သေဆုံးသွားသည့် အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး ၏မိသားစုအား ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ငွေကျပ် ၃ သိန်း ပေးလှူသည့်အခမ်အနားကို ယနေ့ တော်ဝင်နှင်းဆီ၊ ငြိမ်းချမ်းရေးခန်းမ တွင်ပြုလုပ်ခဲ့သည်။ ယင်းထောက်ပံ့ငွေပေးအပ်ပွဲတွင် အလွတ်သတင်းထောက်ကိုအောင်ကျော်နိုင်(ခ)ကို ပါကြီးအပါအဝင် လက်ရှိ နိုင်ငံရေးအကျဉ်းသား (၆)ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်း (၂၀) ဦးအတွက် စုစုပေါင်း (၅၇)သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။