လူတော်တော်များများမှာ ထူးခြားတဲ့ အကျင့်တွေရှိကြပါတယ်။ တချို့လူတွေရဲ့ အကျင့်တွေဟာ ထူးခြားပြီး ရယ်စရာကောင်းပေမယ့် တချို့ကတော့ အမြင်ကတ်စရာကောင်းလောက်အောင် ထူးခြားတာတွေရှိတတ်ပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ ဘုရင်မကြီးမှာလည်း ထူးဆန်းတဲ့ အကျင့်လေးတွေ ရှိပါတယ်။ ဒီအကျင့်တွေဟာ တကယ် အစစ်အမှန်တွေလား၊ အင်္ဂလန်နိုင်ငံသားတွေရဲ့ ယူဆချက်တွေလား ဆိုတာကိုတော့ ဘယ်သူကမှ အတိအကျ မပြောထားပါဘူး။ ဒါပေမယ့် ဘုရင်မကြီးရဲ့ တချို့အကျင့်တွေဟာ အမှန်တကယ် ထူးခြားလို့ ဖော်ပြပေးချင်ပါတယ်။
(၁) ခရီးသွားတိုင်း သွေးအိတ်အပို ယူသွားပါတယ်
သာမန်ပြည်သူတွေဟာ ခရီးသွားရင် မှတ်ပုံတင်၊ Passport စတာတွေကို ယူသွားကြပေမယ့် ဘုရင်မကြီးကတော့ ထူးထူးခြားခြား သွေးအိတ်အပိုကို ယူသွားတာပါ။သူမသွားတဲ့ ခရီးစဉ်တိုင်းမှာ သူမရဲ့ ကိုယ်ပိုင်သမားတော် လိုက်ပါရပြီး အဲ့ဒီသမားတော်ဟာ သွားရောက်လည်ပတ်တဲ့မြို့မှာ ရှိတဲ့ အနီးဆုံး ဆေးရုံအကြောင်းကို သိထားရပါမယ်။
ဘုရင်မကြီးရဲ့ ကျန်းမာရေး တစုံတရာကြောင့် သွေးသွင်းရမယ့် အနေအထားကို ရောက်လာခဲ့ရင် သူမဟာ သူမသယ်ဆောင်လာတဲ့ သွေးအိတ်ထဲက သွေးကိုသာ သွင်းတယ်လို့ သိရပါတယ်။ဒါဟာ သူမရဲ့ တော်ဝင်သွေးကို အခြားသွေးတွေနဲ့ မရောနှောလိုတဲ့ သဘောနဲ့ ဒီလို သယ်ဆောင်လာရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
(၂) နန်းတော်ထဲက ပြတင်းပေါက်တွေ ဖွင့်ခွင့်ကို တားဆီးထားပါတယ်
ဒါကတော့ သိပ်ထူးဆန်းတဲ့ အကျင့်လို့ ပြောလို့ မရပါဘူး။ ဘုရင့်မျိုးနွယ်တွေရဲ့ လုံခြုံရေးအတွက် ဒီတံခါးတွေ ဖွင့်ခွင့်ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။ Daily Mirror ဂျာနယ်ရဲ့ ဂျာနယ်လစ်တယောက်ဟာ နန်းတွင်းအစေခံတွေကို ဘုရင့်မျိုးနွယ်တွေအကြောင်း မေးမြန်းပြီး သတင်းရေးသားတာကြောင့် တော်ဝင်မျိုးနွယ်ရဲ့ အတွင်းရေးကိစ္စတွေကို ချိုးဖောက်သူအဖြစ် တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။
(၃) သူမဟာ လေးထောင့်ပုံ ရေခဲတုံးတွေကို မုန်းပါတယ်
အင်္ဂလန်ဘုရင်မကြီး အဲလိဇဘတ်ဟာ လေးထောင့်ပုံ ရေခဲတုံးတွေ ခွက်ထဲ ထည့်တဲ့ အသံကို မုန်းပါတယ်။သူမဟာ ရေခဲအလုံးတွေကို ခွက်ထဲထည့်တဲ့ အသံဟာ ပိုပြီး ကဗျာဆန်တာကြောင့် သူမဟာ ရေသောက်ရင် ရေခဲအလုံးတွေကိုသာ ထည့်သောက်လေ့ ရှိပါတယ်။ အများပြည်သူတွေကတော့ ဒီရေခဲ အလုံးလေးတွေဟာ သူမရဲ့ ကြင်ရာတော် Prince Phillp က ဘုရင်မကြီးအတွက် တီထွင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
(၄)သူမဟာ စွပ်ပြုတ် မသောက်ပါဘူး
ဘုရင်မကြီးဟာ ထူးထူးဆန်းဆန်း အကျင့်တွေကို အစားစားရာမှာလည်း ပိုင်ဆိုင်ထားပါတယ်။သူမဟာ စွပ်ပြုတ်ကို မသောက်သလို အာလူးကိုလည်း မစားပါဘူး။ ဒီအစားအသောက်တွေကို ဘာမင်ဟန် နန်းတော်မှာ တည်ခင်းခွင့် ပေးထားပေမယ့် ဘုရင်မကြီး ညစာ သုံးဆောင်နေစဉ်မှာ ဘယ်အစေခံကမှ သူမကို စွပ်ပြုတ်တွေကို မတည်ခင်းဝံ့ပါဘူး။ အာလူးကိုတော့ သူမရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် မစားတာလို့ သိရပါတယ်။
(၅) သူမရဲ့ ဝတ်စုံတိုင်းအတွက် နံပါတ်တွေ ပေးထားပါတယ်
ဘုရင်မကြီးဟာ တောက်ပတဲ့ အရောင်တွေနဲ့ Classical ပုံစံ ဝတ်စုံတွေကိုသာ ဝတ်လေ့ရှိတဲ့ အတွက် အရောင်တွေထပ်တာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် သူမဟာ သူမရဲ့ ဝတ်စုံတိုင်းကို နံပါတ်စဉ်တွေ တပ်ထားပေးတာကြောင့် ပြည်သူတွေရှေ့ကို ထွက်တဲ့အခါ ဝတ်စုံထပ်ခြင်းတွေ ဖြစ်ပွားတာကို ရှောင်ရှားနိုင်သွားပါတယ်။
(၆) ဖိနပ်စီး အစေခံ
ဖိနပ်အသစ်တွေ စီးတဲ့ အခါ ဖိနပ်ပေါက်တာဟာ လူတိုင်းလိုပဲ ဘုရင်မကြီးလည်း ဖြစ်ဟန်တူပါတယ်။သူမဟာ ဖိနပ်ပေါက်ခြင်းကို ရှောင်ကြဉ်ဖို့ အတွက် ဖိနပ်စီး အစေခံတယောက် သီးသန့် ခန့်အပ်ထားပါတယ်။ ဒီအစေခံဟာ သူမနဲ့ ဖိနပ်ဆိုဒ် တထပ်ထဲ တူရပြီး ဖိနပ်အသစ်စီးစဉ်မှာ ဖြစ်တဲ့ ဖိနပ်ပေါက်ခြင်းကို ဘုရင်မကြီး ကိုယ်စား ခံပေးရပါတယ်။