လူတွေရဲ့ ကြိုက်နှစ်သက်မှုတွေဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ထားတွေနဲ့ တိုက်ရိုက်နီးပါး သက်ဆိုင်ပါတယ်။ သင်နှစ်သက်တဲ့ အရောင်တွေဟာ သင်ရဲ့ ကာရိုက်တာနဲ့လည်း ဆက်စပ်နေပါတယ်။ သင်အဝတ် ဝယ်တိုင်း ဝယ်ဖို့ စဉ်းစားနေတဲ့ အရောင်တွေက ပြောတဲ့ သင့်အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အပြာရောင်
အပြာရောင်ဟာ စီးပွားရေးလုပ် အောင်မြင်လိုသူတွေ ဝတ်လေ့ရှိတဲ့ အရောင် ဖြစ်ပါတယ်။ သုသေသနတွေအရ လုပ်ငန်းကိစ္စ အင်တာဗျူးတွေ သွားတဲ့အခါ အပြာရောင် ဝတ်သွားသူတွေဟာ အလုပ်ရဖို့ အခွင့်အလမ်းပိုများတယ်လို့ သိရပါတယ်။ အရောင်တွေဟာ စိတ်ကို ပြောင်းလဲစေတဲ့ စွမ်းအားမျိုး ရှိတယ်လို့ အမေရိကန်စိတ်ပညာရှင် အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ James L. Madara က ပြောပါတယ်။
(၂) အနီရောင်
အနီရောင်ဟာ ချစ်ခြင်းကို ကိုယ်စားပြုတယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။ စာရေးဆရာမ Andrea Pflaumer ကတော့ အနီရောင်ကို ဝတ်ဆင်သူတွေ ရဲစွမ်းသတ္တိရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အနီရောင်ဟာ ရဲရင့်ခြင်းနဲ့ အန္တရာယ်ရှိခြင်းတို့ကိုလည်း ကိုယ်စားပြုပါတယ်။ ချစ်သူရည်းစားနဲ့ တွေ့မယ့်သူတွေ အနေနဲ့ ဆွဲဆောင်မှုရှိအောင် အချစ်ရဲ့ သင်္ကေတဖြစ်တဲ့ အနီရောင်ကို ဝတ်ဆင်သင့်ပါတယ်။
(၃) အစိမ်းရောင်
အစိမ်းရောင်ကို ဝတ်ဆင်လေ့ရှိသူတွေဟာ တီထွင်ဖန်တီးမှု အားကောင်းတယ်လို့ သိရပါတယ်။ အစိမ်းရောင်ကို ဝတ်ဆင်သူတွေဟာ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းလေ့ ရှိသူတွေ ဖြစ်ပြီး ဘဝမှာ ကောင်းမွန်တဲ့ အရာတွေဟာ အသစ်တဖန် ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်လို့ ယုံကြည်သူတွေ ဖြစ်ပါတယ်။
(၄) အဝါရောင်
အဝါရောင်ကတော့ ယခုနှစ်တွေမှာ လူငယ်တွေ ဝတ်ဆင်မှု သိသိသာသာ များလာတဲ့အရောင် ဖြစ်ပါတယ်။ အဝါရောင်ဟာ တောက်ပခြင်း၊ ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုပြီး အကောင်းမြင်စိတ် ရှိသူတွေ ဝတ်တတ်တဲ့ အရောင် ဖြစ်ပါတယ်။ နောက်ပြီး အဝါရောင်ကို ဝတ်ဆင်သူတွေဟာ ဆင်ခြင်တုံတရားလည်း ပြည့်ဝတယ်လို့ သိရပါတယ်။
(၅) အဖြူရောင်
အဖြူရောင်ကို ဝတ်ဆင်သူတွေဟာ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ကြိုက်တတ်ပြီး ကိုယ်တိုင်လည်း သန့်သန့်ရှင်းရှင်း နေတတ်သူတွေ ဖြစ်ပါတယ်။ အဖြူရောင် ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်သူတွေဟာ စည်းကမ်းတကျ နေထိုင်ဖို့ ကြိုးစားလေ့ရှိပြီး သူများတွေကိုလည်း စည်းကမ်းတကျ နေနိုင်အောင် လမ်းညွှန့်လေ့ ရှိပါတယ်။ ချစ်သူရည်းစားရဲ့ မိဘတွေနဲ့ သွားရောက်တွေ့ဆုံမယ့် အချိန်မျိုးမှာ အဖြူရောင်ကို ဝတ်ဆင်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းလေ့ ရှိပါတယ်။
Ref. Reader’s Digest
You may also like these stories:
ရေခဲမုန့် အရသာရှိတဲ့ အပြာရောင် ငှက်ပျောသီး တမျိုး လူမှုကွန်ရက်မှာ ရေပန်းစားနေ
ဖိလစ်ပိုင်နိုင်ငံက လူကြိုက်များတဲ့ နေရာ ၈ ခု