လေယာဉ်စီးရတာက အချိန်ကုန်လည်း သက်သာသလို လူ ပင်ပန်းတာလည်း သက်သာစေပါတယ်။ ပထမဆုံးအကြိမ် လေယာဉ်စီးမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေဆိပ်တွေက သင့်ကို ကြောက်ရွံ့စေမှာ သေချာပါတယ်။ ကမ္ဘာအနှံ့က အန္တရာယ်အများဆုံး လေဆိပ်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Lukla လေဆိပ်
နီပေါနိုင်ငံမှာ ရှိတဲ့ Lukla လေဆိပ်ဟာ အန္တရာယ်တော်တော်များတဲ့ လေဆိပ်ဖြစ်တယ်လို့ အဲဒီကို သွားဖူးသူတိုင်း မှတ်ချက်ပေးကြပါတယ်။ ဧဝရတ်တောင်ကို တက်ရသလို စိတ်လှုပ်ရှားမှုမျိုးကို ပေးနိုင်တဲ့ လေဆိပ်လည်း ဖြစ်ပါတယ်။
(၂) Princess Juliana အပြည်ပြည်ဆိုင်ရာ လေဆိပ်
Sint Maarten မှာ တည်ရှိတဲ့ အဲဒီ လေဆိပ်ဟာ ယခင်က လေယာဉ်အငယ်လေးတွေ ဆင်းသက်ဖို့သာ ပြုလုပ်ထားတဲ့ လေဆိပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကမ်းခြေကို လူဝင်မှုများတာကြောင့် ခရီးသည်တင် လေယာဉ်ကြီးတွေ ဆင်းသက်တာတွေ များလာတယ်လို့ ဆိုပါတယ်။ လေယာဉ်အကြီးတွေဟာ ပြေးလမ်းကျယ်ကျယ် လိုအပ်တာကြောင့် ကမ်းခြေမှာ အနားယူနေတဲ့ ခရီးသွားတွေနဲ့ နီးကပ်စွာဖြတ်သန်းသွားလေ့ ရှိတယ်လို့ သိရပါတယ်။
(၃) Gibraltar လေဆိပ်
Gibraltar လေဆိပ်ကို အန္တရာယ်ရှိတယ်လို့ သတ်မှတ်ရခြင်းကတော့ မြို့လယ်ခေါင်ကို ဖြတ်ပြီး လေယာဉ်ဆင်းသက်တဲ့ လမ်းကြောင်း ပြုလုပ်ထားလို့ ဖြစ်ပါတယ်။ ကားတွေနဲ့ ဆိုင်ကယ်တွေဟာ လေယာဉ်ဆင်းသက်ချိန်မှာ ရပ်နေရပြီး ကြီးမားတဲ့ ယာဉ်မတော်တဆမှုတွေတော့ မဖြစ်ဖူးဘူးလို့ သိရပါတယ်။
(၄) Saba လေဆိပ်
ကာရေဘီယံ ပင်လယ်ကွေ့မှာ တည်ရှိတဲ့ Saba လေဆိပ်ကတော့ နာမည်ကျော် “King Kong” ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ကျွန်းမှာ တည်ရှိပါတယ်။ လေယာဉ်ပြေးလမ်းဟာ ပေ ၁၃၀၀သာ ရှိတဲ့ လမ်းကျဉ်းလေး ဖြစ်ပါတယ်။ အဲဒီလမ်းကျဉ်းလေးမှာ လေယာဉ်ကို အရှိန်မထိန်းနိုင်ခဲ့ရင် ရေထဲ ကျဖို့ သေချာနေပါတယ်။
Ref. rd.com
You may also like these stories:
ဆန်ဖရန်စစ္စကိုမြို့မှာ မျက်နှာဖတ်တဲ့ နည်းပညာ အသုံးမပြုရန် တားမြစ်
Skytrax မှာ ဖော်ပြထားတဲ့ ကမ္ဘာ့အကောင်းဆုံး လေဆိပ် ၁၀ ခု
Gatwick လေဆိပ်တွင် အလိုအလျောက် ကားပါကင်ထိုးပေးမည့် စက်ရုပ်များ အသုံးပြုမည်
ကမ္ဘာ့အကြီးဆုံး လေဆိပ်ဖြစ်လာမယ့် တရုတ်ရဲ့ ၁၂ ဘီလီယံတန် လေဆိပ်သစ်