ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးသာသည် ကြံခိုင်ရေးပါတီမှ နှုတ်ထွက်သွားပြီဖြစ်ကြောင်း ခိုင်လုံသည့် သတင်းများအရသိရသည်၊ သူနှုတ်ထွက်သွားသည့်အကြောင်းမှာ ကြံခိုင်ရေးပါတီအတွင်း ပဋိပက္ခ အကွဲအပြဲများကြောင့်ဖြစ်ကြောင်း နီးစပ်သူများကဆိုသည်။ ဦးစိုးသာသည် စစ်အစိုးရလက်ထက် ဆက်သွယ်ရေး ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသလို၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနကိုလည်း ကိုင်တွယ်ခဲသူဖြစ်သည်။ ဦးစိုးသာသည် ငြိမ်းချမ်းရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ယောက်ဖတော်စပ်သူဖြစ်လည်းသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။