အထိုင်များခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေးပြဿနာတွေဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေပြီးရင် ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။ လုပ်ငန်းခွင်မှာ အထိုင်များသူတွေအနေနဲ့ ဖြစ်ပေါ်လာမယ့် ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) အထိုင်များသူတွေအနေနဲ့ ပုံမှန်ပြုလုပ်ပေးရမှာတခုကတော့ ရေများများသောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ သင်ဟာ ရေသောက်နည်းသူ တဦးဆိုရင်လည်း အလုပ်စားပွဲပေါ်မှာ ရေဘူးတဘူးထားပြီး မမေ့မလျော့ သာက်သုံးပေးသင့်ပါတယ်။ ရေများများ သောက်ပေးခြင်းဟာ အထိုင်များခြင်းကြောင့် ညောင်းညာကိုက်ခဲမှုတွေကို လျော့ပါးသက်သာစေတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုတွေကိုပါ လျော့ပါးစေပါတယ်။
(၂) အဆာပြေ အစားအစာတွေစားတဲ့အခါ အချိုဓာတ်များလွန်းတဲ့ မုန့်တွေနဲ့ အသင့်စားအစားတွေဟာ ကယ်လိုရီတွေကို မြင့်တက်စေနိုင်တဲ့အပြင် အထိုင်များခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ အဝလွန်ခြင်းနဲ့ ဗိုက်ခေါက်ထွက်ခြင်းတွေကိုပါ ပိုမိုဆိုးရွားစေနိုင်တာကြောင့် အသီးအနှံတွေ စားပေးတာနဲ့ သဘာဝ လက်ဖက်ရည်ကြမ်းတို့ကို သောက်သုံးပေးသင့်ပါတယ်။
(၃) နေ့စဉ် အထိုင်များသူတွေအနေနဲ့ လေ့ကျင့်ခန်း ထွေထွေထူးထူး မလုပ်နိုင်ရင်တောင် လမ်းလျှောက်တာမျိုးကိုတော့ ပြုလုပ်ပေးသင့်ပါတယ်။ နေ့လယ်စာ သွားစားတဲ့အခါမျိုးနဲ့ မနက်စောစောလို အချိန်မျိုးတွေမှာ လမ်းလျှောက်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့အပြင် အထိုင်များခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၄) အထိုင်များသူတွေမှာ ဖြစ်လေ့ရှိကြတဲ့ ကြွက်သားနာကျင် တောင့်တင်းခြင်းတွေ မဖြစ်ပေါ်ရအောင် အလုပ်မှာ ၁ နာရီ တကြိမ်လောက်ဖြစ်ဖြစ် လမ်းထလျှောက်ပေးတာမျိုးနဲ့ မတ်တပ်ကြာကြာ ရပ်ပေးတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
(၅) အထိုင်များခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အလုပ်ပိတ်ရက်လို ရက်မျိုးမှာ လေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးနဲ့ ခရီးထွက်တာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
Ref: www.mindbodygreen.com