လက်ပံတောင်းတောင် စီမံကိန်း အကြမ်းဖက်ဖြိုခွဲမှုတွင် သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အတွင်းလူနာအဖြစ် ၂၀ ကျော် အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။ NLD အနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူများ စာရင်းကို ဆက်လက် စုဆောင်းလျက် ရှိကြောင်းသိရပြီး NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဒဏ်ရာရ လူနာများရှိရာ ဆေးရုံသို့ သွားနေကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။