ဧရာဝတီ သတင်းဌာန အတွက် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့တွင် အလုပ်လုပ်ရန် သတင်းထောက်များ အလိုရှိသည်။ အချိန်ပြည့် (Full Time)ခန့်ထားရန်ဖြစ်ပြီး စာနယ်ဇင်း အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
သတင်းကို အချိန်နှင့် တပြေးညီ ရေးသားတင်ပြ နိုင်ရမည်။ ဆောင်းပါးများလည်း ရေးသားနိုင်သူ ဖြစ်ရမည်။ လူမှုဆက်ဆံရေး ပြေပြစ်ရမည်။ အလုပ်ကိစ္စနှင့် ပတ်သက်၍ အချိန်မရွေး ခရီးသွားလာနိုင်သူ ဖြစ်ရမည်။ လစာကောင်းကောင်းပေးမည်။
စိတ်ဝင်စားသူများသည် ကိုယ်ရေး အချက်အလက်၊ ဆက်သွယ်ရမည့် လိပ်စာ (အီးမေးလ်၊ ဖုန်းနံပါတ် စသည်)၊ မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံတို့နှင့် အတူ နမူနာသတင်း ၂ ပုဒ်ကို မန်နေဂျာ ကိုဝင်းသူ ([email protected]) ထံသို့ ပေးပို့နိုင်သည်။
ရွေးချယ်ထားသူများကို ပြန်လည် ဆက်သွယ်ပါမည်။ လိုအပ်လျှင် လူတွေ့မေးမြန်းပါမည်။