သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မေလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးလာရောက်မည် ဖြစ်သည်။ ဂျပန်စီးပွားရေးကုမ္ပဏီများ၏ ကိုယ်စားလှယ် ၃၀ ပါဝင်မည်ဖြစ်ပြီး မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေကြမည်ဟု ဂျပန်ကလာသော သတင်းများက ဆိုသည်။ ဂျပန်ဝန်ကြီးချုပ်၏ မြန်မာပြည် ခရီးစဉ်သည် နှစ်ပေါင်း ၃၆ နှစ်အတွင်း အရှေ့တောင်အာရှ နိုင်ငံ တခုသို့ ဂျပန်အကြီးအကဲ အနေနှင့် ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်သည်။ ၁၉၇၇ ခုနှစ် ယခင် ဂျပန်ဝန်ကြီးချုပ် တကိအို ဖုကုဒ ၏ ခရီးစဉ်သည် နောက်ဆုံးဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။