• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျပ် ၁ သိန်းထက်လျော့သည့် SIM ကတ်များရောင်းချရန် သမ္မတက ညွှန်ကြားခဲ့ဟုဆို

by မေရီကို
22 January 2013
in သတင်း
A A
ကျပ် ၁ သိန်းထက်လျော့သည့် SIM ကတ်များရောင်းချရန် သမ္မတက ညွှန်ကြားခဲ့ဟုဆို

မြန်မာ့ဆက်သွယ် ဆင်းကတ်ပုံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

8.9k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကကျပ် ၁ သိန်း တိတိဖြင့် ရောင်းချရန် ပြင်ဆင်နေသည့်SIM ကတ် အစီအစဉ်ကိုသမ္မတကထိုနှုန်းထားထက် ပိုမိုသက်သာသည့် နှုန်းဖြင့် ရောင်းချရန်ဆက်သွယ်ရေးဝန်ကြီးဌာနသို့အမှန်တကယ် ညွှန်ကြားထားခဲ့ကြောင်းနိုင်ငံတော်သမ္မတရုံးနှင့်နီးစပ်သည့် အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

နောက်ဆက်တွဲ သတင်းများအရသမ္မတ ဦးသိန်းစိန်ကယင်းဝန်ကြီးဌာနက တင်ပြလာသည့်ကျပ် ၁ သိန်းတန် မိုဘိုင်း SIM ကတ် ရောင်းချမည့်အစီအစဉ်ကိုကျပ် ၅ သောင်းသာ သတ်မှတ်ရန် ပြန်လည် ညွှန်ကြားခဲ့သည်ဟုနိုင်ငံတော်သမ္မတရုံးနှင့်နီးစပ်သူ တဦးက ဆိုသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
24
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
53
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
288

“သမ္မတကြီးကဖုန်းဈေးတွေကို သက်သက်သာသာ ဖြစ်စေချင်တယ်။တောင်သူလယ်သမားလို အခြေခံလူတန်းစား တွေပါ အသုံးပြုနိုင် စေချင်တဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ဝန်ကြီးဌာနကိုတသိန်းအောက် ရောင်းဖို့ ညွှန်ကြားခဲ့တယ်”ဟုအဆိုပါအစိုးရ အရာရှိက ဧရာဝတီကို ပြောသည်။

နိုင်ငံတော် သမ္မတအနေဖြင့်မိုဘိုင်းဖုန်း SIM ကတ် ဈေးနှုန်းများကိုကျပ် ၁ သိန်းအောက် ဖြစ်စေလိုသော်လည်းဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့်မူထိုထက်လျော့သော ဈေးနှုန်းဖြင့် ရောင်းချရန်အတွက်ဆန္ဒမရှိကြောင်း ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

“အစကတည်းကဆက်သွယ်ရေးကဈေးလျှော့ရောင်းလည်း ရတာပဲ။ကျနော်တို့ ပုဂ္ဂလိက အတွက်ကတော့သိပ်ပြီး မထိခိုက်ပါဘူး။ရတဲ့ အကျိုးအမြတ် ရာခိုင်နှုန်းကသူတို့နဲ့ လက်ဝေခံကုမ္ပဏီကြီး တချို့ကတော့ ပိုပြီးများပါတယ်။ကျနော်တို့လိုအဲဒီကုမ္ပဏီကြီးတွေကနေ တဆင့်ပြန်ယူတဲ့လုပ်ငန်းလေးတွေ ကတော့အကျိုးအမြတ်ကSIM ကတ်ဈေး ဘယ်လောက်ဖြစ်ဖြစ်အတူတူလောက်ပါပဲ”ဟုရန်ကုန်မြို့အခြေစိုက်နာမည်ရ မိုဘိုင်းဖုန်း ဝန်ဆောင်မှု ဆိုင်တဆိုင်မှတာဝန်ရှိသူက ပြောသည်။

နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်ကြောင့်SIM ကတ်များကို မဖြစ်မနေကျပ် ၁ သိန်းထက် သက်သာသည့် နှုန်းထားဖြင့် ရောင်းချရတော့မည် ဖြစ်သဖြင့်မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကဈေးကွက်အတွင်းမှ ပြန်သိမ်းပြီးသောကျပ် ၂ သိန်း ၅ သောင်းနှင့်ကျပ် ၂ သိန်းတန်ကတ်များကိုယခုရက်ပိုင်းအတွင်း၎င်းတို့၏ ဆက်သွယ်ရေးရုံးများတွင်ထို ဈေးနှုန်း အတိုင်းဖြင့်ပင် ပြန်လည်ရောင်းချမှုများ ရှိနေကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ဆိုသည်။

သို့သော်ဖုန်းကိုင်ဆောင် လိုသူများမှာမြန်မာ့ဆက်သွယ်ရေးက ပြန်လည်ရောင်းချနေသည့်SIM ကတ်များကိုဝယ်ယူရန် စိတ်မဝင်စားဘဲအသစ် ထွက်လာမည်ဖြစ်ပြီး ပိုမိုသက်သာမည့် ဈေးနှုန်းဖြင့် ရောင်းချမည့် မိုဘိုင်း SIM ကတ်များကိုသာမျှော်လင့်စောင့်စား နေကြသည်ဟုသိရသည်။

“ဆက်သွယ်ရေးကဈေးကွက်ထဲက သိမ်းပီးသား SIM ကတ်တွေကိုအရင်ဈေးနဲ့ပဲ ပြန်ရောင်းတယ်ဆိုတာကရှင်းနေတာပဲ။သမ္မတက ကျပ် ၁ သိန်းအောက် လျှော့ဖို့ ညွှန်ကြားထားတယ်လို့ သတင်းတွေက ထွက်နေတာ အမှန်ဆိုရင်သူတို့က ကျပ် ၁ သိန်းလောက်နဲ့ကို အနည်းဆုံး ရောင်းချင်ကြတာလေ။အဲဒါကြောင့်ဈေးကွက်ထဲက သိမ်းပြီးသားကတ်တွေကို အဲဒီဈေးနဲ့ ပြန်ရောင်းပြီးပြည်သူတွေဆီက ရသလောက် ယူတဲ့သဘောလို့ ထင်တယ်။ဒါပေမယ့်လူတွေက မဝယ်တော့ဘူး”ဟု ရန်ကုန်မြို့ လသာမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့်မိုဘိုင်းဖုန်း ဝန်ဆောင်မှုဆိုင်တဆိုင်မှဈေးကွက် ရှာဖွေရေး မန်နေဂျာတဦးက ပြောသည်။

မကြာသေးမီက ရာထူးမှ နုတ်ထွက်ခဲ့ရသည့် ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းသည် အထက်ညွှန်ကြားချက် များကို မလိုက်နာခြင်း၊ကျပ်သိန်းပေါင်း ထောင်ချီ၍ ဘဏ္ဍာငွေ အလွဲသုံးစားပြုခြင်း၊ပြည်သူများအတွက်ဈေးသက်သာသော ဆက်သွယ်ရေး ဝန်ဆောင်မှုများ မပေးခြင်းစသည့် အချက်များကြောင့်ရာထူးမှနှုတ်ထွက်သွားရခြင်း ဖြစ်သည်ဟုသတင်းများ ထွက်ပေါ်ခဲ့သည်။

၎င်း၏ နောက်ဆက်တွဲ သတင်းများ အနေဖြင့်မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှအင်ဂျင်နီယာချုပ် အပါအဝင်၊အဆင့်မြင့် ရာထူးပိုင်း တာဝန်ယူထားသောပုဂ္ဂိုလ်တချို့သည်နိုင်ငံတော် သမ္မတရုံး၏ ခေါ်ယူစစ်ဆေးခြင်းကို ခံနေရသည်ဟု ကြားသိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏မိုဘိုင်းဌာနမှအင်ဂျင်နီယာချုပ် ဦးဌေးဝင်းနှင့်ဒုတိယအင်ဂျင်နီယာချုပ် တို့ကိုနိုင်ငံတော် သမ္မတရုံးမှ ခေါ်ယူစစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် နောက်ပိုင်းမှ စတင်ကာ၎င်းတို့၏ မိုဘိုင်းဖုန်းများကိုယခုအချိန်အထိ ဆက်သွယ်၍ မရပေ။

Your Thoughts …
Tags: CommerceGovernanceGovernment
မေရီကို

မေရီကို

Contributor

Similar Picks:

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

by သာလွန်ဇောင်းထက်
6 February 2013
4.8k

လွှတ်တော်ကို ၀င်ကတည်းက အရင် စစ်အစိုးရ စစ်ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့မရဘူး ဆိုတာ အားလုံး နားလည်ထားတာပဲ

ရပ်/ကျေး အုပ်ချုပ်ရေးမှူး လစာ ၇ သောင်းရမည်

ရပ်/ကျေး အုပ်ချုပ်ရေးမှူး လစာ ၇ သောင်းရမည်

by အောင်သက်ဝိုင်း
25 July 2012
6.8k

အရင်က မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုတာ ဌာနမှာ ရာထူးအဆင့် သတ်မှတ် ထားတာမျိုး မရှိဘူး။ အခု ဖွဲ့စည်းပုံက တရားဝင် ရာထူးအဆင့် သတ်မှတ်ပေး လိုက်တာ

ဗိုလ်ချုပ်တွေ ပင်စင်ယူတဲ့အခါ ဝန်ကြီး ရာထူးရတာ အစဉ်အလာ ဖြစ်လာပြီလား

ဗိုလ်ချုပ်တွေ ပင်စင်ယူတဲ့အခါ ဝန်ကြီး ရာထူးရတာ အစဉ်အလာ ဖြစ်လာပြီလား

by သာလွန်ဇောင်းထက်
14 February 2013
17.3k

ဆက်သွယ်ရေး ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ခန့်အပ်မှုသည် စစ်တပ်ကြီးစိုးသော စနစ်ကို ပြန်လည် အသက်သွင်းမှု အဖြစ် နိုင်ငံရေးသမားများက ဝေဖန်ကြသည်။

ယာဉ်ထိန်းရဲ, ရန်ကုန်, ရဲတပ်ဖွဲ့,

ပြည်သူချစ်သော ယာဉ်ထိန်းရဲသား ခင်မြင့်မောင်

by ဧရာဝတီ
5 November 2013
15.3k

ကျနော်က စစ်တွေမှာ မွေးတဲ့ ရခိုင်တိုင်းရင်းသားပါ။ ကျနော် ရန်ကုန်ကို လာရောက်ပြီး ဦးလေးနဲ့ အတူနေပါတယ်။ သူက ယာဉ်ထိန်းရဲ တဦးပါ။ ကျနော်လည်း ဦးလေးလို ဖြစ်လာတာပါပဲ။

သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

by စနေလင်း
21 September 2013
2.6k

ဆည်ရဲ့ ပတ်ဝန်းကျင်မှာ အခုနောက်ပိုင်း ကျူးကျော်တဲတွေ အရမ်းကို များလာတာ ကလည်း တကြောင်း၊ ကျနော်တို့က ဆည်ရဲ့ ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်လာမှာကလည်း တကြောင်းကြောင့် သူတို့ ကိုဖယ်ရှားရတာ

သမ္မတ လက်မှတ် မထိုးသည့်တိုင် လွှတ်တော်ဆိုင်ရာ ဥပဒေ နှစ်ရပ်ကို အတည်ပြု

by ခင်ဦးသာ
28 November 2012
1.6k

အစိုးရအဖွဲ့က တချက်လွှတ် အမိန့်နဲ့ပဲ လုပ်ခဲ့ကြတာတွေက ခေါက်ရိုးကျိုးနေတော့ အရင်လိုပဲ ဆက်သွားချင်ပုံရတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကို လွှတ်တော်က ထိန်းညှိမှာကို လုံးဝ မလိုလားဘူး ဖြစ်နေတယ်

Next Post
မာန်အောင်ကျွန်းတွင် ကမ္ဘာလှည့် ခရီးသွားဇုန် အကောင်အထည် ဖော်မည်

မာန်အောင်ကျွန်းတွင် ကမ္ဘာလှည့် ခရီးသွားဇုန် အကောင်အထည် ဖော်မည်

AGD ဘဏ်ကို အများပိုင်အဖြစ် ပြောင်းလဲရန် ပြင်ဆင်နေ

AGD ဘဏ်ကို အများပိုင်အဖြစ် ပြောင်းလဲရန် ပြင်ဆင်နေ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate