လူတိုင်းမှာ အကျင့်ဆိုးတွေ ရှိကြပါတယ်။ အများပြည်သူရှေ့မှာ ဒီအပြုအမူတွေကို ပြုမူရင် ရိုင်းတယ်လို့ သတ်မှတ်ထားကြပေမယ့် တချို့အကျင့်တွေဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ သင့်ရဲ့ မကောင်းတဲ့ အကျင့်တွေထဲက ဘယ်အကျင့်က ကျန်းမာရေးအတွက် ကောင်းမွန်သလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ရေချိုးရင်း အပေါ့သွားခြင်း
လေ့လာတွေ့ရှိချက်တွေအရ လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ ရေချိုးရင်း အပေါ့သွားလေ့ ရှိကြတယ်လို့ သိရပါတယ်။ လူတဦးရဲ့ ဆီးမှာ ပါဝင်တဲ့ ယူရစ်အက်ဆစ်နဲ့ အမိုနီးယားအက်ဆစ်တို့ဟာ ပိုးမွှားတွေကို သေစေတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်ရေချိုးရင်းနဲ့ အပေါ့သွားခြင်းအားဖြင့် သင့်ရေချိုးခန်းထဲက ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
(၂) တံတွေးထွေးခြင်း
တံတွေးထွေးခြင်းဟာ ရွံစရာ ကောင်းပါတယ်။ အထူးသဖြင့် Public Area တွေမှာ တံတွေးထွေးရင် ရွံစရာကောင်းတာတင်မကဘဲ ရိုင်းရာလည် းကျပါတယ်။ ဒါပေမဲ့ တံတွေးထွေးခြင်းဟာ ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။ တံတွေးထွေးမယ့်အချိန်မှာ နှာခေါင်းကနေ လေကို သာမန်ထက်ပိုမိုရှုသွင်းရပြီး ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်ပိုရောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ အချိန်တွေမှာ တံတွေ းပိုမိုထွက်လေ့ရှိပြီး ဒီတံတွေးကို အားရပါးရထွေးခြင်းဟာ သင့်အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) လေလည်ခြင်း
သင်သတိမထားမိတာပဲ ရှိတာပါ။ တနေ့မှာ လူတယောက်ဟာ အနည်းဆုံး ၁၄ ကြိမ်ခန့် လေလည်ပါတယ်။ ၄ ကြိမ်လောက်ကတော့ သင်အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အစာချေစနစ်ရဲ့ အလုပ်လုပ်ပုံအရ သင်အစာချက်ချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မိသိန်းဓာတ်ကို ထုတ်ပေးဖို့ လေလည်တာဖြစ်ပါတယ်။ ဒီလို လေလည်တာကြောင့် လေထိုးလေအောင့်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
(၄) လက်သည်းကိုက်ခြင်း
လက်သည်းကိုက်တာကြောင့် ခန္ဓာကိုယ်မှာ ကောင်းကျိုးရရှိတယ်ဆိုတာ ယုံချင်စရာတောင် မကောင်းပါဘူး။ ဒါပေမဲ့ သင်လက်သည်းကိုက်တဲ့အခါ လက်သည်းမှာ ဘက်တီးရီးယားတွေ ပါဝင်သွားပြီး ဒီဘက်တီးရီးယားတွေကို တိုက်ခိုက်ဖို့ သင့်ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေ အလုပ်လုပ်ရပါတော့တယ်။
ခန္ဓာကိုယ်ဟာ ဘက်တီးရီးယားတွေကို မှတ်ထားနိုင်တာကြောင့် အမျိုးအစားတူ ဘက်တီးရီးယား နောက်တခါဝင်လာခဲ့ရင် သင့်ရဲ့ လင်ဖိုဆိုက်တွေဟာ ဝင်လာတဲ့ ဘက်တီးရီးယားကို တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ နှပ်ချေးစားခြင်းဟာလည်း အပေါ်က အတိုင်းပဲ ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေကို ဘက်တီးရီးယားတွေကို တိုက်ခိုက်ဖို့ နိုးထစေပါတယ်။
(၅) ရေမချိုးဘဲ နေခြင်း
သင်ဟာ နေ့တိုင်း ရေချိုးတဲ့သူဆိုရင် သင်ဟာ သင့်ခန္ဓာကိုယ်နဲ့ ဆံပင်မှာ ရှိတဲ့ Essential Oil (ဆီ) တွေကို ဖျက်စီးနေတာနဲ့ တူတူပါပဲ။ နေ့စဉ်ပုံမှန်ရေချိုးခြင်းကြောင့် အသားအရည်ခြောက်ကပ်ခြင်း၊ ဆံပင်ဖွာခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တပတ်မှာ အနည်းဆုံး ၂ ရက်တော့ ရေမချိုးပဲ နေသင့်တယ်လို့ အရေပြားဆရာဝန်တွေက ညွှန်ကြားထားပါတယ်။
Ref; Brightside.com