
ထိုင်းနိုင်ငံထဲ လက်နက်ခိုးသွင်းဖို့ကြိုးစားတဲ့ ထိုင်းကျောင်းသား ၅ ဦးကို ပါကစ္စတန်နိုင်ငံမှာ ဖမ်းဆီးမိရာ သူတို့အထဲက ၂ဦးဟာ ISISအဖွဲ့နဲ့ ဆက်သွယ်ရှိတယ်လို့ ထိုင်းထောက်လှမ်းရေးက သံသယရှိကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ ကျောင်းသားတွေဟာ ပစ္စတိုတလက်နဲ့ ကျည်ဆန်တွေကို လေကြောင်းနဲ့ ထိုင်းနိုင်ငံထဲ ခိုးသွင်းဖို့ လုပ်နေစဉ် ဖမ်းဆီးမိရမိခဲ့ခြင်းဖြစ်ပြီး၊ မနေ့ကတော့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက သူတို့မိသားစုတွေကို စစ်နေတယ်လို့ သိရပါတယ်၊ ထိုင်းအစိုးရရဲ့ လက်ထောက်ပြောခွင့်ရသူကတော့ ကျောင်းသားတွေဟာ ထိုင်းတောင်ပိုင်း လက်နက်ကိုင်တွေနဲ့ရော ISIS အဖွဲ့နဲ့ပါ အဆက်အသွယ်မရှိဘူးလို့ ငြင်းပါတယ်။