ပိတ်ရက်တွေပြီးတဲ့နောက် လုပ်ငန်းခွင်မှာ ဘယ်လိုစတင် အလုပ်လုပ်မလဲ
အားလပ်ရက်တွေကုန်ဆုံးပြီးလို့ လုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက်ကြတဲ့အခါ များသောအားဖြင့် လုပ်ငန်းခွင်မှာ စိတ်နှစ်ထားဖို့ ခဲယဉ်းတတ်ကြပါတယ်။ ပိတ်ရက်ပြီးတဲ့နောက်ပိုင်း အလုပ်ပြန်လည်လုပ်ကိုင်ရတဲ့ အခါ ကြုံတွေ့ရလေ့ရှိတဲ့ အလုပ်စားပွဲမှာ ကြာကြာမထိုင်နိုင်တာမျိုးတွေ၊ အလုပ်ထဲမှာ စိတ်စုစည်းထားလို့ မရတာမျိုးတွေ စတဲ့ ပြသနာတွေကို ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဧရာဝတီရဲ့စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) သင့်အလုပ်စားပွဲပေါ်က အရာဝတ္ထုတွေကို နေရာပြောင်းကြည့်တာမျိုး ၊ မလိုအပ်တဲ့ပစ္စည်းတွေကို ဖယ်ထုတ်လိုက် တာမျိုး ပြုလုပ်ပေးခြင်းဟာ အလုပ်လုပ်ဖို့ ပျင်းရိငြီးငွေ့နေတဲ့ စိတ်ကို အပြောင်းအလဲဖြစ်စေမှာဖြစ်သလို သန့်ရှင်းသပ်ရပ် နေတဲ့ အလုပ်စားပွဲကြောင့်လည်း ပြန်လည်အလုပ်လုပ်ချင်စိတ်ကို တွန်းအားပေးစေမှာ ဖြစ်ပါတယ်။
(၂) အလုပ်စားပွဲမှာထိုင်ပြီး အလုပ်နဲ့မဆိုင်တဲ့ ဖေ့စ်ဘုတ်အသုံးပြုနေတာမျိုးတွေ၊ ဖုန်းကိုခဏခဏ ဖွင့်ကြည့်တာမျိုးတွေ ပြုလုပ်မယ့်အစား နာရီဝက်အလုပ်လုပ်လိုက်၊ ၁၀ မိနစ်လောက်ခဏပြန်လည် အနားယူလိုက် ပြုလုပ်ခြင်းက သင့်ရဲ့ အလုပ်တွေကို ပြီးမြောက်စေမှာ ဖြစ်သလို သင့်အလုပ်တွေအတွက်လည်း အရှိန်ပြန်လည်တက်လာစေမှာ ဖြစ်ပါတယ်။
(၃) အလုပ်လုပ်ဖို့ ငြီးငွေ့နေတတ်တဲ့ ပိတ်ရက်နောက်ပိုင်း ရက်တွေမှာ သင့်တနေ့တာလုပ်ရမယ့် အလုပ်တွေကို စာရွက် ပေါ်ချရေးထားပြီး အစီအစဉ်အတိုင်း ပြုလုပ်ပေးခြင်းအားဖြင့် အလုပ်မှာ ပြန်လည်စိတ်ပါလာစေမှာ ဖြစ်ပါတယ်။
(၄) နောက်ထပ်နည်းလမ်းတခုကတော့ ဒီအလုပ်ကိုစတင်ဝင်ချိန်တုန်းက ကိုယ့်ရဲ့ရည်မှန်းချက်တွေကို သေချာပြန်လည် စဉ်းစားသုံးသပ်ခြင်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတာအချိန်ကြာလာတာနဲ့ အလုပ်လုပ်ဖို့ စိတ်မပါတဲ့ အချိန်မျိုး တွေမှာ ကိုယ့်ရဲ့ရည်မှန်းချက်အတွေးတွေကို မေ့လျော့နေတတ်တဲ့အတွက် သေချာပြန်လည်စဉ်းစားသုံးသပ်ခြင်းအားဖြင့် အလုပ်လုပ်ချင်စိတ်တွေ ပြန်လည်နိုးထလာစေမှာဖြစ်ပါတယ်။
Ref. https://www.themuse.com