• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်းနီ ပါတီနှင့် လီဆူ ပါတီတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းမှု KPCC ကန့်ကွက်

by နန်းလွင်နှင်းပွင့်
8 September 2016
in သတင်း
A A
ရှမ်းနီ ပါတီနှင့် လီဆူ ပါတီတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေရရှိရေး ၂၁ ရာစု ပင်လုံညီလာခံတွင် စာတမ်းတင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်  / ဂျေပိုင်  / ဧရာဝတီ

ရှမ်းနီ ပါတီနှင့် လီဆူ ပါတီတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေရရှိရေး ၂၁ ရာစု ပင်လုံညီလာခံတွင် စာတမ်းတင် တောင်းဆိုခဲ့ခြင်း ဖြစ်သည် / ဂျေပိုင် / ဧရာဝတီ

2.8k
VIEWS
Share on FacebookShare on Twitter

၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းလိုင် ရှမ်းနီ ပါတီနှင့် လီဆူ ပါတီတို့က ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်တချို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းအပေါ် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

၂၁ ရာစုပင်လုံညီလာခံသည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ရပ်စဲရေးကို ကနဦး ဦးစားပေးရမည် ဖြစ်သဖြင့် ညီလာခံအတွင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) တို့က ကချင်ပြည်နယ်အတွင်း နယ်မြေ တောင်းဆိုမှုများအပေါ် လုံးဝကန့်ကွက်သည်ဟု KPCC ၏ စက်တင်ဘာလ ၇ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

RelatedPosts

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
23
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
180
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
1.1k

KPCC သည် ကချင် ဒီမိုကရက်တစ်ပါတီ (KDP)၊ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNUDP) နှင့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) တို့က ကချင်အမျိုးသား အရေးတို့တွင် ပူးပေါင်းဆွေးနွေးတိုင်ပင် လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းထားသည့် ကော်မတီ ဖြစ်သည် ။

KPCC မှ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဂျော်ဆန်းနော်က “အခုချိန်က ပင်လုံကတိကဝတ်တွေ ဘာမှ မယ်မယ်ရရ မရှိသေးဘူး။ ဆက်ပြီး အားလုံးက ဝိုင်းတွန်းရမယ့် အနေအထားမျိုးမှာ ဒါမျိုးက မလုပ်သင့်မလုပ်ထိုက်သေးဘူး။ မပြောသင့်သေးဘူး။ သူတို့ လုပ်တဲ့အပေါ်မှာလည်း ကျနော်တို့ မထောက်ခံဘူး” ဟု ဧရာဝတီကို ပြောသည်။

ဦးဂျော်ဆန်းနော်က လက်ရှိအချိန်မှာ ကချင်ပြည်နယ်ကို စစ်မှန်သည့် ဖက်ဒရယ်ပြည်နယ် လွှတ်တော်၊ ဖက်ဒရယ် ပြည်နယ် အစိုးရဖြစ်စေရန် ကချင်အမျိုးသားများအားလုံး စုပေါင်းပြီး ကြိုးစားရမည့် အချိန်ဖြစ်သဖြင့် ယခုကဲ့သို့ နယ်မြေခွဲဝေ တောင်းဆိုသည်မှာ မလုပ်သင့်သေးကြောင်း၊ ဒေသခံများနှင့် ဆွေးနွေးပြီး သဘောဆန္ဒများ ကောက်ယူရန် လိုအပ်သေးကြောင်းလည်း ပြောသည်။

“အခုလို လုပ်လိုက်ခြင်းအားဖြင့် ကျနော်တို့ မလိုလားအပ်တဲ့ ပဋိပက္ခမျိုးတွေ၊ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ၊ မလိုလားအပ်တဲ့ ခက်ခဲမှုတွေ၊ ကိစ္စရပ်တွေ ဖြစ်လာနိုင်ပါတယ်” ဟုလည်း ဦးဂျော်ဆန်းနော်က ဆိုသည်။
သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၁ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ၎င်းတို့ လီဆူ မျိုးနွယ်စုများကို ကချင်ပြည်နယ်အတွင်းရှိ မချမ်းဘောမြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ခေါန်လန်ဖူး မြို့နယ်နှင့် ပူတာအိုမြို့နယ်တို့ကို လီဆူ အမျိုးသားများအတွက် အထူးဒေသ သတ်မှတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် ပြဌာန်းပေးရန် အစိုးရကို စာတမ်းဖတ်ပြီး တောင်းဆိုခဲ့သည်။

ထို့အပြင် လီဆူ မျိုးနွယ်စုများမှာ အစိုးရ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန (လဝက) မှ ကောက် ယူထားသည့် စာရင်းများ၊ အစိုးရ၏ တရားဝင် ထုတ်ပြန်ထားသည့် မျိုးနွယ်စု အမည်စာရင်းများတွင် လီရှော ဟူ၍ မှားယွင်း ဖော်ပြထားကြောင်း၊ လီဆူ မျိုးနွယ်စုများ မှတ်ပုံတင် ပြုလုပ်ရာတွင် အခက်အခဲများစွာ ရှိနေကြောင်း၊ အများစုမှာ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ မရှိသဖြင့် အစိုးရက ကူညီပေးစေလိုကြောင်းလည်း တင်ပြခဲ့သည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကလည်း ပင်လုံစာချုပ် ချုပ်ဆိုချိန်၊ ဖွဲ့စည်းပုံရေးဆွဲရာတွင် ရှမ်းနီလူမျိုးတို့က ကချင်ပြည်နယ်အတွင်းသို့ ၎င်းတို့ နေထိုင်သည့် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်နှင့် ကသာခရိုင်တို့ကို ပေးခဲ့ရကြောင်း၊ ထိုအချိန်က ကန့်ကွက်ခဲ့သည့် ရှမ်းနီအမတ်များကို ဖဆပလက ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံကို အသစ်ပြန်လည် ရေးဆွဲပြီး ပြည်နယ်သစ်များ ပေါ်ပေါက်ရေး ဥပဒေ ပြဌာန်းပေးစေလိုကြောင်း ညီလာခံတွင် ပြောဆိုထားသည်။

ထို့အပြင် ဦးစိုင်းဌေးအောင်က ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် မြို့နယ်များနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက် နှင့် ကသာမြို့နယ်များကို ရှမ်းနီပြည်နယ် အဖြစ် သတ်မှတ်ပေးရန် အစိုးရအား တင်ပြတောင်းဆိုထားသည်။

KPCC မှ တာဝန်ရှိသူများက ထိုကဲ့သို့ ပြောဆိုရလျှင် သမိုင်းကြောင်းများ၊ အုပ်ချုပ်သူ လူတန်းစား ဒူဝါသမိုင်းများ ပြန်လည်ပြောဆိုရန် ကိစ္စရပ်များ၊ အထောက်အထား အခိုင်အမာ ရှိသဖြင့် ယခုအချိန်မှာ မလိုအပ်သော အငြင်းပွားမှုများ ပြုလုပ်ရန် အချိန်မဟုတ်ကြောင်း၊ ဒီမိုကရေစီကို အမှန်တကယ် သွားနိုင်ရန်သာ အားလုံး စုစည်း လုပ်ဆောင်သင့်ကြောင်း ပြောသည်။

KPCC က ဖက်ဒရယ် ပြည်ထောင်စုကို သွားရန်အတွက် လီဆူပါတီ နှင့် ညှိနှိုင်းမှု ၂ ကြိမ် ပြုလုပ်ဖူးကြောင်း၊ ထိုကဲ့သို့ နယ်မြေခွဲဝေ တောင်းဆိုမည့် အပေါ်တွင် မလုပ်သင့်သေးကြောင်း ပြောဆိုပြီး အားလုံး ညှိနှိုင်းကြရန် ပြောဆိုခဲ့သော်လည်း တိကျသည့် အဖြေမရခဲ့ကြောင်း၊ ထို့ကြောင့် ဆက်လက် ညှိနှိုင်းမှုများ ပြုလုပ်သင့် ကြောင်းလည်း ဦးဂျော်ဆန်းနော်က ပြောသည်။

ရှမ်းနီ ပါတီနှင့်မူ ညှိနှိုင်းမှု တစုံတရာ မရှိဟု သိရသည်။

ကချင်ပြည်နယ်အတွင်း ရှမ်းနီမျိုးနွယ်စုဝင် တချို့မှာ တပ်မတော် လက်အောက်ခံ ရှမ်းနီ ပြည်သူ့စစ်ဖွဲ့ကာ နေထိုင်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်လည်း ပြေလည်မှု မရှိကြောင်း သိရသည်။

ကချင်လူမျိုးများ ဘက်မှလည်း ရှမ်းနီပြည်သူ့စစ် အဖွဲ့ဝင်များက ၎င်းတို့ အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟု မပြေလည်မှုများ ရှိသကဲ့သို့ ရှမ်းနီလူမျိုးတို့ကလည်း KIA က ၎င်းတို့ အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟုလည်း ဦးစိုင်းဌေးအောင်နှင့် ဒေသခံများက ပြောဆိုသည်။

ရှမ်းပြည်နယ် အတွင်းတွင်လည်း ပြည်နယ်ခွဲခြား သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။ ၂၁ ရာစုပင်လုံ -ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၆ လအကြာတွင် ထပ်မံ ကျင်းပသွားမည်ဖြစ်သည်။

Your Thoughts …
Tags: KPCC
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သပိတ်ကျင်းမြို့ရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်တခု /  မြတ်ပြည့်ဖြိုး / ဧရာဝတီ

ရွှေတူးဖော်ရေးလုပ်ငန်းများတွင် “ဆိုင်ယာနိုက်” ဓာတုဆေးရည် တရားဝင် အသုံးပြုခွင့်ပေးရန် တောင်းဆို

၂၀၁၆ တန်ဖိုးနည်းအိမ်ရာဆွေးနွေးပွဲ IBC ၌ ကျင်းပမည်

၂၀၁၆ တန်ဖိုးနည်းအိမ်ရာဆွေးနွေးပွဲ IBC ၌ ကျင်းပမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate