ဒီတပတ် အစီအစဉ် ကတော့ ရန်ကုန် အခြေစိုက် UNICEF ရုံးခန်း အနေနဲ့ ယခင် စစ်အစိုးရ ဝန်ကြီးဟောင်း တဦးဖြစ်တဲ့ ဗိုလ်ချုပ် တယောက်ရဲ့ အိမ်ကို ရုံးခန်းအဖြစ် ငှားရမ်း ထားတယ် ဆိုတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနှင့် အတူ မြန်မာ့ စီးပွားရေး ကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက် အကူပြုဌာနရဲ့ ဒါရိုက်တာ ဗစ်ကီ ဘိုမန်နဲ့ မြန်မာပြည်သူ့ ဖိုရမ် လုပ်ငန်းအဖွဲ့က Coordinator ကိုကျော်လင်းဦး တို့က ပါဝင်ဆွေးနွေး တင်ပြထားပါတယ်။
Dateline Irrawaddy (ရုပ်/သံ)
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း နိုင်ငံတွေကနေ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးနှိမ်နှင်းမှုတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေ