာ ရေနွေးပူပူထဲကို ပူစီနံရွက် အနည်းငယ် ချေမွပြီး ထည့်ထားတဲ့ ပူစီနံရွက် လက်ဖက်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ပျောက်ကင်းသက်သာ စေနိုင်ပါတယ်။ ဒါ့အပြင် ပူစီနံရွက် လက်ဖက်ရည်ဟာ အိပ်မပျော်သူတွေအတွက် သဘာဝအိပ်ဆေး တမျိုးလည်း ဖြစ်ပါတယ်။
(၂) မအီမသာဖြစ်ပြီး ခေါင်းမူးဝေခြင်းဟာ ခံစားရခက်တဲ့ ဝေဒနာတမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုအခါမျိုးတွေအတွက် လတ်လတ်ဆတ်ဆတ် ပူစီနံရွက် ၅ ရွက်ခန့်ကို ဝါးစားပေးခြင်းဖြင့် ပျောက်ကင်းသက်သာ စေနိုင်ပါတယ်။
(၃) နားကိုက်ဝေဒနာ ခံစားရတဲ့အခါ ပူစီနံရွက်ကို ရေနွေးပူပူထဲ ခဏထည့်ပြီး အဲဒီရေကို အအေးခံထားပါ။ ပြီးရင်တော့ ဂွမ်းကို အအေးခံထားတဲ့ ပူစီနံရေထဲ နှစ်ပြီး နားထဲကို အစက်ချပေးခြင်းအားဖြင့် နားကိုက်ဝေဒနာ ပျောက်ကင်း သက်သာစေမှာ ဖြစ်ပါတယ်။
(၄) သွားဖုံးနာခြင်းနဲ့ သွားကြားထဲက သွေးယိုစီးခြင်းတွေဖြစ်ပေါ်တဲ့အခါ ပူစီနံရွက်ကို ကြိတ်ချေထားတဲ့ ပူစီနံရွက် ဖျော်ရည် သောက်သုံးပေးခြင်းအားဖြင့် သက်သာစေမှာ ဖြစ်ပါတယ်။
(၅) မျက်ကွင်းညိုခြင်း ဖြစ်ပေါ်တတ်တဲ့ ပျိုမေတွေအတွက်လည်း ပူစီနံရွက်က အသုံးဝင်ပါတယ်။ ပူစီနံရွက် ကြိတ်ချေထားတဲ့ အရည်ကို မျက်ကွင်းညိုတဲ့ နေရာပေါ် ပုံမှန်သုတ်လိမ်း ပေးရုံနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။
Ref: steptohealth.com